@shapestudio.mx: The Fall of Ayutthaya ⚔️ ၁၇၆၆-၁၇၆၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော အယုဒ္ဓယ ကျဆုံးခြင်း သည် မြန်မာ-ယိုးဒယား စစ်ပွဲ (၁၇၆၅-၁၇၆၇) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ထိုစစ်ပွဲတွင် မြန်မာနိုင်ငံ ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်းသည် ၎င်း၏စစ်သူကြီးများဖြစ်ကြသော မဟာနော်ရထာနှင့် နေမျိုးသီဟပတေ့တို့ကို ယိုးဒယားတို့၏ အယုဒ္ဓယနေပြည်တော်အား တိုက်ခိုက်သိမ်းပိုက်ရန် စေလွှတ်ခဲ့သည်။ ယိုးဒယား၏ နယ်စွန်နယ်ဖျားမြို့များကို တိုက်ခိုက်အောင်မြင်ပြီးနောက် မြန်မာစစ်ကြောင်းကြီးနှစ်ကြောင်းသည် ၁၇၆၆ ခုနှစ် ဇန်နဝါရီလတွင် အယုဒ္ဓယနေပြည်တော်သို့ ဆုံစည်းရောက်ရှိလာခဲ့ကြသည်။ နယ်စပ်ဒေသများတွင် မြန်မာတို့၏စစ်ချီတက်လာမှုကို မဟန့်တားနိုင်ခဲ့သဖြင့် ယိုးဒယားတို့သည် ခိုင်ခံ့စွာတည်ဆောက်ထားသော အယုဒ္ဓယမြို့တွင်းမှသာ အခိုင်အမာ ခုခံကာကွယ်ရန် ဖိအားပေးခံခဲ့ရသည်။ ၁၇၆၆ ခုနှစ် ဖေဖော်ဝါရီလအရောက်တွင် မြန်မာတို့သည် အယုဒ္ဓယကို ဝိုင်းရံပိတ်ဆို့ခဲ့ပြီး စက်တင်ဘာလတွင် အယုဒ္ဓယမြို့ရိုးများအထိ ချဉ်းကပ်လာနိုင်ခဲ့သည်။ ယိုးဒယား တို့သည် ၎င်းတို့၏ ကျော်ဖြတ်၍မရနိုင်ဟု ယူဆထားသော မြို့ရိုးများနှင့် မိုးရာသီကာလ ရေကြီးရေလျှံမှုများအပေါ် မှီခိုအားထားသည့် မိရိုးဖလာ ခုခံရေးဗျူဟာများကို အသုံးပြုခဲ့သည်။ သို့သော်လည်း မြန်မာတို့သည် မိုးရာသီကာလတစ်လျှောက် ဆုတ်ခွာခြင်းမပြုဘဲ ဆက်လက်တပ်စွဲထားခြင်းနှင့် အယုဒ္ဓယမြို့ရိုး အခြေမြစ်များကို ဖြိုခွင်းဖျက်ဆီးသည့် နည်းဗျူဟာများကို အသုံးပြုခြင်းတို့ဖြင့် အ၄င်းခုခံမှုများကို ကျော်လွှားနိုင်ခဲ့သည်။ ၁၄ လကြာ ဝိုင်းရံပိတ်ဆို့ခံရပြီးနောက် ရာစုနှစ်ပေါင်းများစွာ သက်တမ်းရှိဖြသော ယိုးဒယားနေပြည်တော် အယုဒ္ဓယသည် ၁၇၆၇ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် မြန်မာတို့လက်အောက်သို့ ကျရောက်ခဲ့ပြီး လုံးဝ ဖျက်ဆီးခံခဲ့ရသည်။ The Fall of Ayutthaya and Sack of Ayutthaya,was a part of the Burmese–Siamese War (1765–1767), in which King Hsinbyushin of the Burmese Konbaung dynasty sent his generals Maha Nawrahta and Ne Myo Thihapate to conquer the Siamese Kingdom of Ayutthaya. After conquering and subjugating Siamese peripheral cities, the two Burmese invading columns converged onto and reached the royal city of Ayutthaya in January 1766. Unable to halt Burmese advances at the frontiers, the Siamese were obliged to take defensive positions in the fortified city of Ayutthaya.By February 1766, the Burmese laid siege to Ayutthaya and approached the city walls of Ayutthaya city in September. Ayutthaya employed traditional defense strategies by relying on the supposed impregnability of its walls and the incoming of floods during the rainy season. The Burmese, however, circumvented these strategies by persisting to stay during the rainy season and by employing the tactics of destroying the bases of the city wall of Ayutthaya. After fourteen months of enduring the siege, the centuries-old royal Siamese capital of Ayutthaya fell to the Burmese on 7 April 1767 and was completely destroyed, signifying the end of the Ayutthaya kingdom . This video is for educational and entertainment purposes. The creator does not endorse or intend to promote hatred or prejudice toward any nation.
Shapestudio mx
Region: TH
Friday 04 September 2026 09:53:55 GMT
Music
Download
Comments
NINJA(ပခုက္ကူ) :
ယူပြန်တင်မယ်ရလားbro
2026-09-04 12:05:53
2
Thein Htike Kyaw11 :
ဒါမျိုးလေးလုပ်စမ်းပါ
2026-09-04 10:15:59
2
BoBo :
တရုတ်မြန်မာစစ်ပွဲ မတင်တော့ဘူးလား
2026-09-11 13:49:30
1
Thiha Aung :
2026-09-04 09:57:48
1
To see more videos from user @shapestudio.mx, please go to the Tikwm
homepage.