@alinn782023: ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၃၂ အနီး TikTok ရိုက်နေသည့် အမျိုးသမီးတစ်ဦး ကားတိုက်ခံရပြီး နေရာတွင်ပင် ကွယ်လွန် ပဲခူးမြို့နယ်အပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၃၂ အနီးတွင် စက်တင်ဘာ ၃ ရက် နံနက် ၉ နာရီခန့်က အမြန်လမ်းပေါ်တက်၍ TikTok ရိုက်ကူးနေသည့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး ကားတိုက်ခံရပြီး ဖြစ်စဉ်နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားသည့် ဝမ်းနည်းဖွယ်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ အဆိုပါ မိုင်တိုင်အနီး ကျေးရွာတွင် နေထိုင်သည့် အမျိုးသမီးသည် ကလေးအား ကျောင်းပို့ပြီးအပြန် အမြန်လမ်းမကြီးပေါ်တက်၍ TikTok ရိုက်ကူးနေစဉ် ဒိုင်နာယာဉ်တစ်စီးမှ ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။ ယာဉ်မောင်းသူဘက်မှ ဟွန်းတီးသတိပေးခဲ့သော်လည်း သတိမထားမိဘဲ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ အခင်းဖြစ်ပွားပြီးနောက် မိုင်တိုင် ၃၂ အနီး တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များက လာရောက်စစ်ဆေးကာ ရုပ်အလောင်းအား သယ်ဆောင်သွားခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်နေ့ကလည်း အဆိုပါနေရာအနီးတွင်ပင် လမ်းဖြတ်ကူးသည့် လသာကုန်းကျေးရွာနေ အမျိုးသမီးတစ်ဦးအား မှန်လုံယာဉ်တစ်စီးမှ ဝင်ရောက်တိုက်မိ၍ သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သေးသည်။ အမြန်လမ်းမကြီးသည် မော်တော်ယာဉ်များ အရှိန်လွန်မောင်းနှင်သည့် လမ်းမကြီးဖြစ်သဖြင့် လမ်းပေါ်တက်၍ ဓာတ်ပုံရိုက်ခြင်း၊ TikTok ရုပ်သံရိုက်ကူးခြင်းများနှင့် စည်းကမ်းမဲ့ လမ်းဖြတ်ကူးခြင်းများသည် အသက်အန္တရာယ်အထိ ထိခိုက်ဆုံးရှုံးနိုင်သဖြင့် အမြန်လမ်းမကြီးအနီး နေထိုင်ကြသူများနှင့် ခရီးသွားပြည်သူများအနေဖြင့် အထူးသတိပြု ဆင်ခြင်ကြပါရန် နှိုးဆော်အပ်ပါသည်။ #အမြန်လမ်းယာဉ်မတော်တဆမှု #TikTok #ပဲခူး #ရန်ကုန်မန္တလေးအမြန်လမ်း #MyDay
🍫 ချောကလက် ဝိုင် 🍷
Region: MM
Friday 04 September 2026 14:03:36 GMT
Music
Download
Comments
Kyishwin :
အမြန်လမ်းဆိုပေမဲ့သူ့ဘက်ကို့ဘက်ကြည့်ပီးမောင်းလို့ရပါတယ်ငါမှန်တယ်သူမှားတယ်ဆိုပြီးအတ္တတွေနဲ့နေကြတာမှန်တယ်ဆိုပြီးတိုက်သတ်နေရင်မြန်မာနိုင်ငံသန်း၅၀သောလူဦးရေနှစ်၅၀တောင်မကြာဘူးလူမျိုးတုန်းသွားမှာသူ့ဘက်ကို့ဘက်သူ့ဘို့ကို့ဘို့ကြည့်အားလုံးအဆင်ပြေတယ်လောကမှာနေတပ်ရင်အားလုံးကအေးဆေးပါ
2026-09-05 02:23:13
14
Goodluck :
သနားပါတယ် ကား မောင်းတဲ့ ကားဆရာ
2026-09-05 03:45:10
53
aungnaingoo(ပခုက္ကူသား) :
