@maharmyaing1996: သီပေါမင်းဟာ ပါတော်မမူခင် The Times of London သတင်းထောက်ကို အင်တာဗျူးပေးခဲ့ - ပါတော်မူအတွက် လီဗာပူးတပ်ရင်းက လုံခြုံရေးတာဝန်ယူခဲ့။ ဗြိတိသျှတွေဟာ အစီအစဉ်သေသေချာချာ မလုပ်ရသေးဘဲ မန္တလေးကိုသိမ်းလိုက်ရခြင်းဟာ အထက်မြန်မာပြည်ကို ပြင်သစ်တွေဝင်လာမှာ စိုးရိမ်တာကြောင့် ဖြစ်တယ်လို့ သမိုင်းစာပေတွေမှာ အဆိုရှိကြတယ်။ ပါတော်မမူခင် သီပေါဘုရင် မန်းလေးကနေ တိမ်းရှောင်မသွားစေရေးအတွက် ကာနယ်စလေဒင်က တိုင်တားမင်းကြီးကို မကြာခဏမေးမြန်းရတယ်။ တိုင်တားမင်းကြီးကလည်း သီပေါဘုရင် မတိမ်းရှောင်ပါဘူးဆိုတဲ့ အကြောင်း အာမခံရတယ်။ ပါတော်မမူခင်မှာ သီပေါမင်းဟာ The Times of London က သတင်းထောက် E.K Moylan (မွိုင်လန်)ကို Exclusive Interview ပေးခဲ့တယ်။ (အဲ့အင်တာဗျူးအကြောင်း နောက်ကြုံရင် ရေးမယ်) ပါတော်မူအတွက် နန်းတွင်းမှာ ပစ္စည်းသိမ်းတာကနေ ထွက်တဲ့ အထိ အသေးစိတ် ကြီးကြပ်ရတာက ကာနယ်စလေဒင်။ အဲ့အချိန်မှာ သီပေါမင်းနဲ့ စုဖရားလတ်တို့ ပါတော်မူအတွက် လာခေါ်တာက ဗိုလ်ချုပ်ပရင်ဒါဂတ်။ ဗိုလ်ချုပ်ပရင်ဒါဂတ် နန်းတွင်းမြို့ရောက်ခါနီးမှာ အသင့်ပြင်ထားဖို့ ကာနယ်စလေဒင်က သီပေါမင်းကို လျှောက်ထားတော့ သီပေါမင်းက နောက်ထပ် အချိန်တစ်ရက် နှစ်ရက်လောက် ဆိုင်းငံ့ပေးပါလို့ ပြောတယ်။ ဗြိတိသျှတပ်တွေ နန်းမြို့ကိုရောက်လာတဲ့အချိန်က နေ့လည်တစ်နာရီ။ အဲ့အချိန်မှာ ကာနယ်စလေဒင်က ထွက်ပြီးတွေ့ရတယ် ဗိုလ်ချုပ်ပရင်ဒါဂတ်ကို။ ကာနယ်စလေဒင်က သီပေါမင်းပြောသလိုမျိုး အချိန်ဆိုင်းငံ့ပေးဖို့ ပြောတော့ ဗိုလ်ချုပ်ပရင်ဒါဂတ်က လက်မခံဘဲ ငြင်းဆိုလိုက်တယ်။ နိုင်ငံရေးအရာရှိတစ်ယောက်ဖြစ်တဲ့ ကာနယ်စလေဒင်တစ်ယောက် ဘာမှမတတ်နိုင်ဘဲ နန်းတွင်းထဲသို့ ပြန်ဝင်သွားရတယ်။ နေပြည်တော်ကနေ ထွက်ခွါဖို့အတွက် အချိန်ဘယ်လောက် ပေးနိုင်မလဲလို့ သီပေါမင်းက မေးတော့ ဗိုလ်ချုပ်ပရင်ဒါဂတ်က ဆယ်မိနစ်လို့ ပြန်ဖြေတယ်။ အဲ့တော့ နောက်ဆုံးမထွက်ခွါမီ နန်းတော်တွင်းကို လှည့်လည်ကြည့်ရှုတော်မူတယ်။ ညီလာခံကျင်းပရာလွှတ်တော်ခန်းမကို ကြည့်တယ်။ သီဟာသနပလ္လင်ကို ကြည့်နေရင်း မြစ်ဆိပ်ဆင်းဖို့ အချိန်ကျပြီး ဖြစ်ကြောင်း ဗိုလ်ချုပ်ပရင်ဒါဂတ်က သီပေါမင်းကို ပြောတော့ သီပေါမင်းက ပီသလှတဲ့ အင်္ဂလိပ်စကားနဲ့ အချိန်နှစ်မိနစ်ခန့် ပေးပါလို့ တောင်းဆိုတယ်။ “Just two minutes to see my palace” တဲ့။ ထို့နောက် ပါတော်မူတယ်။ ဂေါဝိန်ဆိပ်ရောက်တဲ့အချိန်ဟာ ညနေ ၆နာရီ ၁၅ မိနစ်ဖြစ်တယ်။ သူရိယသင်္ဘောပေါ် အရှင်နှစ်ပါးနဲ့ လိုက်ပါမယ့်သူတွေရောက်ပြီးတဲ့အခါ လုံခြုံရေးတာဝန်အတွက် လီဗာပူးတပ်ရင်းက တာဝန်ယူရတယ်။ ထိုနေ့ဟာ နိုဝင်ဘာလ ၂၉ ရက်နေ့ ၁၈၈၅ ခုနှစ်ဖြစ်တယ်။ (အိန္ဒိယဘုရင်ခံချုပ် ဒပ်ဖရင်က ဗိုလ်ချုပ်ပရင်ဒါဂတ်ကို အမိန့်ပေးခဲ့တာဟာ မန္တလေးကို ချက်ချင်းအပြီးသိမ်းဖို့ဘဲ ဖြစ်ပါတယ်။ "Please instruct General Prendergast to advance on Mandalay at once." ဒါဟာ အိန္ဒိယအတွင်းဝန် ရန်းဒေါ့ချာချီက ဘုရင်ခံချုပ်ဒပ်ဖရင်ကို ညွှန်ကြားခဲ့တာဘဲ ဖြစ်တယ်။ ရန်းဒေါ့ချာချီဟာ မြန်မာနိုင်ငံကို ဗြိတိသျှနေမဝင်အင်ပါယာထဲကို သွပ်သွင်းခဲ့ကြောင်း ကြေညာခဲ့သူလည်း ဖြစ်တယ်။ ဝီတိုရီယဘုရင်မကြီး၏ နှစ်သစ်ကူးလက်ဆောင်မွန်ဖြစ်ကြောင်းလည်း ဆိုကြသေးတယ်။) ဒီဇင်ဘာလ ၁၀ရက်နေ့မှာတော့ ဗိုလ်ချုပ်ပရင်ဒါဂတ်ရဲ့ဗြိတိသျှစစ်တပ်ဟာ နန်းတော်တွင်းမှာ စစ်ရုံးကို ဖွင့်လှစ်ခဲ့တယ်။ (အောက်ကပုံက စစ်ရုံးမှာ ရိုက်ထားတဲ့ ဗိုလ်ချုပ် ပရင်ဒါဂတ်နဲ့ အဖွဲ့ - ပုံရိုက်တာက ဒီဇင်ဘာလ ၁၇ ရက်နေ့၊ ၁၈၈၅ ခုနှစ် Photo - The British Library) အရှင်မင်းနှစ်ပါးတို့ ပါတော်မူပြီးသော်လည်း လွှတ်တော်ကို ကာနယ်စလေဒင်က သဘာပတိလုပ်ပြီး ဆက်လက်ကျင်းပခဲ့တယ်။ ဒါပေမယ့်လည်း သုံးလအကြာ မတ်လ ၃၁ ရက်၊ ၁၈၈၆ မှာတော့ လွှတ်တော်ကို အပြီးတိုင်ဖျက်သိမ်းခဲ့တယ်။ ပါတော်မူပြီးနောက် ဇန်နဝါရီလ ၁ ရက်နေ့ ၁၈၈၆ ခုနှစ်မှာ အထက်မြန်မာပြည်ဟာ ဗြိတိသျှတို့ လက်အောက်တရားဝင် သွပ်သွင်းခြင်း ခံလိုက်ရတယ်။ Cape Diamond
MaHarMyaing
Region: MM
Friday 04 September 2026 09:57:47 GMT
Music
Download
Comments
🇲🇲LWIN KO KO HLAING 🇲🇲 :
ဆင်ဖြူရှင်မင်းလက်ထပ် တရုတ်စစ်ပွဲမှာ မြန်မာအင်အားအတော်ပြုန်းတီး သွားလို့သာပေါ့
2026-09-05 05:57:35
2
𓆩♡𓆪 Αούρε_Έρως 𓆩♡𓆪 :
အဲ့ဒီလိုဘုရင်စနစ်ကိုပြန်လိုချင်တယ်🥺
2026-09-05 03:05:31
5
Ko Phyo Lay :
တကယ်တမ်းသာပါတော်မမူခဲ့ရင် အခုချိန်ထိ သူများနိုင်ငံတွေလို ဘုရင်ဆိုတာရှိအုံးမယ့်ထင်တယ့်
2026-09-05 05:13:19
2
Evara Mo :
သီချင်းနာမည် ?
