@thihamyintaung100: #အုတ်ကျင်း_၁၂ / (မျဥ်းစောင်း) 🖤 မှတ်မိကြသေးလား ငါတို့လူငယ် အဖြူအစိမ်းကျောင်းသား ကလေးဘဝတုန်းကလေ ...။ 🎒 အရင်က ညနေဘက်ဆို ခုမြင်နေရတဲ့ “သေးမပေါက်ရ” ဆိုတဲ့ သွပ်ပြားဘေးက ကွက်လပ်လေးက ကျွန်တော်တို့ရဲ့ နားခိုရာ သုခဘုံ။ ...။ 🌄 အဲ့တုန်းက ဝိုင်ခွက်နဲ့တူတဲ့ ရောင်စုံကော်ခွက်အကြီးကြီးတွေနဲ့ ရောင်းတဲ့ အသီးဖျော်ရည်တွေဟာ ကျွန်တော်တို့အတွက်တော့ ဘာနဲ့မှလဲလို့မရတဲ့ တကယ့်နတ်သုဒ္ဒါအစစ် ...။🍹 မီးရထားကြီးလာရင် အစိမ်းရောင်အလံလေးထောင်ပြလေ့ရှိတဲ့ ကွမ်းဂျိုးတွေနဲ့ ဦးလေးကြီးရဲ့အပြုံး ကျွန်တော့်အတွေးတွေထဲ ခုထိ လတ်ဆတ်နေတုန်းပဲ ...။ 🚂 ကျောင်းမှာ မျောက်ရှုံးအောင်ဆော့လို့ ပျက်သွားလို့ ရလာတဲ့ဒဏ်ရာတွေကို စနစ်တကျချုပ်ပေးလေ့ရှိတဲ့ ဆိုင်နားလေးက အဘိုးကိုတောင် ခုတလော လွမ်းဖစ်သေးတယ်...။ 👟 တခါတလေ နေဝင်လို့ မှောင်လာတာတောင် အိမ်မပြန်ချင်ကြသေးဘူး ... အိမ်ပြန်နောက်ကျလို့ လိုက်ခေါ်တဲ့ အန်တီမင်းအမေကိုလဲသတိရမိပါသေးတယ်လို့... တုတ်နဲ့ရောက်လာတော့မှ ထပြေးရတဲ့မြင်ကွင်းလေးက အခုတွေးကြည့်ရင် ရယ်မောစရာအမှတ်တရလေးတစ်ခု ...။ 🏃🏃♀️ အဲ့တုန်းကဆို စက်ဘီးစီးနိုင်တဲ့ တချို့ကောင်တွေများဆို ဆရာကြီးတွေပေါ့။ ရှေ့မှာ နင်းပေးမယ့် တပည့်တစ်ယောက်အမြဲပါလာတတ်လို့ ...။ 🚲 နောက်နေ့ စကားများရန်ဖစ်ပြီး မခေါ်တော့ရင်လည်း မပူနဲ့ နောက်တစ်ရက်ကျ နောက်တပည့်အသစ်တစ်ယောက် အလိုလိုရောက်လာပီးသား ...။ 🤧 ငါတို့တွေအတူတူ ဆိုးခဲ့တယ် မိုက်ခဲ့တယ် ဒါပေမဲ့ ...ဘယ်သူ့ကိုမှ မစော်ကားမရိုင်းဆိုင်းခဲ့ဘူး ဆိုတာတွေ အရင်လိုလူကြီးတွေရဲ့ လက်ညိူးထိုး မှေးငေါ့ခဲ့ရတာတွေဟာ ဒီနေ့ဒီချိန်မှာငါတို့ အလုပ်တွေနဲ့ သက်သေပြနိုင်ခဲ့ပီလေ ...။ 👏🤝 ညနေဘက်ဆို အတူတူ ခြင်းခတ် ဘောလုံးကန်ခဲ့ကြတဲ့သားကြီးတို့ရေ ယနေ့ဒီချိန်ထိ ငါ မင်းတို့ကိုလွမ်းနေခဲ့ရတယ်ဆိုတာ ဒီ စာ/ကဗျာလေးက သက်သေပါပဲလို့ ...📜💌။ အဲ့ဒီအချိန်တွေက ပြန်မရနိုင်တော့ပေမယ့် အမှတ်တရတွေကတော့ ဒီနေ့ဒီချိန်ထိ ရင်ထဲမှာ အကောင်းဆုံးအဖြစ် ကျန်ရှိနေတုန်းပါပဲကွာ...။ 🥰 အသက်သာ (Over ၃၀) ဖစ်လာခဲ့တာ သူငယ်ချင်းတွေကို လွမ်းတိုင်းကလေးတစ်ယောက်လို ငိုမိနေတုန်းပဲ...။ 🥺 T HA MYINT AG ...✍️ #အုတ်ကျင်း_၁၂ / #ငယ်ဘဝအမှတ်တရ #အရင်ကနေ့ရက်များ ..........။။။ #ရောက်ချင်တဲ့နေရာရောက်👌 @*CRD •••'VEDIO"
