@yemyathein472: ကုဋေတစ်သိန်းအား __________________ ဘုရားရှင်ကို တစ်ခါက မထင်မရှားနတ်သားတစ်ပါးမှ မေးလျှောက်ပါတယ်။ "အရှင်ဘုရား... လောကကြီးက ဘယ်သူ့အလိုကို လိုက်နေရပါသလဲ..?? "မြတ်စွာဘုရားမှ... စိတ်အလိုကို လိုက်နေရတယ်ဟု ဖြေတော်မူပါတယ်။ "ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရား.. လောကကြီးက ဘယ်လိုဖြစ်ပေါ်နေပါသလဲ..?? "မြတ်စွာဘုရားမှ.. စိတ်အလိုအတိုင်း ဖြစ်ပေါ်နေရတယ်ဟု ဖြေတော်မူတယ်။ စိတ်ဟာ အဲဒီလောက် တန်ခိုးကြီးတာနော်။ ဒီစိတ်တန်ခိုးကို မကောင်းမှုတွေမှာပဲ အသုံးချနေကြလို့ အဆိုးသံသရာက မလွတ်နိုင်ကြသေးတာ။ အဏုမြူဗုံးကို ပိတ်ပင်တားဆီးလို့ ရပေမယ့် စိတ်သွားနေတာကို မတားဆီးနိုင်ကြပဲ ဖြစ်နေကြတာ။ ဒါကြောင့် ကိုယ့်စိတ်ကိုယ်နိုင်ရင် လောကကြီးကို နိုင်ပြီလို့ ဆိုရတာပါ။ စိတ်ကိုနိုင်တာ သတိတစ်လုံးပဲရှိတယ် သတိတစ်လုံးနဲ့ စိတ်ကို စောင့်ကြည့် စောင့်ထိန်းနေတာက တရားအလုပ်ပါပဲ။ သတိနဲ့မစောင့်ကြည့်နိုင်တဲ့စိတ် မထိန်းသိမ်းနိုင်တဲ့စိတ်ဟာ တစ်စက္ကန့်မှာ ကုဋေတစ်သိန်းနဲ့ မကောင်းမှုတွေကို ကျူးလွန်နိုင်တယ်။ တကယ်လို့သာ ဒီစိတ်လေးကို တစ်စက္ကန့်သာ ထိထိမိမိ စောင့်ကြည့် ထိန်းသိမ်းနိုင်မယ်ဆိုရင် သန့်စင်စိတ်ပေါင်း ကုဋေတစ်သိန်း ရနိုင်ပါလိမ့်မယ်။ စိတ်တစ်ချက်မှာ စေတနာတစ်ချက် ပါပြီဖြစ်လို့ ကောင်းမျိုးစေ့ပေါင်း ကုဋေတစ်သိန်း ရပြီလို့မှတ်သားလိုက်ပါ။ မိမိရဲ့ သတိပါတဲ့ ကမ္မဋ္ဌာန်းအလုပ်ကြောင့် သန့်စင်အေးမြ ဖြူစင်နေတဲ့ ဓမ္မဓာတ်တို့ဟာ တစ်ထိုင်တစ်သိ အတွင်းမှာပဲ ကုဋေပေါင်းမြောက်များစွာ ကမ္ဘာသို့ အအေးဓာတ်များ လွှမ်းခြုံပေးနေကြောင်း သဘောပေါက်ပါလေ။ မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး

YE Myat Hein
YE Myat Hein
Open In TikTok:
Region: MM
Thursday 03 September 2026 01:20:30 GMT
455
85
3
1

Music

Download

Comments

sithu.aung7520
Sithu Aung :
🙏🙏🙏
2026-09-03 04:19:27
0
user26741004235
ဦးမင်းလွင် :
🙏🙏🙏
2026-09-03 02:52:22
0
ayetazin962
ayetazin962 :
🙏🙏🙏🙏🙏
2026-09-03 07:02:21
0
To see more videos from user @yemyathein472, please go to the Tikwm homepage.

Other Videos


About