@nunuaung2024: Life has a destiny. ခုစကားကို သိပ်သဘောကျတယ်။ အချစ်မှာ ဝဋ်ဆိုတာ ရှိတယ်။ ဆုံနိုင်ချိန်မှာ အဖြူစင်ဆုံး အချစ်စစ်သာပေးပြီး ချစ်ခဲ့မယ်။ မလွဲသာလို့ လမ်းခွဲရရင်လည်း ဆွဲမထားဘူး ....ဒီလိုလူမျိုးက အချစ်ရေးမှာ နောင်တ အကင်းဆုံး ပြောလို့ရတယ်။ တဖြည်းဖြည်းနဲ့ လူတွေက ဖောက်ပြန်ခြင်းကို normalize တစ်ခုလို ကျင့်သုံးလာကြတယ်။ဖောက်ပြန်ခြင်းက ထမင်းစား ရေသောက်လိုပဲ လွယ်လာတယ်။ မင်း တစ်ဖက်သားအပေါ် ဖောက်ပြန်ခဲ့တယ်၊နာကျင်စေခဲ့တယ်ဆိုရင် စိတ်ချပါ.....တစ်နေ့နေ့ တစ်ချိန်ချိန်မှာ မင်းလုပ်ခဲ့တဲ့အတိုင်း တစ်ပုံစံတည်း မင်းကို ပြန်လုပ်မဲ့လူ ပေါ်လာလိမ့်မယ်။ ချက်ချင်း မဟုတ်ဘူးဆိုရင်တောင် ဘဝတစ်ကွေ့ကွေ့မှာ မလွဲမသွေ ကြုံရမှာပါ။ဘာလို့လဲ မေတ္တာဆူး တယ်လို့ ခေါ်တယ်။ဝဋ်လည်တယ်လို့ ခေါ်တယ်။မေတ္တာတရားဆိုတာ စကားမပြောတတ်ပေမဲ့ သိပ်ကို တန်ခိုးကြီးပါတယ်။ မေတ္တာဆူးရင် ဘဝပါ ပျက်နိုင်တယ်။သူတစ်ပါးအချစ်ကို လေးစားပါ။တန်ဖိုးထားပါ။အချစ်ဆိုတာ ပေးချင်တိုင်း ပေးလို့ရတာ မဟုတ်ဘူး။ရချင်တိုင်း ရတာ မဟုတ်ဘူး။ကိုယ့်ဆီ ဆိုက်ဆိုက်မြိုက် ရောက်လာတဲ့အခါ ဒီအချစ်ပေါ် သစ္စာရှိရတယ်။အမြတ်မထုတ်ရဘူး။နာကျင်အောင် မလုပ်ရဘူး။ ကိုယ်က မနှစ်သက်ဘူးဆိုရင် အစထဲက ပြတ်သားစွာ ပြောရမယ်။တစ်ဖက်လူရဲ့အချိန်တွေ၊ နုပျိုမှုတွေကို အလဟဿ မဖြစ်စေဖို့ လိုပါမယ်။ #နူးနူးအောင် #အချစ် #Relationship #fypage #foryoupage
Yours Nu
Region: MM
Friday 04 September 2026 04:15:34 GMT
Music
Download
Comments
Yours Nu :
အဆုံးသတ်ကျ လူတွေဟာ တန်ရာတန်ရာ ရသွားကြပါတယ်📌
2026-09-04 04:23:13
30
swe lay🤍🩷🩵💕💞 :
အဖြူစင်ဆုံးမေတ္တာတွေနဲ့ချစ်ပေးခဲ့ပါတယ်
နောက်ဆုံးချန်ထားခံခဲ့ရတယ်
ဝဋ်မလည်ပါစေနဲ့ပဲဆုးတောင်းပါတယ်
2026-09-05 00:07:37
3
Däw Éi Lay(Makeup 💄) :
မှန်လိုက်တာ 🥺
2026-09-05 07:40:45
1
နေ့ရက်တိုင်းပျော်ရွှင်ပါစေ🩷🩷 :
ဆုံနိုင်ချိန်မှာအ ဖြူစင်ဆုံးအချစ်စစ်နဲ့ချစ်ပေးနေပါတယ်သူမသိလဲနေပါစေတော့😔😔
2026-09-04 05:28:02
1
Thin Thin Khaing :
copy ယူချင်ပါတယ်❤️
2026-09-05 16:29:22
0
❤️Soe Soe❤️🇲🇲🇸🇬 :
စာသားလေးလိုချင်မိ
2026-09-05 10:27:57
1
🌹Nandar (dardar) 🌻 :
စာသားလေးပေးပါလားရှင့်🥰🥰
2026-09-05 12:58:30
0
PANN MYAT MAUNG :
စာသားလေး ပေးပါ
2026-09-05 05:16:52
0
メー二ン :
စာလေးပေးပါလားရှင့်🥰
2026-09-05 03:26:55
0
Yu Yu :
ကိုယ်ခံစားခဲ့ရတာတွေကိုယ်ချင်းစာတတ်အောင်ဝဋ်လည်စေချင်ပါတယ်
2026-09-05 12:06:14
0
Daw Daw😂🥰🥰 :
စာသားလေး copy ယူချင်ပါတယ်
2026-09-05 00:21:21
0
@may thu kyaw🍀🍀(မန်းလေးသူ) :
စာသားလေးလိုချင်လို့ပါရှင့်
2026-09-05 02:08:07
0
💫💥Mon Thant💫✨ :
မှန်လိုက်တာ🥰🥰
2026-09-05 07:11:04
1
🐣Phyo Wai🐣 :
2026-09-05 00:40:12
0
🌻💜 :
စာလေးcopyလေးချပေးလို့ရလားရှင့်
2026-09-04 06:14:23
0
Daw Thin(ဒေါ်သင်း) :
စာသားလေးပေးပါ
2026-09-05 04:18:37
0
🫶Saw Ye Yint Yan 🫶 :
တချို့မိမဆုံးမ ဖမဆုံးမတေက အါ့တာကို
မသိကြဘူးမသိကြဘဲသူတစ်ပါးအသက်
သေတဲ့ထိဖျက်ဆီးသွားကြတယ်
ကျနော့အကိုအရင်းခေါက်ခေါက်က
အသက်21နှစ်နဲ့ အါ့လိုလူနဲ့ဆုံပီး
သေပွဲဝင်ခဲ့ရတယ်💔
2026-09-05 04:27:22
0
🍀 :
💙
2026-09-05 12:33:15
0
👸Ma Nyein.Real Estate Service :
❤️❤️❤️
2026-09-05 15:54:32
0
SuSu :
🥰🥰
2026-09-05 15:13:35
0
To see more videos from user @nunuaung2024, please go to the Tikwm
homepage.