@kokay889: စိတ်ချမ်းသာချင်ရင် ကိုယ့်ဘောင်ထဲက ကိုယ်တွေးရတယ် " 🍂..........................🍂.......................🍂 ဘဝမှာ စိတ်ချမ်းသာချင်ရင် ကိုယ်နဲ့ထိုက်သလောက်ပဲရတဲ့အရာတိုင်းပေါ်ကို ကျေနပ် လက်ခံတတ်တဲ့စိတ် ရှိဖို့လိုတယ် ဒီလောက်ပဲရထိုက်လို့ ဒီလောက်ပဲလုပ်ခဲ့လို့ ဒီလောက်ပဲရတာကို ဘာဖြစ်လို့ ဟိုလောက် မရ ရသလဲဆိုပြီး မကျေမချမ်းဖြစ်နေရင်တော့ ဘယ်တော့မှပျော်ရမှာ မဟုတ်ဘူး ဒီလူနဲ့ရေစက်ပါလို့ ဆုံလာခဲ့ရင် ဒီလူနဲ့ပဲပျော်အောင်နေပါ ကိုယ်နဲ့ရေစက်မပါ​တော့လို့ ခွဲသွားရတဲ့သူတွေအတွက် ဘာဖြစ်လို့လည်းဆိုတဲ့ ဖြေရှင်းချက်တွေ လိုက်တောင်းပြီး စိတ်ဆင်းရဲမခံပါနဲ့ ဘယ်အရာဖြစ်ဖြစ် ဒီလောက်ပဲ ရတယ်ဆိုတာက အတိတ်မှာ အကြောင်းတွေကို ကိုယ်က ဒီလောက်ပဲ ပြုခဲ့လို့နေမှာပါ ကံပါလာတဲ့အခါ ကိုယ်လုပ်တာထက် ပိုရတတ်ပြီး ကံမပါတဲ့အခါ ကိုယ်လုပ်သလောက်မရတတ်တာ သဘာဝပါပဲ ရေစက် ပါလာတဲ့အခါ မဆွဲထားလည်း တွဲသွားရမှာဖြစ်ပြီး ရေစက် မပါလာတဲ့အခါ တွဲထားချင်ပေမယ့်လည်း ခွဲသွားကြရတာ သဘာဝပါပဲ အကောင်းနဲ့ကြုံတာဟာလည်း အကောင်းက အကျိုးပေးချိန်တန်လို့ဖြစ်ပြီး အဆိုးနဲ့ ကြုံရတာဟာလည်း အဆိုးက အကျိုးပေးချိန်တန်လို့ပါ အဲ့တော့ ဘဝမှာ ဘာတွေပဲ ဖြစ်လာ ဖြစ်လာ သူတို့လည်း သူတို့အကြောင်းနဲ့ သူတို့ဖြစ်ပြီး ငါလည်း ငါ့အကြောင်းနဲ့ ငါပဲလေလို့ တွေးလိုက်ရင် စိတ်သက်သာရာ ရစေပါတယ် စိတ်ချမ်းသာချင်ရင် ကိုယ့်ရပိုင်ခွင့်ကို သူများရပိုင်ခွင့်နဲ့ မယှဥ်ပါနဲ့ ကိုယ့်ဖြစ်တည်မှု့ကို သူများဖြစ်တည်မှုနဲ့ မတိုင်းပါနဲ့ ကိုယ့်ပုံစံကို သူများပုံစံနဲ့ မနှိုင်းပါနဲ့ ကိုယ့်ဘဝကို သူများဘဝတွေနဲ့ တန်းညှီပြီး မတွေးပါနဲ့ ဘဝမှာ စိတ်ချမ်းသာချင်တယ်ဆိုရင် ကိုယ့်အကန့်နဲ့ ကိုယ်နေတတ်ရတယ် ကိုယ့်ရပိုင်ခွင့်ကို ကိုယ်ကျေနပ်ရတယ် ကိုယ့်ပုံစံကို ကိုယ်လက်ခံရတယ် ကိုယ့်ကံကို ကိုယ်ယုံရတယ် ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရတယ် ပြီးတော့ ကိုယ့်ဘောင်ထဲက ကိုယ်တွေးတတ်ရတယ် ။

