@learnwithtrphillips: ဒီနေ့ဟာ ရမ်ချို၊ ဖာဟန်နဲ့ ရာဂျူးတို့သုံးယောက်ကို ချာတူးက ဒေါသအိုးပေါက်ကွဲပြီး “နောင်အနာဂတ်မှာ ဘယ်သူက အသာဆုံးဖြစ်နေမလဲ” ဆိုတဲ့ Challenge လေး စတင်ခဲ့တဲ့ ၁၇ နှစ်ပြည့်တဲ့နေ့လေးပါ။ ဒီနေရာမှာ ချာတူးကို လူအများစုက ဘာကြောင့်ဒီလောက်မုန်းကြတာလဲဆိုတာ ကျွန်တော် သိပ်နားမလည်ဘူး။ ဒါပေမဲ့ For me personally ဆိုရင်တော့ ချာတူးဆိုတဲ့ကျောင်းသားဟာ တခြားနေရာတွေမှာ အကျင့်မကောင်းတာတွေ ရှိကောင်းရှိနိုင်ပေမဲ့ သူ့ဘဝမှာတော့ အနည်းဆုံး ရှင်းလင်းတဲ့ ရည်မှန်းချက်တစ်ခုရှိခဲ့တယ်။ “ရမ်ချိုထက်သာအောင် လုပ်မယ်” ဆိုတဲ့ ရည်မှန်းချက်ပေါ့။ သူက ရမ်ချိုလောက် ပါရမီမရှိဘူး။ ဒါပေမဲ့ ရမ်ချိုကိုတော့ ဘယ်တော့မှ ကြောက်မနေခဲ့ဘူး။ အဲ့ဒီလို ချာတူးဆီကနေ ကျွန်တော်တို့ သင်ယူလို့ရတဲ့အရာတစ်ခုကတော့ “ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့” ဆိုတာပါပဲ။ ဟုတ်တယ်၊ ချာတူးက သူ့ကိုယ်သူ Show off လုပ်တာ၊ ကြွားဝါတာတွေ အရမ်းများတယ်။ အဲ့ဒီအကျင့်တွေ မရှိခဲ့ဘူးဆိုရင်တော့ ချာတူးဟာ အတုယူစရာကောင်းတဲ့ Character တစ်ယောက်တောင် ပိုဖြစ်လာနိုင်မယ်ထင်တယ်။ Self-confidence, Hardworking, Indomitable Spirit (အနိုင်မခံ အရှုံးမပေးလိုစိတ်) စတဲ့အရာတွေကိုလည်း ချာတူးဆီကနေ သင်ယူနိုင်တာပဲလေ။ ဒီနေ့က ချာတူးရဲ့နေ့လေးဖြစ်လို့ ချာတူးအကြောင်းကို နည်းနည်းပိုပြီး အမွှန်းတင်ပြောနေတာပါ။ ဒါပေမဲ့ သင်ခန်းစာတွေက ချာတူးတစ်ယောက်တည်းဆီက ရတာတော့ မဟုတ်ပါဘူး။ 3 Idiots ဆိုတဲ့ ဇာတ်ကားလေးထဲမှာ ကျွန်တော်တို့ သင်ယူစရာတွေ အများကြီးရှိပါတယ်။ တက္ကသိုလ်မှာ ပညာသင်ယူရုံတင်မကဘဲ မိသားစုဝင်တွေလို ဖြစ်လာမယ့် သူငယ်ချင်းကောင်းတွေကိုလည်း ရှာတွေ့နိုင်တယ်ဆိုတာ သင်ပေးခဲ့တဲ့ ရာဂျူး။ ဝင်ငွေကောင်းဖို့တစ်ခုတည်းကို မလိုက်ဘဲ ကိုယ့်ကို နေ့တိုင်းပျော်ရွှင်စေမယ့် အလုပ်မျိုးကို ရွေးချယ်လုပ်သင့်တယ်ဆိုတာ လမ်းပြပေးခဲ့တဲ့ ဖာဟန်။ ဘဝဆိုတာ အပြေးပြိုင်ပွဲတစ်ခုလိုပဲ။ မင်းက မြန်မြန်မပြေးရင် ချနင်းခံရလိမ့်မယ်ဆိုတဲ့ အတွေးအခေါ်ကို သူ့ဘဝနဲ့ရင်းပြီး သင်ပေးခဲ့တဲ့ ကျောင်းအုပ်ကြီး Virus။ ကျောင်းသားတစ်ယောက်ရဲ့ ပြဿနာတွေဟာ ဘယ်လောက်ထိ စုပုံလာနိုင်ပြီး မခံမရပ်နိုင်တဲ့အခြေအနေမှာ လွတ်မြောက်ရာလမ်းအဖြစ် Suicide ကိုတောင် ရွေးချယ်သွားနိုင်တယ်ဆိုတာ သတိပေးပေးခဲ့တဲ့ Joy Lobo။ ရင်ဆိုင်နေရတဲ့ ပြဿနာက ဘယ်လောက်ပဲကြီးမားနေပါစေ ကိုယ့်နှလုံးသားထဲမှာ “All is well — အရာအားလုံး အဆင်ပြေသွားမှာပါ” ဆိုတဲ့စကားလေးကို ထပ်ခါထပ်ခါ ပြောပေးဖို့ သင်ပေးခဲ့တဲ့ ရမ်ချို။ ဒါတွေကတော့ ကျွန်တော် 3 Idiots ဇာတ်ကားလေးထဲကနေ သင်ယူခဲ့ရတဲ့ အဖိုးတန်သင်ခန်းစာလေးတွေပေါ့။ ဘာရယ်မဟုတ်ပါဘူး။ ဒီနေ့ကလည်း ဒီဇာတ်ကားလေးနဲ့ ပတ်သက်ပြီး မမေ့နိုင်စရာ Memorable Day လေးတစ်ခု ဖြစ်နေလို့ပါ။ September 5 ဆိုတဲ့ ကျောင်းခေါင်မိုးပေါ်က အမှတ်အသားလေးတစ်ခုကြောင့် ၁၆ နှစ်ကြာပြီးတဲ့နောက် သူတို့အားလုံးကို နောက်တစ်ကြိမ် ပြန်အမှတ်ရမိရင်း— ကျွန်တော်တို့နိုင်ငံအတွက်လည်း ရမ်ချိုရဲ့ စကားလေးတစ်ခွန်းကို လက်ဆောင်ပါးချင်ပါတယ်။ “All is well.” ❤️ အရာအားလုံး အဆင်ပြေသွားမှာပါ။ #sep5 #3idiots #viral #trend #fyp

