@thinlay19962: မြန်မာဘက်မှာ အေးဂျင့်ရုံးရှိလား၊ မြန်မာမှာ ရုံးမရှိတော့ ဘယ်လိုတာဝန်ယူပေးမှာလဲဆိုပြီး မေးနေကြတဲ့သူတွေအတွက် ပြောပြချင်ပါတယ်ရှင့်။ မြန်မာဘက်မှာ အေးဂျင့်ရုံးရှိနေရုံနဲ့ အလုပ်သွားတဲ့သူတိုင်း အဆင်ပြေပြီး အေးဂျင့်က အကုန်တာဝန်ယူပေးတယ်ဆိုတာ ဟုတ်ပါသလားရှင့်။ အများစုကလည်း မြန်မာက အေးဂျင့်ရုံးတွေကနေတစ်ဆင့် ပြည်ပကို ၆လဖြတ်၊ ၇လဖြတ် စသဖြင့် သွားကြတာပါပဲ။ ဒါပေမယ့် အလုပ်ရောက်ပြီး အဆင်မပြေလို့ မလုပ်နိုင်တော့ဘူး၊ အလုပ်အခက်အခဲရှိတယ်ဆိုပြီး အေးဂျင့်ကို ပြောတဲ့အခါ တကယ်ရော ဘယ်လောက်အထိ တာဝန်ယူပေးကြလဲရှင့်။ ကိုယ်တိုင်အဆင်မပြေလို့ ပြောပြတာတောင် အဆူခံရတဲ့သူတွေ မရှိဘူးလား။ အိုမန်၊ ဒူဘိုင်း၊ စလုံး စတဲ့နိုင်ငံတွေကိုလည်း အများစုက အေးဂျင့်ရုံးတွေကနေတစ်ဆင့်ပဲ သွားကြတာပါ။ ဒါဆို အလုပ်မအဆင်ပြေတဲ့အခါ အားလုံးကို အေးဂျင့်က ပြန်လာပြီး တာဝန်ယူပေးကြတာလား။ ဒါမှမဟုတ် ကိုယ့်အားကိုယ်ကိုးပြီး အလုပ်ဆက်လုပ်၊ ညဘက်ငိုပြီး မနက်ပြန်ထပြီး အလုပ်လုပ်နေရတဲ့သူတွေပဲ များနေတာလား။ ကျမကိုယ်တိုင်လည်း စလုံးသွားဖူးပါတယ်။ ၆လဖြတ်နဲ့ သွားခဲ့တာပါ။ ၁၀လပြည့်ခါနီးမှာ ဗိုက်အောင့်လို့ အလုပ်ရှင်ကိုပြောပြီး ဆေးခန်းတစ်ကြိမ်ပဲ ပြခဲ့ပါတယ်။ နောက်တစ်ရက်မှာပဲ ကျမကို ပြန်ပို့ခံလိုက်ရပါတယ်။ အဲဒီအချိန်မှာ ကျမလည်း မေးချင်တာက — အေးဂျင့်ရဲ့ တာဝန်ယူမှုက ဘယ်မှာလဲရှင့်။ ၆လဖြတ်ပြီးရင် “ရော့…သွား၊ ငါ့လက်က လွှတ်ပြီ” ဆိုတဲ့ပုံစံနဲ့ တာဝန်မယူတော့တာမျိုးလည်း အများကြီးရှိပါတယ်။အေးဂျင့်တိုင်းကိုမဆိုလိုပါဘူးရှင်🥰 အခု ကျမကတော့ ၂လဖြတ်နဲ့ပဲ ခေါ်ပေးနေတာပါရှင့်။ ဒီဘက်မှာ ကျမကိုယ်တိုင်ရှိနေပြီး ရှင်တို့ အလုပ်လာလုပ်တဲ့အခါ အဆင်မပြေတာရှိရင်လည်း ဆက်သွယ်ပြီး တတ်နိုင်သလောက် ကူညီပေးနိုင်အောင် လုပ်ပေးပါ့မယ်ရှင့်။ ဒါကိုတောင် “မြန်မာမှာ အေးဂျင့်ရုံးမရှိဘူး၊ တစ်ခုခုဖြစ်ရင် ဘယ်လိုတာဝန်ယူမှာလဲ” ဆိုပြီး ပြောနေကြပါတယ်။ ဒါဆို ကျမလည်း တစ်ခုပဲ ပြန်မေးချင်ပါတယ်ရှင့် — ကျမက ၂လဖြတ်နဲ့ ခေါ်ပေးနေတာကိုတောင် ၆လ၊ ၇လဖြတ်ပေးတဲ့ အေးဂျင့်ကို ပိုက်ဆံပေးပြီး သွားချင်ကြတာလားရှင့်။ မြန်မာမှာ ရုံးရှိတာကိုပဲ အဓိကထားပြီး ၆လ၊ ၇လဖြတ်နဲ့ သွားချင်တယ်ဆိုရင်လည်း ကျမကို လာဆက်သွယ်ထားတဲ့ အေးဂျင့်တွေရှိပါတယ်။ ရှင်တို့က အဲလိုလဖြတ်ရှည်ရှည်နဲ့ပဲ သွားချင်တယ်ဆိုရင် ကျမကလည်း အဲဒီအေးဂျင့်တွေနဲ့ ချိတ်ဆက်ပေးပြီး ပို့ပေးလို့ရပါတယ်။ ကျမကတော့ ရှင်တို့ကို ၂လဖြတ်နဲ့ပဲ ခေါ်ပေးနေတာပါ။ လဖြတ်တိုတိုနဲ့ လာပြီး အဆင်မပြေတဲ့အခါ တစ်ယောက်တည်း ကိုယ့်အားကိုယ်ကိုးပြီး ခံနေရတာမျိုး မဖြစ်စေချင်လို့ ဒီဘက်မှာ ရှိတဲ့အေးဂျင့်တွေနဲ့ တတ်နိုင်သလောက် တာဝန်ယူကူညီပေးသွားမှာပါ။ ဒါကြောင့် “မြန်မာမှာ ရုံးမရှိဘူး” ဆိုတာတစ်ခုတည်းကိုပဲ ကြည့်ပြီး စိုးရိမ်မနေကြဘဲ တကယ်အရေးကြီးတာက ကိုယ်သွားမယ့်နေရာမှာ အဆင်မပြေတဲ့အခါ ဘယ်သူက တကယ်တာဝန်ယူပေးမှာလဲဆိုတာ ကိုပါ စဉ်းစားပြီး ဆုံးဖြတ်ကြပါရှင့်။ ကျမကတော့ ၂လဖြတ်နဲ့ ခေါ်ပေးနေတဲ့အပြင် ဒီဘက်မှာလည်း ကိုယ်တိုင်ရှိပြီး တာဝန်ယူပေးမဲ့ သူတွေလဲရှိလို့ကူညီပီး ခေါ်ပေးနေတာပါရှင့်။ အေးဂျင့်တိုင်း တာဝန်မယူပေးဘူးလို့ မဆိုလိုပါဘူးရှင်။

