@aunghtunayelashio333: တပ်မတော်၏ အခြားအဆင့် လစာနှုန်းထားများ 🪖 (အခြားအဆင့်ရာထူးတစ်ဆင့်မြင့်တိုင်း ၁၈၀၀၀ ကျပ် တိုး/များ သွားသည်)🪖🪖🪖 တပ်မတော်စတင်သန္ဓေတည်ခြင်း👮♂️👮♂️🍀🍀 ~ ၁၉၄၁ ခုနှစ်တွင် သခင်အောင်ဆန်း ဦးဆောင်သော ရဲဘော်သုံးကျိပ်သည် ဂျပန်နိုင်ငံတွင် စစ်ပညာသင်ယူခဲ့ပြီး၊ ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကို စတင်ဖွဲ့စည်းခဲ့သည်။ ~ ၁၉၄၂ ခုနှစ်တွင် BIA ကို BDA အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး၊ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဖက်ဆစ်ဂျပန်များကို စတင်တော်လှန်ခဲ့သည်။ ~ ထိုနေ့ကို "တော်လှန်ရေးနေ့" (နောက်ပိုင်းတွင် တပ်မတော်နေ့) အဖြစ် သတ်မှတ်ခဲ့သည်။ ~ ကန္ဒီစာချုပ်: ၁၉၄၅ ခုနှစ် စက်တင်ဘာလတွင် ချုပ်ဆိုခဲ့သော ကန္ဒီစာချုပ်အရ တိုင်းရင်းသားတပ်ဖွဲ့များနှင့် ဗမာ့တပ်မတော်ကို ပေါင်းစည်းကာ ခေတ်မီစစ်တပ်အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ~ လွတ်လပ်ရေးရပြီးစနှင့် ပြည်တွင်းသောင်းကျန်းမှုခေတ် (၁၉၄၈ - ၁၉၆၂) လွတ်လပ်ရေးရပြီးနောက်ပိုင်း အမျိုးမျိုးသော ရောင်စုံသောင်းကျန်းသူများနှင့် ပြည်တွင်းစစ်ကို ရင်ဆိုင်ခဲ့ရသည်။ ~ ၁၉၅၀ ပြည့်နှစ်များအတွင်း မြန်မာနိုင်ငံမြောက်ပိုင်းသို့ ကျူးကျော်ဝင်ရောက်လာသော တရုတ်ဖြူ ကူမင်တန် (KMT) များကို "နဂါးနိုင်စစ်ဆင်ရေး"၊ "ဘုရင့်နောင်စစ်ဆင်ရေး" စသည်တို့ဖြင့် အောင်မြင်စွာ တိုက်ထုတ်ခဲ့သည်။ ~ စစ်အုပ်ချုပ်ရေးနှင့် အပြောင်းအလဲများ🍀 ~ ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်၍ တော်လှန်ရေးကောင်စီဖွဲ့စည်းကာ နိုင်ငံတော်အာဏာကို ရယူခဲ့သည်။ ~ ၁၉၈၈ ခုနှစ်တွင် ရှစ်လေးလုံးအရေးတော်ပုံအပြီး တပ်မတော်မှ "တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး" အောက်တွင် န်ိုင်ငံတော်အာဏာကို ထိန်းသိမ်းယူခဲ့သည်။ ~ တပ်မတော်ကို ကြည်း၊ ရေ၊ လေ ဟူ၍ တပ်မတော်သုံးရပ်ဖြင့် ဖွဲ့စည်းထားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ကွပ်ကဲသည်။ ~ အခြားသော လက်ရုံးတပ်ဖွဲ့ များစွာလည်းရှိသေးသည်-🍀🍀👮♂️👮♂️ ~ အမြောက်တပ်၊ ~ စစ်လက်နက်တပ်၊ ~ စစ်မြေပြင်ဆေးတပ်(MC) ~ ထောက်ပံ့ပို့ဆာင်တပ်(ST) ~ ဝန်တင်တပ်၊ ~ လေကြောင်းရန်ကာကွယ်ရေးတပ်၊ ~ စစ်မြေပြင်အင်/ယာတပ်(BE) ~ ဆောက်လုပ်ရေးအင်/ယာတပ်(GE) ~ ဒရုန်းတပ်(UAV) ~ သံချပ်ကာယန္တရားတပ်၊ ~ ဆက်သွယ်ရေးတပ်၊ ~ စစ်ရဲတပ်ဖွဲ့(MP)၊ ~ စစ်ဖက်ရေးရာလုံခြုံရေးတပ်၊ ~ စစ်ယန္တရားတပ်ဖွဲ့(EME) ~ ကွန်မန်ဒိုအထူးတပ်ဖွဲ့များ(ကြည်း၊ရေ၊လေ)။ #AungZaw #fyp #viral #foryou #foryoupage
