@yaun894: အသက်က ၄၀ နားကပ်လာခဲ့ပြီ ဘဝခရီးလမ်းကို လျောက်ရင်း ဲကြိုးစားရုန်းကန်ခဲ့တယ် ရိုးသားစွာနေခဲ့တယ် ဒါပေမယ့် အခြေအနေတွေဟာ သူလိုကိုယ်လိုပါဘဲ.. မပြည့်စုံတဲ့ ဘဝမဟုတ်သလို ကိုယ်ချစ်ရတဲ့သူတွေ ကိုယ့်အပေါ်မျှော်လင့်နေတဲ့သူတွေကို အထောက်အပံ့ကောင်းပေးနိုင်တဲ့သူလည်း မဟုတ်ခဲ့ဲပြန်ဘူး.. ကြိုးစားမှုက မလုံလောက်လို့လား ကံတရားကြောင့်လား ဒါမှမဟုတ် အခြေအနေ အချိန်အခါကောင်း မဟုတ်သေးတဲ့အတွက်ကြောင့်လား မဝေခွဲတတ်ပေမယ့် သေချာတာကတော့ အိမ်ထောင်ဉီးစီးကောင်းတစ်ယောက် မဟုတ်သလို သားသမီးကောင်း တစ်ယောက်လည်း ဟုတ်မနေပြန်ဘူး.... ဘယ်သူ့ကိုမှ ဒုက္ခပေးနေတာမျိုးမဟုတ်ပေမယ့် အထောက်အပံ့နဲ့ ယုံကြည်ကိုးစားမှုကိုလည်း မပေးစွမ်းနိုင်ခဲ့ပြန်ဘူး.. ကြိုးစားနေပါတယ်လို့ ပြောပြချင်နေပေမယ့် ပြစရာ အဖြေမရှိတဲ့အတွက် အကြိမ်ကြိမ် နှုတ်ဆိတ်နေမိခဲ့ပါတယ်.. နောင်တတွေ ရချင်ပေမယ့် ကိုယ့်လုပ်ရပ်တွေဟာလည်း မှားယွင်းနေတယ်လို့ မယူဆနိုင်တဲ့အတွက် ဘယ်အရာကို နောင်တ ရရမယ်မှန်းလည်း မသိခဲ့ပြန်ဘူး.. မှန်ကန်စွာ ကြိုးစားရုန်းကန်နေပေမယ့် သူ့လိုလိုဘဲ လမ်းပျောက်နေခဲ့ပါတယ်.. အချိန်အနေ အချိန်အခါကောင်းတွေ ရောက်ရှိလာမယ်လို့ ယုံကြည်လျက်ပါဘဲ.. #ဇာန်ရဲ #viral #fypppppp
Dream path
Region: MM
Thursday 03 September 2026 08:26:48 GMT
Music
Download
Comments
RIVER SIDE fishing :
သူများတွေ အနားယူချိန်မှာတောင် မနားပဲ ရုန်းကန်နေတာတောင် လမ်းပျောက်နေတုန်းပဲ bro
2026-10-17 02:36:33
18
Super :
အရမ်းလဲကြိုးစားခဲတယ် နေ့အပြင် ညပေါင်းများစွာပါ အားထည့်ပြီးတော့ပေါ့ ကြိုးစားခဲ့သလို ထိုက်သင့်သလောက်အောင်မြင်ခဲ့တယ် အသက်40 နားရောက်ခံနီးမှ တဘဝလုံးစာ ကျန်းမာရေးကော သစ္စာတရားကော ဆုံးရှုံးခဲ့ရတယ် ကျန်းမာရေးကြောင့် ပျက်စီးသွားတဲ့အရာတွေကို ပြန်တည်ဆောက်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူးဗျာ ကြိုးစားပေမယ့် ရှုံးခဲ့တယ်
2026-10-17 11:16:44
11
#ZH ဒီဂျစ်တယ် ကတ္တား # :
တိုက်ရိုက်ကြီး မှန်နေပါလား ငါတစ်ယောက်ထဲဖြစ်နေတယ်ထင်တာ
2026-10-18 03:27:36
5
kyaw :
စိုက်ပျိုးရေးသမားတစ်ယောက်ပါ လယ်မစိုက်ရတာလဲ2နစ်ရှိပြီ ခုရေ ရလိုက်စိုက်ပြန်တော့လဲအရှူံးကပြနေပြီရာသီဥတုကြောင့်ဘယ်ဟာစိုက်စိုက်အဆင်မပြေ အမျိုးသမီးကလဲရှူံးပါများတော့မကြည်ဖြူတော့ဘူး အသက်အရွယ်နဲ့သူများနိုင်ငံသွားရအောင်လဲအဆင်မပြေတော့ ဘာလုပ်လို့လုပ်စားရမှာလဲမသိတော့ဘူး လမ်ပြောက်နေပြီ
2026-10-17 05:02:50
7
AkOo :
