@tharkhin969: ယက်သဲ့ကြား ငါးတင် တင်တဲ့ငါးကြောင်စား ================ ဒီနေ့ ကပ်ဘေးတွေကို ကြည့်တဲ့အခါ... လောကကြီးမှာ အရာရာဟာ သူ့အလိုလို ပျက်စီးသွားတာ မဟုတ်ပါဘူး... လူတွေရဲ့စိတ်ဓာတ် ပျက်စီးလာတဲ့အခါ လူ့အဖွဲ့အစည်း ပျက်စီးလာတယ်... လူ့အဖွဲ့အစည်း ပျက်စီးလာတဲ့အခါ ကိုယ်ကျင့်တရားတွေ ယိုယွင်းလာတယ်... ကိုယ်ကျင့်တရား ယိုယွင်းလာတဲ့အခါ မတရားမှုတွေဟာ လူ့ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလို ဖြစ်လာတတ်ပါတယ်... ဒီအခြေအနေကို မြန်မာစကားမှာ... “ယက်သဲ့ကြား ငါးတင် တင်တဲ့ငါးကြောင်စား” ဆိုတဲ့ စကားနဲ့ ပုံဖော်ရရင် ယက်သဲ့ကြားမှာ ငါးတင်ကျန်ပေမယ့် ငါးကို စောင့်ရှောက်ရမယ့် ကြောင်ကကိုယ်တိုင် စားသွားရင်... ဘယ်သူ့ကို ယုံကြည်ရမလဲ?... ဘယ်သူ့ကို အားကိုးရမလဲ?... လောကပါလတရားဆိုတာ... ဗုဒ္ဓဘာသာမှာ လူ့လောကကို ထိန်းသိမ်းပေးတဲ့ လောကပါလတရားနှစ်ပါးကို ဟိရိ နှင့် ဩတ္တပ္ပ လို့ ဆိုပါတယ်... ဟိရိ ဆိုတာက “ဒါဟာ မသင့်တော်ဘူး၊ မကောင်းဘူး” ဆိုပြီး ရှက်ရွံ့ခြင်းပါ... ဩတ္တပ္ပ ဆိုတာက “ဒီအလုပ်ကို လုပ်လိုက်ရင် နောင်လာမဲ့ အကျိုးဆက် မကောင်းနိုင်ဘူး” ဆိုပြီး မကောင်းမှုကို ကြောက်ရွံ့စွာနဲ့ ရှောင်ရှားခြင်းပါ... ဒီနှစ်ပါးကို လူတစ်ယောက်ဟာ လိုက်နာနေသ၍ အခွင့်အရေးရတိုင်း သူတစ်ပါးကို မနင်းချေသေးပါဘူး... အာဏာရှိတိုင်းလဲ အာဏာကို အလွဲမသုံးသေးပါဘူး... ချမ်းသာတိုင်းလဲ ဆင်းရဲသူကို မထီမဲ့မြင် မပြုသေးပါဘူး.. အကျိုးအမြတ်ရနိုင်တိုင်းလဲ မတရားတဲ့နည်းလမ်းနဲ့ စီးပွားမရှာပါဘူး.... ဒါပေမယ့်... “ဘယ်သူမှ မသိရင် ရပြီ” “လက်ရှိမှာ အပြစ်မခံရရင် ပြီးတာပဲ” “ကိုယ်အကျိုးရှိရင် အခြားသူ ဘာဖြစ်ဖြစ်” ဆိုတဲ့ စိတ်ဓာတ်တွေ ကြီးထွားလာတဲ့အခါ လောကပါလတရားဟာ တဖြည်းဖြည်း ခေါင်းပါးလာပါတယ်... ဗုဒ္ဓဘာသာအမြင်အရ ဒီနေ့ ကပ်ဘေးတွေကို ကြည့်တဲ့အခါ... ရောဂါဘေး၊ အစာရေစာရှားပါးခြင်း၊ ငတ်မွတ်ဘေး၊ လက်နက်ဘေး၊ စစ်မက်ဘေး ဒီသုံးမျိုးဟာ လူသားတွေ အလွန်ကြောက်ရွံ့ရတဲ့ ဘေးဆိုးတွေပါ... ရောဂါအသစ်တွေ ပေါ်ပေါက်လာတယ်... သဘာဝဘေးအန္တရာယ်တွေ တိုးလာတယ်... နေရာအချို့မှာ အစာရေစာနဲ့အသက်မွေး ဝမ်းကျောင်း အခက်အခဲတွေ ရှိလာတယ်... နိုင်ငံအချင်းချင်း၊ အဖွဲ့အစည်းအချင်းချင်း ပဋိပက္ခတွေ မငြိမ်းသေးဘူး...လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိမ်ပျောက်သူ၊ အလုပ်ပျောက်သူ၊ မိသားစုပျက်သူတွေ ရှိနေတယ်... တစ်ဖက်မှာလည်း သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ ရာသီဥတုပြောင်းလဲမှု၊ မြေထုနဲ့ ရေထုညစ်ညမ်းမှုတွေဟာ လူသားတွေရဲ့ အနာဂတ်အတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်... ကပ်ဘေးဆိုတာ မိုးပေါ်ကနေ ရုတ်တရက်ကျလာတဲ့ အရာတစ်ခုတည်း မဟုတ်ပါဘူး... တစ်ခါတလေ လူသားတွေရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ၊ လောဘ၊ ဒေါသ၊ မောဟတွေ စုပေါင်းပြီး အခြေအနေဆိုးတွေကို ပိုမိုကြီးမားစေနိုင်တာလို့ မိမိအနေနဲ့ထင်မြင်မိတာ ကြောင့်လဲ ဒီစာကို ရေးသားခြင်းပါ...ဒီစာအပေါ်မှာ သဘောထားကွဲလွဲခွင့်လဲ ရှိပါတယ်... လူတွေရဲ့လောဘက ကိုယ်မှီခိုရာသဘာဝပါတ်ဝန်းကျင်ကို လိုအပ်တာထက် ပိုမိုစားသုံးချင်စိတ်ကြီးမာလာတဲ့အခါမှာ သစ်တောကို တန်ဖိုး မထားတော့ဘူး၊ မြစ်ချောင်းတွေကို တန်ဖိုးမထားတော့ဘူး၊ မြေကြီးကို အသက်ရှင်ဖို့ အခြေခံအိမ်တစ်လုံးလို မမြင်တော့ဘဲ အမြတ်ထုတ်စရာ ပစ္စည်းတစ်ခုလိုပဲ မြင်လာတယ်... ဒီလိုနဲ့—သစ်တောပြုန်းတီးလာတယ်၊ ရေထုညစ်ညမ်းလာတယ်၊ မြေထု ပျက်စီးလာတယ်။ သဘာဝပါတ်ဝန်းကျင်ယိုယွင်းလာတယ်၊ လူသားက သဘာဝကို အနိုင်ယူနေတယ်လို့ ထင်ပေမယ့် တကယ်တော့ လူသားဟာ ကိုယ့်အသက်ရှင်ရာ အိမ်ကို ကိုယ်တိုင်ဖျက်နေခြင်း ဖြစ်နိုင်ပါတယ်... ဒေါသက လူကို လူနဲ့ ရန်တိုက်တယ်... လူတွေဟာ ဒေါသကြီးလာတဲ့အခါ ကိုယ့်အမြင်ကိုပဲ မှန်တယ်ထင်လာတယ်၊ မတူတဲ့ ရန်သူလို့ မြင်လာတယ်၊ အမြင်မတူတာကို အပြစ်လို့ သတ်မှတ်လာတယ်၊ တစ်ယောက်နဲ့တစ်ယောက် နားလည်ဖို့ထက် အနိုင်ရဖို့ကို ပိုကြိုးစားလာတယ်.. အဲ့ဒီကနေ—မိသားစုအတွင်း ပဋိပက္ခတွေ၊ လူမှု အသိုင်းအဝိုင်းအတွင်း ကွဲပြားမှုတွေ၊ နိုင်ငံရေးပဋိပက္ခတွေ၊ စစ်မက်တွေထိ ဖြစ်လာနိုင်ခြင်းတွေက လူတွေရဲ့ ဒေါသက လူကို လူနဲ့ ရန်တိုက်လိုက် တာပါ... #သခင် Sep.4.2026 5:38
သခင်
Region: MM
Friday 04 September 2026 11:09:11 GMT
Music
Download
Comments
🙂 :
အဲဒိစကားပုံက ငါးပါးသီလလုံအောင်ထိန် ငါပါးမလုံပဲသီလအ ကြောင်အကြားဆိုရင်လည်းမကယ်နိုင်ဘူးလို့ပြောတာလို့မှတ်ယူထားတာပါ🙂
2026-09-04 13:02:29
1
yanzinaung5 :
ယက်သဲ့ပေါ်တင်နေတဲ့ငါးကို ကြောင်ကစားဦးမှာ ကြောင်စားလို့ ကျန်တဲ့ငါးမှလွတ်မှာ
2026-09-04 12:58:54
1
gut tage🙂 :
🙏🙏🙏
2026-09-04 11:47:34
1
To see more videos from user @tharkhin969, please go to the Tikwm
homepage.