Drîvêr [Lãshîõ] Offîcîal
Region: MM
Thursday 03 September 2026 06:53:57 GMT
Music
Download
Comments
T4G๛「KoMin」 :
ဗိုလ်ချုပ်မှုးကြီးလစာက၃၃၀၀၀၀၀သိန်းဆိုပြီးတော့ဘာလို့သူတို့ကဘီလီယံနာဖြစ်နေတာလဲးပြည်သူတေဆီကနဲ့နိုင်ငံတော်ဆီကမှမခိုးရင်ဘယ်ကခိုးမလဲးသူခိုးတေ😂😂
2026-09-04 11:57:05
95
Xwar li :
ငါ့အဖေဆိုနိုင်ငံတော်ကပေးတဲ့လစာအကုန်လုံးပြန်လှူတယ်တယ်တစ်ပြားမှမယူဘူးဂိတ်စောင့်ပွးရတဲ့လစာဘဲယူတယ်1လ1ရာဝန်းကျင်တော့အေးဆေးရတယ်
2026-09-04 02:55:39
41
🔱VirGo 31 🔱🇲🇲🌜🌠🌛🕊 :
လစာကအဲလောက်ပဲရတာ အရာရှိတွေအရမ်းချမ်းသာတာပဲ မွေးရာပါပိုက်ဆံရှိတာထင်တယ်😁😁😁
2026-09-03 08:15:19
48
🇲🇲🇰🇭ဗျစ်ချူးဖောက်ချီဝါ🇰🇭 :
အဲ့လောက်လစာနဲ့ တအားချမ်းသာကြတာ ပြည်သူတွေဆီကဘယ်လောက်ခိုးလိုက်မလဲစဥ်းစားသာကြည့်တော့
2026-09-05 04:59:19
33
🔥𝕍𝕖𝕟𝔹𝕖𝕟❄️ :
G-12မအောင်ရင်ရောဝင်လို့ရလား
2026-09-04 12:42:14
1
Nay Gyi🇲🇲 :
ငါ့လစားက ဗိုလ်ချုပ်လစာနဲ့တူတူပဲ😂
2026-09-03 09:19:00
5
Han Htael Sauk ♐ :
တပ်မတော် အုပ်ချုပ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းတောင် ပိုက်ဆံမရှိလို့အမွေတောင်တောင်းခဲ့ရတာ
2026-09-04 09:34:55
3
Lin Aung Htike :
တပ်သားလစာ(၅၀၀၀၀၀)ပေးလိုက်ပါ
ပေါ်တာဆွဲစရာမလိုဘူး
2026-09-04 12:44:08
8
Ko Kyaw Soe :
ဒီလစာနဲဘယ်လိုမိသားစုစားလိုရမလည်းအရမ်းနည်းလွန်းတယ်အခြေခံလစာ500000လောက်ပေးသင့်တယ်အသက်ပေးပြီးတာဝန်ထမ်းဆောင်ရတာ
2026-09-03 19:06:28
8
Baby's story :
အဲ့လောက်နည်းနေတာ အကျင့်ပျက်တာလဲမပြောနဲ့ ဘွဲ့ရပညာတတ်ဖြစ်မှ ၀န်ထမ်းလုပ်လို့ရတာကို ထိုက်သင့်တာလောက်တော့ပေးသင့်တယ် အပြင်စားပွဲထိုးလစာတောင်သူ့ထပ်များတယ်
2026-09-04 14:07:33
7
Aung Aung Oo :
မဖစ်နိုင်တာအုပ်ကြီးတောင်ကားဝယ်စီးနိုင်တယ်😂
2026-09-04 13:01:33
7
Siñ Siñ WD :
ဘယ်ခေတ်ကလစာတွေလဲ အဲ့လောက်လေးနဲ့ ဘီလီယံနာတွေဖြစ်တာ မထူးဆန်းဘူးလား
2026-09-07 03:55:31
1
ピェ・ピョー・マウン1.2M :
အုပ်ချူပ်ရေးမူးတောင် EVကားနဲ့ တိုက်နဲ့ခြံနဲ့ဖြစ်နေပီ သူတို့က ဒီလစာလားဗျ
2026-09-05 11:55:54
5
🧊မင်းခန့်🌷 :
ဆရာကြီးတွေတော်တော်များတာပဲနော်။?
