@than.zaw2457: စစ်သင်္ဘောအုပ်စုကို ပူးပေါင်းတပ်များက တောက်လျှောက်တိုက်ခိုက်မှုကြောင့် သင်္ဘော ၃ စီး ထိခိုက်ပျက်စီးသွားပြီးနောက် စစ်သင်္ဘော ၂ စီး ကမ်းကပ်အလံဖြူထောင်၊ စက်တင်ဘာ ၂ ကချင်ပြည်နယ်၊ ရွှေကူမြို့မှ ဗန်းမော်မြို့သို့ စစ်အင်အား၊ လက်နက်ခဲယမ်းနှင့် ရိက္ခာများ ဖြည့်တင်းရန် ဆန်တက်လာသော အကြမ်းဖက်စစ်တပ်၏ စစ်ရေယာဉ်အုပ်စုကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက လမ်းတစ်လျှောက် တောက်လျှောက်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော ၃ စီး ထိခိုက်ပျက်စီးသွားပြီး ကျန်သင်္ဘော ၂ စီးမှာ ကမ်းဘေးသို့ကပ်ကာ အလံဖြူထောင်လိုက်ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၄ နာရီ ၂၀ မိနစ် ခန့်တွင် တပ်မ ၃၃ ဒုတပ်မမှူး ဦးစီးသော အကြမ်းဖက်စစ်တပ်၏ စစ်ရေယာဉ်အုပ်စုသည် ရွှေကူမြို့မှ ဗန်းမော်မြို့သို့ ဦးတည်၍ စတင်ထွက်ခွာလာခြင်းဖြစ်ကြောင်း သိရသည်။ ယင်းစစ်ရေယာဉ်အုပ်စုသည် ဗန်းမော်မြို့တွင် ပိတ်မိနေသော အကြမ်းဖက်စစ်တပ်အတွက် စစ်အင်အား၊ လက်နက်ခဲယမ်းနှင့် ရိက္ခာများ ဖြည့်တင်းရန် ဆန်တက်လာခြင်းဖြစ်ပြီး KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ရွှေကူမှစတင်၍ လမ်းတစ်လျှောက် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။ ရွှေကူမြို့နယ်၊ ဇင်းဘုံကျေးရွာအနီးသို့ ရောက်ရှိချိန်တွင် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ၏ ပြင်းထန်သော တိုက်ခိုက်မှုကို ခံခဲ့ရပြီး စစ်သင်္ဘော ၁ စီးမှာ စစ်သားများနှင့်အတူ နစ်မြှုပ်သွားခဲ့ကြောင်း သိရသည်။ ထို့နောက် စင်းခန်းဒေသအနီးတွင်လည်း စစ်ရေယာဉ်အုပ်စုကို ပူးပေါင်းတပ်ဖွဲ့များက ဆက်လက်တိုက် ခိုက်ခဲ့ရာ နောက်ထပ် စစ်သင်္ဘော ၁ စီး ထိခိုက်ပျက်စီးခဲ့ပြီး အခြားစစ်သင်္ဘော ၁ စီးမှာ မီးလောင်ပျက်စီး ခဲ့ကြောင်း သိရသည်။ တော်လှန်ရေးတပ်များ၏ တိုက်ခိုက်ခံရမှုများအတွင်း စစ်သင်္ဘောပေါ်ပါ စစ်သားအချို့မှာ ရေယာဉ်များပျက်စီးသွားပြီးနောက် ဧရာဝတီမြစ်အတွင်းသို့ ခုန်ချကာ ရေကူး၍ ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြကြောင်း သိရှိရသည်။ KIA+PDF တော်လှန်ရေး ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုများကြောင့် ရှေ့ဆက်မသွားနိုင်တော့သော စစ်သင်္ဘော ၂ စီးမှာ မြစ်ကမ်းဘေးသို့ ကပ်ရပ်ကာ အလံဖြူထောင်လိုက်ကြောင်း သိရသည်။ စစ်သင်္ဘော ၁ စီး မြုပ်သွားပြီ။ ၁ စီးက မီးလောင်နေတယ်။ နောက်ပိုင်းမှာ တိုက်ခိုက်မှုတွေ ဆက်ဖြစ်ပြီး သင်္ဘောတွေ ထိခိုက်ပျက်စီးတာရှိတယ်။ ၂ စီးကတော့ ကမ်းကပ်ပြီး အလံဖြူထောင်ထားတယ်။ ယနေ့ စက်တင်ဘာလ ၂ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်ကလည်း တိုက်ပွဲဖြစ်ပွားနေသည့် မြစ်ကြောင်းတစ်လျှောက် လေကြောင်းမှ တိုက်လေယာဉ်အစီး ၂၀ ကျော်ဖြင့် တောက်လျှောက် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။ အဆိုပါ စစ်ရေယာဉ်အုပ်စုမှာ မန္တလေးဘက်မှ ဆန်တက်လာခြင်းဖြစ်ပြီး ဩဂုတ်လ ၂၇ ရက်နေ့တွင် ရွှေကူမြို့သို့ ရောက်ရှိခဲ့ကာ ရက်အနည်းငယ် ရပ်နားပြီးနောက် ယနေ့ နံနက်ပိုင်းတွင် ဗန်းမော်မြို့ဘက်သို့ ဆက်လက်ဆန်တက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ ဗန်းမော်မြို့သို့ ရောက်ရှိနိုင်ရေးအတွက် စ စ်တပ်က ဧရာဝတီမြစ်ကြောင်းကို အသုံးပြု၍ စစ်အင်အားနှင့် ရိက္ခာများ ပို့ဆောင်ရန် ကြိုးပမ်းနေသော်လည်း KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက မြစ် ကြောင်းတစ်လျှောက် တောက်လျှောက် စောင့်ကြိုတိုက်ခိုက်နေသဖြင့် စစ်ရေယာဉ်အုပ်စုမှာ အထိနာ မှုများနှင့် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း သိရှိရသည်။ မြေပြင်အခြေအနေ ဗွီဒီယို ကို ကြည့်ပါ။
Ko Zaw
Region: MY
Wednesday 02 September 2026 15:07:59 GMT
Music
Download
Comments
အူဝဲ :
လူတစ်စုကောင်းစားဖို့အတွက်အသက်ပေါင်းများစွာစတေးနေကြတာအမြင်မှန်ရသင့်နေကြတာကိုသူတို့ကလဲအမြင်မှန်မရကြဘူး🥺🥺
2026-09-03 00:20:20
8
Ko Aung :
ကလေးတွေကိုဂရုစိုက်ပါ
2026-09-02 16:58:48
9
KO AUNG :
ဒုက္ခရောက်နေတာကတတိုင်းပြည့်လုံးကောင်းစားနေတာကစစ်အုပ်စုထိပ်ပိုင်းလက်တဆုပ်စာအမြတ်ထွက်တာကတရုတ်ပြည်ဒီသံသရာဘယ်တော့များရပ်ပါ့မည်လည်း
2026-09-03 04:18:48
3
linkha :
2026-09-02 17:46:32
1
Love Love :
အောက်ပိုင်း အောက်ထည် ကိုချ မှ ပေါက်ပြီး ရေဝင်မှာ ရေဝင် မှ မြုတ်မှာပေါ့
2026-09-02 16:44:06
8
༺☯မင်းထင်နော်ရထာ☯༻ :
အသေခံ Drone FPV view မှာတုန်းက တွဲသင်ဘောကို တွန်းသင်ဘော ၂စီးနဲ့တွန်းနေတာလေ ပေါက်ကွဲတဲ့ video ပြတော့ တွဲသင်ဘောနဲ့ တွန်းသင်ဘောတစ်စီးကဘယ်ရောက်သွားလဲ
2026-09-02 17:24:01
2
htet aung 12792 :
ကြည့်လို့တော့ကောင်းတယ်။လိမ်တာ ရုပ်တိမရှိဘူးဖြစ်နေတယ်။နောက်တစ်ခါ သေချာ စိစစ်ပြီးမှ လိမ်ကြပါ
2026-09-02 18:14:26
2
⭐⭐Myo Gyi⭐ :
အိမ်မက်
2026-09-02 16:57:59
1
✒️🇲🇲သုတကိုက်ို🇲🇲🖋️ :
ကလေးတွေ မြေဇာပင်ဖြစ်ရတယ်
2026-09-02 17:44:55
1
🇲🇲👿BAKEMONO👿🇰🇷칫저왼 :
အရာမထင်တဲ့အပြင်drone ဖိုးကုန်လိုက်ပါသည်
2026-09-02 17:44:09
1
lahpai naw pa :
yawng hpye sat kau mu
2026-09-02 17:22:58
1
Shan Lay :
🥰
2026-09-02 17:29:52
1
AH BOY :
🥰🥰🥰
2026-09-02 18:02:09
0
U Thi :
2026-09-02 17:29:32
2
Kàŭñg M ÿàt T hŭ Kau :
🥰🥰🥰
2026-09-03 03:43:40
1
數|•minkhant々シ :
❤️❤️❤️
2026-09-02 17:31:01
2
Black :
🥰🥰🥰
2026-09-02 16:40:29
1
Ko Shye :
🥰🥰🥰
2026-09-02 16:45:26
2
Ko Oo :
🥰🥰🥰
2026-09-02 16:42:40
2
Thar gyi :
🥰🥰🥰
2026-09-02 16:46:09
2
Thiha Htun368 :
👍👍👍
2026-09-02 16:20:30
1
Khun than :
🥰🥰🥰
2026-09-02 16:55:29
1
To see more videos from user @than.zaw2457, please go to the Tikwm
homepage.