ကားသမားအပြစ်ပြောနေတဲ့သူတွေ လူရှောင်ရင် ဖြစ်သွားတဲ့သားသမားတွေအတွက်ကြရောထည့်မတွက်ကြဘူးလား လူလဲသေ ပစ္စည်းလဲဆုံးရှုံး
2026-09-05 06:42:12
6
. :
လမ်းကူးသူအတော်များများက ယာဥ်သွားယာဥ်လာကို ဂရုမစိုက်ကြဘူး သူတို့ကိုမတိုက်ရဲကြဘူးလို့ ထင်ပြီး လေးစားမှုမရှိကြတော့ဘူး
2026-09-05 02:47:38
8
R T L (Myanmar) :
ကားမောင်းနေရင်း အရှေ့မှာ ယာဉ်၊ လှည်း၊ လူ၊ တိရစ္ဆာန် အဲ့ဒါတွေမြင်ရင် အရှိန်လျှော့တန်လျှော့ လိုအပ်လို့ဘရိတ်သုံးနိုင်တဲ့အနေအထားလောက်ပဲမောင်းရမှာ အမြန်လမ်း ဆိုပေမယ့် မိမိယာဉ်ရဲ့ သင့်တော်တဲ့အနေအထားလောက်ပဲမောင်းသင့်ပါတယ် ဆင်ခြင်တုံတရားပေါ့ ရှေ့မှာ ကလေးတွေ ခွေးတွေ အရူးတွေတွေ့ရင် လမ်းဘေးမှာပဲဖစ်နေပါစေ အရှိန်လျှော့ပြီးမောင်းရမှာ ခုလိုဖြစ်သွားတော့ ကားဆရာက အနည်းအများတော့ ရှင်းရပြီ
2026-09-05 12:47:22
0
Tiktok.alpha :
ကားဘာဖြစ်သွားသေးလဲ
2026-09-05 07:33:47
7
Phoe Thar :
လမ်းလယ်ခေါင်တက်ရိုက်တဲ့အဖွဲ့တွေသတိထားကြပါ ကားကရှောင်သွားရတယ်ကိုယ်တွေ့ကြုံရလို့
2026-09-05 03:15:41
5
NayZaw_404 🪐 :
Tiktok သုံးခွင့်ပိတ်ပင်သင့်ပါတယ်
2026-09-05 09:51:17
1
ice cream..💜🅿💜◀❤▶ :
ကားဆိုတာ တိုက်ရင် သေတတ်တယ်လေဗျာ....အမြန်လမ်းဆိုတာ မောင်းနေကြမှာပဲ....သူတို့မှာလဲ အမြဲအန္တာရာယ်နဲ့ ခက်တစ်ကမ်းမှာပါ...အ့ဒါကို သွားပီးနှောက်ယှက်သလိုဖစ်အောင် မလုပ်ကြဖို့လိုတယ်လေ....
2026-09-05 15:24:39
1
Kyaw Lin Sunn (Official acc) :
ဥပဒေက ဘယ်လိုဖြေရှင်းပေးမလဲဗျ
အကြောင်းစုံလေး သိချင်လို့ပါနော်
2026-09-05 08:50:28
0
R Yone Oo :
စုမြတ်နိူးဦးလားလို့
2026-09-04 16:42:41
2
နေ ပြည် တော် လူကြီး :
အမြန်လမ်းမကြီး ပေါ်ခုနောက်ပိုင်းမောင်ရတာတော်တော် ဂရုစိုက်ပြီးသတိထားနေရတယ်
2026-09-05 13:58:23
0
MINKO :
ပြင်ဦးလွင် ထင်ချူးတော မြို့ရှောက်လမ်း လည်းဒီတိုင်ဘယ်
2026-09-05 08:05:42
1
Chan Gyi :
😳😳😳
2026-09-05 10:08:25
0
Loveyaaung :
သနားပါတယ်ကားသမား
2026-09-05 15:32:58
0
K :
👍👍👍👍👍
2026-09-04 23:49:13
0
zaw linn Maung :
အပျော်ကနေ ပျက်ဖြစ်သွား😩
2026-09-05 07:21:47
0
phyu d2 :
ကားသမားသနားပါတယ်
2026-09-05 07:42:01
0
စံပယ် :
ကားဆရာသနားပါတယ်
2026-09-05 07:45:36
0
သားရွှေသွေး😍 :
စိတ်မကောင်းပါဖူး ကားသမားဘဝတွေကအမြဲတမ်း
2026-09-05 08:03:59
0
King 168 :
၉၀ လောက်မောင်ရင် တစ်ဖာလုံ ကို ၃စက္ကန့် လောက်ပဲ ကြာတာ ဗျာ..
တခုခု ဆို ထိမ်းမနိုင်ဘူး ကားက
2026-09-05 08:40:49
0
HtetOoYan523 :
ကားသမားပဲသနားတယ်
2026-09-05 09:44:43
0
Kyaw kyi :
အရှိန်းမလွန်ပါဘူး.ကီးလိုကျော်မမောင်းရ
2026-09-05 00:26:23
0
To see more videos from user @alinn782023, please go to the Tikwm
homepage.