2026-09-05 15:28:03
1
ko ko :
တစ်ယောက်ကိုလစာသိန်း20ပေးလိုက်တပ်သားအဆင့်ကိုပြောဒါနော်
2026-09-06 07:17:07
1
Min KoNaing :
အခုက အဲထက်မြင်နေပါပြီ
2026-09-05 14:56:11
1
12/ရုပ်ဆိုး🫡🥴 :
ငါ့တို့တောင်၆သိန်းရတယ်
2026-09-04 16:33:30
1
user5055586361505 :
ခုကာလးးးပ/အရခဗးးလစာကိုတပ်သားသစ်ကိုအခြေခံလစာကိုခစာသတ်မှတ်ပေးရင်တောင်(တော်ပါပီဆားနဲ့ဘဲ)စားတော့မယ်ပြောမှာငါ့တို့303တသသးလစာ(52)ကျပ်ရတာလူပျိုဆိုဘဏ်စုငွေစုရသေးတယ်မိဘကိုလဲပြန်ပေးနိုင်တယ်စစ်သက်2/3မိန်းမယူလက်ထပ်ခွင့်ဘဏ်စာအုပ်ထဲ200ကျပ်ရှိရမယ်တဲ့ခုများတော့ပုံပြင်ပေါ့သူငယ်ချင်းလက်ထပ်ခွင့်ကြရင်တစ်လစာလက်ဖွဲ့တယ်
2026-09-06 07:09:49
1
yiiiiiii😄😄😁😁😁😁😆 :
တပ်ကြပ်ကြီးစာရေးပါဘူးနော်
2026-09-04 08:30:22
1
𝐩𝐲𝐚𝐞 𝐩𝐡𝐲𝐨 𝐤𝐲𝐚𝐰 :
သိန်း100ကျော်လောက်ရပါတယ်ဗျပြည်သူတွေဆီကခိုးတာရောပေါင်းရင်ပေါ့
2026-09-04 05:20:04
3
KeCO :
ဗိုလ်ချုပ်မှုးကြီးကြ၃၃၀၀၀၀၀တဲ့ တပ်သားကြ၁၅၀၀၀၀တဲ့👀
2026-09-03 18:14:28
4
အက်စစ်(စ်) :
ယခုလစာလား😂😂
2026-09-04 08:11:00
2
paing soe oo + ei mhone tar :
အခြားဆင့်လစာကျတော့နည်းနည်းလေးနဲ စစ်သားခြင်အတူတူ နိုင်ငံတာဝန်ထမ်းဆောင်ကျဘဲ စစ်တပ်ထဲကျမှာ အခြားဆင့်က ကျွန်သာသာ လုပ်နေရတယ်
2026-09-05 10:12:17
4
နတ်ဆိုး :
ရတဲ့လစာနဲ့ အသက်သွေးချွေးပေးဆပ်နေရတာက ဘယ်လိုမှမတန်လိာက်တာ
2026-09-05 07:57:54
2
tin aung soe :
အခုတကက 512000ရပါတယ်ဖျာ
2026-09-04 08:43:41
1
To see more videos from user @aunghtunayelashio333, please go to the Tikwm
homepage.