thinlay🌺
thinlay🌺
Open In TikTok:
Region: MN
Thursday 03 September 2026 13:09:51 GMT
17236
966
77
42

Music

Download

Comments

thinlay19962
thinlay🌺 :
ပြောချင်တာက ရုံးမရှိဘူးလားနဲ့ လာလာမန့်တဲ့သူတွေအတွက် ပြောပြပေးတာပါရှင့်🥰
2026-09-03 14:22:14
8
jaiwin33
Sãï Wìn :
ထိုင်းကနေဆိုရော့ ခေါ်လား ဘာအလုပ်တွေရနိင်လဲ
2026-09-06 05:13:42
1
tz94277
tz :
ကားမောင်းအလုပ်နဲ့လာမလို့ပါဗျအခြေအနေလေးသုံးသတ်ပေးပါလားကျေးဇူးပါ
2026-09-06 06:23:52
0
hay..gyi.66
🤗hay gyi🤗💦 :
နှစ်ပြည့် ရင်joinဖို့ ဆက်သွယ်ဖို့နံပါတ် လေးပို့ထား ပေးပါ နော်🥰
2026-09-06 11:12:55
1
hnin.lay1123
Wai Wai :
tt က စာပိုမရလို့ fb ရှိရင် လင့်လေးပေးပါလား ညီမလေး
2026-09-04 09:12:02
2
sandar.soe.sandar6
Sandar Soe 🇲🇴 :
စာပို့ထားတာလေးကြည့်ပေးပါအုန်းနော်
2026-09-03 14:11:20
1
hnin.pwint36965
hnin pwint :
စက်ရုံအလုပ်နဲ့ခေါ်တာရှိလား
2026-09-04 10:45:45
1
lae.lae.win7036
Lae Lae Win :
အမလာချင်တယ်အခုအိုမန်မှာနစ်ပြည့်တော့မယ်ဘယ်လိုဆက်သွယ်ရမလဲ
2026-09-07 06:15:10
1
khnaung5
Ar Dee :
ထိုင်းကနေရောရလာအမ
2026-09-04 03:05:42
0
hninsu861998
♎ 🩵 𝙃𝙣𝙞𝙣 🎀🌹🧸 :
ဒီနှစ်ကုန်လာခဲ့ မမရေ🥰
2026-09-04 01:10:36
1
user68768898533
user68768898533 :
fbအကောင့်လေးပေးပါရှင့်စိတ်ဝင်စားလို့ပါရှင့်
2026-09-04 13:45:09
1
khin.khin.aung72
ᴋᴇʟʟʏ 💗✨ ᴍᴀɪ 🌸 :
အစ်မစာပို့ထားတယ်
2026-09-04 15:30:46
1
win.htun6037
Win Htun ••• :
ယောကျ်းလေး ဘာအလုပ်ရှိလဲဗျ
2026-09-05 12:50:09
0
user9124412070362
Selena Chaw :
Fbအကောင့်လေးပေးပါလား
2026-09-04 00:27:20
1
bobobobo6463
🪷pĥóø🪷🇮🇳🇴🇲🇲🇾🇵🇸🏳️‍🌈 :
မြန်မာကနေရောခေါ်လား
2026-09-04 13:31:46
0
rosejune287
Hnin♋️ :
Exactly
2026-09-03 13:53:11
1
thatoethinkha
Yoon Shwe Yee :
ထိုင်းကနေဘယ်နလဖြတ်လဲ
2026-09-03 18:52:38
0
tawma5
Tawma :
စလုံးလူဟောင်းလက်ရှိမြန်မာမှာပါရှင့်အသက်39ပတ်စပို့pvပါရှင့်
2026-09-04 05:28:54
0
eaint.kyawt.xmue
Eaint Kyawt Xmue :
သွားချင်ပြန်ပီ 😁
2026-09-03 14:29:21
1
ac91977
Chit Su 🇲🇲🇦🇪 :
မမယေစာလေးပြန်ပေးပါအုံးနော်ဒီလကုန်ဆိုနှစ်ပြည့်ပြီးမို့လို့လာချင်လို့
2026-09-03 14:03:42
1
qiu.bai.han
Qiu Bai Han :
ဘယ်လိုဆက်သွယ်ရမလဲဟင်၊ တရုတ်စကားရတယ်ရှင့်
2026-09-03 15:26:45
1
user180339322396nilar
နီလာ :
လာချင်ပေမယ့်အအေးဒဏ်မခံနိုင်လို့ဆင်ပြေမယ်မထင်ပါဘူးအမရယ်🥰
2026-09-22 03:01:04
0
user6533567208370
user6533567208370. La young :
လာမယ်ကြိုးစားနေဆံ--
2026-09-12 14:45:21
0
nanlay4364
🐖ဝက်မလေး🐖 :
လာချင်တယ်မမထိုင်းမှာ
2026-09-15 10:40:23
0
chocolatemay2233
Sora :
🥰🥰🥰
2026-09-03 13:52:09
1
To see more videos from user @thinlay19962, please go to the Tikwm homepage.

Other Videos


About