2026-09-05 04:51:43
1
Kurono :
မစည်းလုံးခဲ့ကြလို့ထီးနန်ပျောက်ခဲ့ရတဲ့မြန်မာများ
2026-09-05 08:47:16
0
A L - 🐷 :
2026-09-04 23:29:18
10
Ko😎Htet🤑 :
ဘုရား
2026-09-05 07:46:40
1
Coral Lover - Official :
အာ့တာဆို ပါတော်မူ တဲ့နေ့က December 9 ရက်နေ့ပေါ့ ။
2026-09-05 05:37:00
1
Mg Bogyi💎 :
ဝမ်းနည်းမိတယ်
2026-09-05 05:30:50
1
Wint Wah H.T.Z♥️♥️ :
နောက်ခံသီချင်းသံရယ် ဓါတ်ပုံ လေး တွေရယ် စာရယ် ၃မျိုး ပေါင်းစပ်လိုက်တာဝမ်းနည်းစရာ ကောင်းလိုက်တာ
2026-09-05 09:15:37
1
*****U Kyaw Linn***** :
အဲ့အချိန်ကသာ ခေတ်မှီလက်နက်တေ ရှိနေခဲ့ရင် မျိုးချစ်စိတ်ကပြောစရာမလို လူအင်အားကလည်းပြောစရာမလို ဒို့မြန်မာဘုရင်တေ ရှေ့ရေးကြိုတွေးနိုင်ခဲ့ရင်
2026-09-05 04:56:37
1
jack :
အဂ်လိပ်ကိုစည်းကမ်းကောင်းတယ်၊ဂတိတည်တယ်လို့ဆိုတဲ့သူတွေတော်ဘုရားလေးရေးတဲ့သီပေါမင်း၏အတွင်းရေးများဆိုတဲ့စာအုပ်ကလေးကိုရှာဖတ်ကြည့်စမ်းပါ၊ကြာတော့ကြာပြီငမောက်ကျောက်အကြောင်းလည်းပါတယ်။
2026-09-05 11:00:01
2
A L - 🐷 :
2026-09-04 23:29:14
3
A L - 🐷 :
2026-09-04 23:29:21
3
HeiN :
ကိုယ့်ထီးကိုယ့်နန်းဆိုတာကိုသဘောကျပေမဲ့ စော က်သုံးမကျတဲ့ကောင် ဘုရင်ဖြစ်ရင်တော့ တိုင်ပတ်တာပဲ အခွင့်ထူးခံဖြစ်နေတာမျိုးတော့မကြိုက်ဘူး
2026-09-05 06:50:52
1
Sir Aung :
ဗြိတိသျှအင်ပါယာအတွင်းသွတ်သွင်းကြောင်းကြေငြာတာ
ရန်းဒေါ့ချာချီ မဟုတ်ပါ။
လော့ဒပ်ဖရင်ဖြစ်ပါတယ်။
မသိသူတွေအမှတ်မမှားစေလိုပါ။
2026-09-05 07:58:39
0
" ကျော်ဗလထိပ်ခေါင်ထွဋ်တင်ဦး´´ :
တစ်ခါတစ်လေမှာ တချို့ အရာတွေက
မေတ္တာရှေ့ထားလို့မရဘူး ရက်စက်သင့်ရင်
ရက်စက်ရမယ့်အရာတွေရှိတယ်
2026-09-05 08:53:40
1
🇲🇲ko kyant🇰🇷 :
🦚🦚🦚
2026-09-05 05:34:27
1
HAN :
🦚🦚🦚🦚🙏🙏🙏🙏🙏🙏🙏🙏🙏
2026-09-05 02:43:58
2
Mg Su :
🥰🥰🥰
2026-09-05 01:21:42
1
mg mg lay :
🥰🥰🥰
2026-09-05 10:55:15
1
To see more videos from user @maharmyaing1996, please go to the Tikwm
homepage.