✍️Ko Lay
✍️Ko Lay
Open In TikTok:
Region: MM
Friday 04 September 2026 01:41:33 GMT
54847
4613
116
385

Music

Download

Comments

nann10667
ခန့်ညားမေမေ :
အဲစိတ်ထားလေးထားနိုင်အောင် သတိထားပြီးနေတော့မယ်♥️
2026-09-05 17:16:11
5
jasmine.phyu673
ငု၀ါ :
အဓိကကတော့ခံနုိင်ရည်ရှိဖို့ပဲအရေးကြီးပါတယ်
2026-09-05 07:45:30
3
user432067491
Ohn Hlaing :
🥰🥰🥰🥰🥰
2026-10-29 08:29:56
1
phyu.phyu7760
Phyu Phyu :
အာ့စိတ်ထားရဖို့ မနည်းကျင့်ယူရတာလေ အလားကား ရတာမဟုတ်ပနော်
2026-09-05 09:17:52
4
user8472278102247
iceice :
ဖတ်ခွင့်ရလို့ကျေးဇူးတင်ပါတယ်ရှင့်🙏
2026-09-05 02:31:55
4
may.phone22
May Pyone :
👍👍👍
2026-10-07 01:42:42
1
kaungsatt7980
Eaindra :
copy ပါရစေ
2026-09-05 02:56:35
2
myatbhone1015
Myat Bhone :
ကျေးဇူးပါ
2026-10-12 22:05:38
1
nan.lin.ohnmar
A Lin :
သိပ်မှန် အဲလိုစိတ်နဲ့ ဖြတ်သန်းနေပါတယ်
2026-09-04 09:24:45
3
ei.ei.phyo0916
Ei ei Phyo :
စာသားလေး ကောင်းလိုက်တာ🥰
2026-09-05 04:43:53
3
ei.cho.myint0
Ei Cho Myint :
2026-09-04 02:15:49
2
mani.rati1111
Mani Rati :
Ok Bro
2026-09-29 07:50:50
1
manirati1111
Mani Rati :
အမှန်ပဲ အစ်ကိုရေ
2026-09-04 03:17:05
2
shanpoat25
shanpoat :
သိပ်ဟုတ်တာပေါ့ 👍👍👍
2026-09-11 16:57:03
1
maayethida718
Thae 718 japan acc :
စာသားလေးကကြိုက်
2026-09-19 01:37:52
2
moemoee182
Moe Moe 182 :
ကျေးဇူးပါ
2026-09-05 14:50:45
2
cancle916
Daw Thandar Win :
ကျေးဇူးပါ
2026-09-05 14:16:52
2
shwezintun702
Shwezintun :
👍👍👍🥰🥰🥰
2026-10-03 14:41:38
1
daw.aye.aye.khain246
Daw Aye Aye Khaing :
စာပေ ကောင်းလေးတွေဖတ်ရလို့ ကျေးဇူးတင်ပါတယ် အားပေးလျှက်ပါရှင့်❤️
2026-09-04 06:12:15
2
palaphyu4
palaephyu :
မှန်ပါတယ်🥰👍👍
2026-09-06 00:12:56
2
gimgisesdkc
🇯🇵🇯🇵G&G movie recap🇯🇵 :
သီချင်းလေးအရမ်းမိုက်😊
2026-10-23 23:12:37
2
maymoe3735
May Moe :
အခုချိန်လိုအပ်နေသောကိုယ့်ကိုဆုံးမနေသောစာလေးပါ
2026-09-04 16:15:10
2
hla.yin31
Hla Yin :
သီချင်းကြိုက်တယ်နားေထာင်လို့ေကာင်းတယ်🥰🥰🥰
2026-09-14 13:18:45
2
w.h.k.shwe.thone.n
W H K (Shwe Thone Nandi) :
ကူးယူခွင့်ပြုပါ🥰🥰🥰
2026-09-11 09:19:24
1
To see more videos from user @kokay889, please go to the Tikwm homepage.

Other Videos


About