@sttnote: အရဟံ(၃)မျိုးနဲ့ ဝန်ကြီးချုပ်ဖြစ်ခဲ့သူ __________________________ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀, ခန့်က ဆရာကြီးဓမ္မာစရိယဦးဌေးလှိုင် ပြောခဲ့ဖူးတာပါ။ ဘုန်းကြီးဝေမိုး ( ဆရာကြီးနဲ့မိမိ စတင်တွေ့ချိန်က မိမိအသက်၂၇,ခန့်မှာပါ၊ ၄င်းအချိန်ထဲက မိမိကို ဘုန်းကြီးဝေမိုး လို့ပဲ ခေါ်လေ့ရှိပါတယ်) အာစိဏ္ဏကံအနေနဲ့ ဘာတွေအမြဲရွတ်လေ့ရှိသလဲ ? လို့ မေးလာပါတယ် မိမိကလည်း ဓမ္မစကြာကို ရွတ်ပါတယ်လို့ ဖြေလိုက်ပါတယ်။ ထိုအခါ ဆရာကြီးဦးဌေးလှိုင် က "ကောင်းတယ်ဘုရား တရားဦးတရားထူးကို အာစိဏ္ဏကံရွတ်လို့ ထူးခြားဦးမှာ၊ ကိုယ်က ဘုရားသားဆိုတော့ ကိုယ့်အဖဘုရားဂုဏ်တော်လည်း အာစိဏ္ဏကံ ပွားပေးပါဘုရား အကျိုးများပါတယ်" လို့ပြောတယ် ။ ဂုဏ်တော်နဲ့စပ် ဆရာကြီးကိုယ်တွေ့ရှိရင်ပြောပြပါဦးလို့ မေးကြည့်တဲ့အခါ - " နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်းဦးနု က တပည့်တော်ကို ပြောဖူးတယ်ဘုရား၊ ကိုဌေးလှိုင် ဘုရားရှင်ဂုဏ်တော်နဲ့ ဗုဒ္ဓမုခပါဒ်ဒေသနာတော်တွေ ယုံယုံကြည်ကြည်အဓိဌာန်ထားပြီး ရွတ်ဖတ်ကြည့်ဗျ တကယ်ထူးတာ၊ ကျွန်တော်က အရဟံ,၃, မျိုး အနက်အဓိပ္ပါယ်နဲ့ ဓမ္မစကြာကို ဆရာကြီးဦးလင်း ပြောပြလို့ မပြတ်တမ်းရွတ်ခဲ့တာဗျ ၊ အဲဒီ အကျိုးဆက်က ကိုယ်ထက်အဖက်ဖက်က သာလွန်သူတွေကြားထဲမှာ နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်ခဲ့တယ်ဗျ၊ အလွန်ထူးခြားတဲ့ ဆဋ္ဌသင်ဂါယနာတင် သာသနာ့အောင်ပွဲကြီးကို ဦးဆောင်ပူဇော်ခွင့်ရခဲ့တယ်ဗျ နည်းတဲ့ကုသိုလ်လားဗျာ ဒီတစ်ခုတည်းနဲ့တင် လူဖြစ်ကျိုးနပ်ပါပြီဗျာ " လို့ ပြောခဲ့ဘူးတယ်ဘုရား ။ ဒါကြောင့် ဘုန်းကြီးဝေမိုး အနေနဲ့လည်း ဓမ္မစကြာ နဲ့အတူ ဗုဒ္ဓဂုဏ်တော်ကိုလည်း အာစိဏ္ဏကံမပြတ် ထုံပေးပါဦးဘုရား, လို့လျှောက်ထားခဲ့ဖူးပါတယ်။ ဒီအကြောင်းတွေ ဦးသန့်ရဲ့ "ရောင်ပြန်မဂ္ဂဇင်း" မှာ ရေးခဲ့ဖူးပါတယ်။ ဆရာကြီးဦးဌေးလှိုင် ပြောဖူးတာတစ်ခုလည်းရှိပါသေး တယ် - "ကုသိုလ်ဖြစ်ဖွယ် ပုညကြိယာဝတ္ထု၁၀,မျိုးထဲက ဓမ္မဒေသနာကုသိုလ်ထဲမှာ ဟောကြားတဲ့ကုသိုလ်, တင်မက ရေးသားပြုစု, ရွတ်ဖတ်ပူဇော်, တွေလည်း ပါတယ်လို့ဆိုနိုင်တယ်ဘုရား, အများသိစေလိုတဲ့စေတနာအရင်းခံနဲ့ ရေးသးပြုစုတာတွေ, ကိုယ်တိုင်အေးချမ်းချင်လို့ရွတ်ဖတ်ပူဇော်တာတွေကလည်း ကုသိုလ်အကျိုးမနည်းဘူးဘုရား ပုညကြိယာဝတ္ထု၁၀,မျိုးထဲပါတယ် " လို့ပြောဖူးပါတယ် ။ မည်သို့ဆိုစေ ကောင်းမှုတစ်ခုနေ့စဥ်ပြု ဆိုတာ ဘဝကိုအာစိဏ္ဏကံကုသိုလ်တွေနဲ့ဆက်လက်ရှင်သန်ဖို့ သတိပေးတိုက်တွန်းထားတဲ့ အဆိုအမိန့်တစ်ခုလို့ နားလည်ရပါတယ်။ ဘဝကိုကုသိုလ်တွေနဲ့ဆက်မှလည်း ကောင်းကျိုးတွေတက်နိုင်ပါတယ် ။ သက်ရှိလူသားတိုင်း နေ့စဥ်ကောင်းကျိုးလိုအင်ဆန္ဒများ ပြီးပြည့်စုံကြပါစေ -------------------------- ။ ။ ( ဓ မ္မ ဂုဏ် ရည် - ရွှေ ပြည် သာ ) #တရားတော်များ #ဂုဏ်တော်ကိုးပါး #အရဟံ #စာသင်သားမှတ်စု #sttnote @စာသင်သားမှတ်စု @စာသင်သားမှတ်စု @စာသင်သားမှတ်စု @STT Note @Htila Myoeoo Dhamma School
စာသင်သားမှတ်စု
Region: MM
Friday 04 September 2026 06:15:26 GMT
Music
Download
Comments
စာသင်သားမှတ်စု :
ဗုဒ္ဓဓမ္မစာပေတွေ တရားတော်တွေ
ဖတ်ရှုလေ့လာ နာယူပူဇော်
မှတ်သား ကျင့်ကြံခြင်းဖြင့်
ကောင်းကျိုးလိုရာတွေ ပြည့်ဝပါစေ
မင်္ဂလာတွေ ရှိပါစေ🙏
2026-09-04 06:17:37
3
💙ZawHpe💙သစ်ခွချစ်သူ💙 :
🙏🙏🙏
2026-09-04 12:05:38
1
Captain Smith :
🙏🙏🙏
2026-09-04 11:14:45
1
Ngwe yaung hlwan ⭐ :
🙏🙏🙏
2026-09-04 09:22:26
1
ကိုသူ :
🙏🙏🙏🙏🙏🙏🙏🙏🙏
2026-09-04 06:39:30
1
@lily 026483 :
🙏🙏🙏
2026-09-04 06:39:19
1
U Zaw :
🥰🥰🥰
2026-09-04 09:32:56
1
To see more videos from user @sttnote, please go to the Tikwm
homepage.