@nyein.khant.min.3: #ကြယ်စုံသည့်ညအတု နှင့် ပြန်မဆုံမည့်ဘဝနှစ်ခု စီးကရက်တစ်လိပ် မီးညှိသလို ခဏလေး ချစ်ခဲ့ရတယ်ဆိုပေမယ့် တစ်ဖက်မှာတော့ တစ်သက်စာအနာတရနဲ့ လောင်ကျွမ်းပြာကျရတယ် ။ စိတ်တွေကို အခိုးအငွေ့တွေလို လေထုထဲ လွတ်မြောက်ခွင့်ပေးလိုက်တဲ့နေ့... ပြန်အဖတ်ဆယ်လို့မရတော့တဲ့အထိ အတိတ်တွေသာ ကျကွဲပြန့်ကျဲ... အကျဥ်းကျနေဆဲလေ ။ ဒဏ်ရာကို ဆေးကြောသန့်စင်ဖို့ မတွေးတောဖြစ်တဲ့ မင်းပုံလွှာတွေ... ငါ မမြင်ယောင်လည်း တွေ့နေရတယ် နောက်ပြန်လည်နေတဲ့ တစ်ကိုယ်ရည်သံသရာထဲ ပြန်ဆုံမယ်ဆိုတာ မိုးလေဝသခန့်မှန်းချ​က်လို ငါ့ရဲ့ ဇဝေဇဝါယူဆချက်ပါပဲ ။ ကြယ်တွေစုံတဲ့ ညအတုမှာ အယောင်ဆောင်တဲ့ ဆုတောင်းပြည့်ခြင်းတွေနဲ့ လှောင်ပြောင်ခဲ့ အေးစိမ့်စိမ့်လေပြည်ညှင်းတွေရယ် ပြန်လည်မဆုံမယ့် ဘဝနှစ်ခုမှာတော့ စစ်မှန်တဲ့ အကွာအဝေးတွေကြား ပြစ်ဒဏ်မဲ့ ကမ္ဘာလေးတွေခြားလို့.. အရုဏ်ဦးမှာ နေထွက်သလို ငါတို့ ဝေးပြီ ။ အကောင်းပကတိ ပြန်မဖြစ်နိုင်တဲ့ မှန်တစ်ချပ်လို ငါတို့ဝေးပြီ ။ ကြမ်းပြင်ဟာ မျက်နှာကျက်ကို မြေလွှာက မိုးကုပ်စက်ဝိုင်းကို နီးစပ်ခွင့်တောင်းဆိုသလို ငါတို့ ဝေးခဲ့ကြပြီ ။ ပျက်နေတဲ့နာရီ အချိန်မမှန်နိုင်တော့သလို လမ်းမမြင်တဲ့ကမ္ဘာဆီ အိမ်မပြန်နိုင်တော့သလို ငါတို့တွေ ဝေးခဲ့ကြပြီ ။ အချစ်ရေ.. ချစ်ခဲ့သလောက် မနီးစပ်ခဲ့ကြသလို နီးစပ်ခဲ့သည်ထက် ဝေးခဲ့ကြပြီ... ငါတို့ ဝေးခဲ့ကြလေပြီ ။ - ခန့်မြေ့ #ဖတ်ရှုမည့်သူမရှိသောကျနော့်၏စာစုများ #ခန့်မြေ့ #ကဗျာ #fyp

ᵏʰᵃⁿᵗ ᵐʸᵃᵉ•𝐏𝐎𝐄𝐌
ᵏʰᵃⁿᵗ ᵐʸᵃᵉ•𝐏𝐎𝐄𝐌
Open In TikTok:
Region: MM
Friday 04 September 2026 14:21:13 GMT
4062
303
12
16

Music

Download

Comments

myatmimthu
Myat min thu :
လက်ရှိခံစားချက်နဲ့တိုက်ဆိုင်နေတော့🥺
2026-09-05 00:43:25
1
ct5393
C :
ပြန်တင်မယ်နော် ဘရို
2026-09-05 01:44:47
0
nyein.khant.min.3
ᵏʰᵃⁿᵗ ᵐʸᵃᵉ•𝐏𝐎𝐄𝐌 :
ကဗျာဟောင်းလေးပါ ဖတ်စေချင်လို့ ပြန်တင်တာပါခင်ဗျာ🖤
2026-09-04 14:22:25
1
To see more videos from user @nyein.khant.min.3, please go to the Tikwm homepage.

Other Videos


About