လာမဲ့ သီတင်းကျွတ်လပြည့်ဆို 40ပြည့်ပီ လိုင်းပေါ်မှာ မိုတီဆရာကြီးတွေပြောနေကြတဲ့ အသက်30မှ ဘာမပိုင်ရင် ဆိုတာတွေကြားရင် ငါက ရယ်ချင်တာ ငါ လေးဆယ်ပြည့်ပီ ဘာမှ မပိုင်သေးဘူး နားလည်း မနေရပါဘူး 😂
2026-10-17 16:27:29
6
Hein Soe Oo :
အားလုံးဟာထပ်တူညီနေပါလား copyယူပါရစေ
ထပ်ဖြည့်ရရင် အတိတ်ကကုသိုလ်ကံအားနည်းခဲ့လို့ပဲလား ပိုက်ဆံဆိုတာသက်သက်သာသာနဲ့မရခဲ့ဘူး သွေးနဲ့ချွေးနဲ့ပေးဆပ်မှ စားဖို့လောက်ပဲရတယ်
2026-10-17 14:42:20
5
phyowaihtet793 :
အမှန်ပဲဗျာ
2026-10-17 03:06:42
4
Chit San Maung :
အမှတ်ပြည့်
2026-10-17 04:55:41
3
Ko Bo Gyi :
ကြိုက်လို့ပြန်တင်ပါရစေ
2026-10-17 14:10:54
2
GANSTER GUY :
1991ခု မွေးနှစ်ပါဗျာ
ခုထိလမ်းပျောက်တုန်း
2026-10-18 08:06:39
1
Tunkoko :
47ရောက်တာတောင် အလုပ်လုပ်ရင်းလမ်းပျောက်နေတယ်
2026-10-18 10:11:42
2
#အောင်မြေအကျိုးဆောင် :
တူလိုက်တာကျနော်နဲ့
2026-10-17 11:15:17
2
Min Khuu Tha :
မသိရင်ကိုယ့်အကြောင်းရေထားသလားအောင့်မေ့ရပါတယ်ဗျာ
2026-10-17 17:29:44
1
Mg Naing :
သိပ်မှန်တယ်Broဘဝကတိုတောင်လိုက်တာ
2026-10-17 13:04:24
1
Aung Soe Win :
အောင်မြင်မှာပါ
2026-10-17 13:12:26
2
Ko Win :
အတူတူပါပဲဗျာ
2026-10-17 12:34:32
1
Tun Tha :
ကိုယ့်အခြေအနေမှန်ကို အားမနာတမ်းသုံးသပ်၊ပြုပြင်၊တည်ဆောက်၊အနားယူပေါ့ဗျာ။
2026-10-18 08:17:18
1
Thi Ha :
ကွက်တိဖြစ်နေတယ်
2026-10-17 15:11:40
2
Ko Yar Zar tun :
ငါ့ကိုများ ပြောနေသလားထင်ရတယ်
2026-10-17 12:53:58
2
Zawekoko ayeyarwadykoko :
တကယ်ကိုယ်လမ်းပျောက်နေတာပါ😁😁😁😁😁😁😁😁😁 လမ်းကအစပဲပေါ်သေးတယ်
2026-09-03 10:51:36
4
panti4289 :
“The situation on the ground is even worse than what’s being described in the statements, bro.”
2026-10-17 15:49:40
1
Kyaw Thu htet :
ညီအကိုများ အားမလျော့ကျပါနဲ့ အရင်လိုပဲ ဆက်လက်ကြိုးစားကျပါ 😁😎
2026-10-18 01:50:41
1
AUNG AUNG :
ဟုတ်ပါ့ဗျာ😁
2026-10-17 12:39:00
1
kyawsoeoo :
ကျနော်ကိုပဲ မြင်ပြီးပြေားနေသလာဗျာ😌
အသက်ရော ဖြစ်နေတာတွေရော မညာခဲ့ပါဘူ
2026-09-03 10:37:39
4
ရွှေသွား :
အငိုနဲ့စအငိုနဲ့ဆုံးရတဲ့
လူဘဝကကျန်းမာရေးကောင်းပြီး
လောကငရဲနဲ့ကင်းဝေးရင်တော်ပါပြီ
လာတုန်းကလည်းတစ်ယောက်ထဲ
ပြန်သွားရင်လည်းအဖော်မပါတစ်ယောက်ထဲပြန်ရမှာပါ
လောဘတွေချော့ပြီးသောက
အေးအေးနဲ့ငြိမ်းချမ်စွာထွက်ခွာဘို့ပဲမျှော်လင့်ပါတယ်
2026-09-03 13:22:42
4
To see more videos from user @yaun894, please go to the Tikwm
homepage.