Region: MM
Friday 04 September 2026 08:21:21 GMT
Music
Download
Comments
Nyein Chan Oo :
သတိရလိုက်တာကွာ အရာအားလုံးကို💔😪
2026-09-04 10:20:44
2
U Myo thant :
၁၉၇၉ မှ ၁၉၉၂ ထိ အုတ်ကျင်းဘူတာမှာဘဝအတွက်မမေ့နိုင်တဲ့အကြောင်းအရာအဖြစ်အပျက်တွေ အများကြီးဘဲ
2026-09-05 13:18:57
1
မင်း :
အုတ်ကျင်း-လ-5-ကျောင်းလည်းသတိရတယ်
2026-09-08 04:21:36
1
Toe Ei Ei Khaing :
ဟုတ်ကဲ့ပါ ဆရာကြီး😎
2026-09-04 08:28:46
0
Lae Lae Zin :
အရမ်းလွမ်းတယ်အုတ်ကျင်းဘူတာလေးရယ်.ချိန်းတွေ့ရင်အဲ့ဘူတာမှာပဲစောင့်ခိုင်းရတာလေ😁
2026-09-05 08:24:11
1
ရာသက်ပန် :
ငါက ၁၉၈၀ တစ်ကယ်ကိုလှိုင်သားစစိစစ်ကြီးဟ
2026-09-11 16:58:11
1
chithtoo1192 :
ညတိုင်းသွားထိုင်ကျတဲ့ ဖာလူတာ ဆိုင်တွေ လွမ်း
2026-09-04 10:26:00
1
BoBo :
ကြံရည်ဆိုင်လေးကိုသတိရတယ်ကွာ
2026-09-05 09:49:13
1
aungmin1802 :
1990
2026-09-05 05:41:15
1
Thet Thet :
@မောင်လေးမကြီးလဲအုတ်ကျင်းကိုသတိရတယ်🥰🥰🥰🥰🥰🥰🥰🥰🥰
2026-09-04 12:49:50
1
𝕄𝕪𝕒𝕥 𝕄𝕚𝕟 𝕋𝕙𝕖𝕚𝕟 :
အဲ့တုန်းက အချိန်တွေကိုပဲ သတိရတယ်
2026-09-04 09:37:41
1
Ouu Kings👑 :
ဘောလုံးဂျာနယ်ရောင်းတဲ့လမ်းဘေးဆိုင်အစ်ကိုကြီး၊ ပထမဆုံးအရက်သောက်ဖူးပြီး ရထားပေါ်မှာသွားနေရင်းအန်တာရယ် အမှတ်တရတွေက အုတ်ကျင်းဘူတာမှာအများကြီးပဲသားရီး😌
2026-09-04 11:14:00
1
Mother Footprint :
သတိရတယ်ဗျာ....
2026-09-05 06:09:28
1
phyo87 :
လ၅ကိုလဲလွမ်းသလို OKကျောင်းးကြီးလဲလွမ်းတယ် ဘူတာတစ်လျှာက်က ခရေပင်တန်းလဲ လွမ်းမိပါရဲ့ 🥰🥰🥰
2026-09-04 13:41:57
1
Arkarlwin :
ဖာလူဒါဆိုင်လေးပေါ့ကွာ
သူငယ်ချင်း သတိရလျက်ပါကွာ
ငါတို့တွေ ငယ်ငယ်တုန်းကလိုပဲ
စိတ်လွတ်ကိုယ်လွတ် ပျော်ချင်သေးတယ် တစ်ရက်တော့ ဆုံကြမယ်။
ကျန်းမာရေးဂရုစိုက်ကြကွာ။
ငါ့မျက်ရည်ဝဲသွားပြီ 🥹🥹🥹
2026-09-04 11:13:31
1
kyawzayye2832 :
🥰🥰♥️♥️♥️♥️
2026-09-05 13:43:09
1
aungmin1802 :
စိမ်းလန်းနေတာ ငါတို့ရှိတုန်းကနဲ့ ဘာမှမဆိုင်
2026-09-04 16:05:44
1
aungmin1802 :
ဟရောင် ငါလည်း ပါတယ်နော်😂😂😂😂😂😂
2026-09-04 16:04:44
1
Moe kyaw myo Myo :
☺️☺️☺️
2026-09-04 11:20:22
1
Ko Pyae 4839 :
🥰🥰🥰
2026-09-08 04:29:21
1
To see more videos from user @thihamyintaung100, please go to the Tikwm
homepage.