@mtaworldnewsupdate: 🔴 အာကာသစစ်ပွဲအတွက် ပြင်ဆင်နေတာလား? တရုတ်ရဲ့ လျှို့ဝှက် Shenlong ကို အမေရိကန် စောင့်ကြည့် ၃-၉-၂၆ Reuters နဲ့ LeoLabs ရဲ့ အချက်အလက်တွေအရ တရုတ်ရဲ့ လျှို့ဝှက် Shenlong အာကာသယာဉ်က ပတ်လမ်းအတွင်း ဂြိုဟ်တုငယ်တစ်ခု လွှတ်တင်ပြီး အခြားဂြိုဟ်တုတစ်လုံးအနီး ချဉ်းကပ်၊ ပတ်လည်လှည့်ပြီး ပြန်လည်ရွေ့လျားတဲ့ RPO လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို အာကာသအတွင်း အရာဝတ္ထုတွေကို အနီးကပ် ထိန်းချုပ်ရွေ့လျားနိုင်တဲ့ နည်းပညာဟာ ဂြိုဟ်တု ပြုပြင်ထိန်းသိမ်းရေးလို ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်တွေအတွက် အသုံးပြုနိုင်သလို အနာဂတ်မှာ ရန်သူ့ဂြိုဟ်တုတွေကို ထောက်လှမ်း၊ နှောင့်ယှက် ဒါမှမဟုတ် ဖမ်းဆီးဖို့လည်း အသုံးချနိုင်ပါတယ်။ အမေရိကန်မှာလည်း လျှို့ဝှက်မစ်ရှင်တွေ လုပ်ဆောင်နိုင်တဲ့ X-37B အာကာသယာဉ် ရှိနေပြီး တရုတ်နဲ့ အမေရိကန်ကြား အာကာသစစ်ရေးနည်းပညာ ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာနေပါတယ်။ ဒါပေမယ့် Shenlong ရဲ့ လှုပ်ရှားမှုဟာ စစ်ရေးရည်ရွယ်ချက်ဖြစ်ကြောင်းတော့ အတည်ပြုထားခြင်း မရှိသေးပါဘူး။ #mtanewsupdate #worldnewsupdate🌎

MTA World News Update
MTA World News Update
Open In TikTok:
Region: JP
Wednesday 02 September 2026 23:09:26 GMT
1048
40
1
0

Music

Download

Comments

oopy317
😄 :
😆😆😆
2026-09-03 02:17:51
0
To see more videos from user @mtaworldnewsupdate, please go to the Tikwm homepage.

Other Videos


About