Learn With Tr Phillips
Learn With Tr Phillips
Open In TikTok:
Region: TH
Friday 04 September 2026 20:38:50 GMT
254525
31684
326
7929

Music

Download

Comments

brokenfeeling10
𝙼 𝚞 𝚛 𝚊 𝚢 𝚊 𝚖 𝚊 𖣳 :
Sep 5 တော့ တစ်နှစ်ပီးတစ်နှစ် ရောက်လာတာပဲ ဘာပြောင်းလဲမှု့မှမရှိဘူး
2026-09-05 04:05:34
277
sumyatnoe.4
Su Myat Noe :
ဒီလိုနေ့ရောက်တိုင်းဒီဇာတ်ကားလေးကိုအမြဲတမ်းသတိရတယ် ကိုယ့်မွေးနေ့ကလည်း ဒီနေ့ပဲမို့အမှတ်တရထပ်တူညီတယ်🫶 Today is My birthday 🎂
2026-09-05 06:00:24
161
konyi1996.ppn
Ko Nyi :
ဒီနေ့က ကျွန်တော့မွေးနေ့ပါ
2026-09-05 02:48:51
178
goodgoodyoukkyr
Wai Linn Htet X Hola :
today is my birthdayy
2026-09-05 07:37:49
3
godspeed_scott
Scottt :
လူကြီးတွေက သူတို့ဖြစ်ချင်တာပဲ သိချင်တာ ကျနော်တို့ ဘာဖြစ်ချင်လဲ မမေးကြဘူး -ဖာဟန်
2026-09-05 03:06:49
51
anyo844
Ivan :
to day is my birthday
2026-09-05 00:44:35
39
bueetiee2005
Buee Tiee :
Today my birthday 😊
2026-09-05 02:59:55
19
eaint2358
Eaint Game Shop :
တစ်နှစ်တစ်နှစ်ကလဲမြန်လိုက်တာနော်
2026-09-05 02:11:52
96
jack_75130
Jack_751 :
my birthday
2026-09-05 06:40:19
0
paukci24
7/Mg Dipa(လိူၼ်လႅင်း)♈🇲🇲🇱🇹 :
Today is Chartoo's day..🥰
2026-09-05 04:54:42
0
thae.soe657
Thae Soe ☘️ :
All is well
2026-09-05 06:40:25
0
nanthazin26609
. :
ဒီနေ့က ကျွန်တော့မွေးနေ့ပါ
2026-09-05 01:05:08
23
kyaw.than.htike71
Kyaw Than Htike :
ဘယ်သင်ကြားရေး ဘယ်ပညာရေးစနစ်မှာပဲ ကြည့်ကြည့် ရမ်ချိုလို လူကဆယ်ယောက်မှာ တစ်ယောက်မရှိဘူး ဒါပေမဲ့ ချာတူးလို လူတွေက ဆယ်ယောက်မှာ 8ယောက်လောက်ရှိတယ် ပြောချင်တာက ဘယ်သူဘယ်ဝါဖြစ်ဖြစ် ဒီလိုပုံစံ ဒီလိုရုန်းကန်မှုမျိုးနဲ့ပဲ ကြိုးပမ်းနေရတာမို့ ငါကတော့ ချာတူးကိုပဲ ထောက်ခံတယ် သူလောက်အထိကြိုးစားခဲ့လဲ သူဘယ်လောက်အထိရောက်ခဲ့လဲဆိုတာ သူရဲ့ကြိုးစားမှုရလဒ်ပဲ ဒါက်ုပဲ ဂုဏ်ယူတယ်🥰🥰🥰
2026-09-05 03:05:18
20
nan54821
Nan :
All is well
2026-09-05 06:43:43
0
fanzy9340
fanzy :
His time 😂😂
2026-09-05 05:13:56
1
aungd297
𝐊𝐚𝐞𝐧𝐣𝐢🫧 :
Today my birthday 🥳
2026-09-05 03:51:35
13
zhoami7
Chinoo :
“All is well.” ❤️အရာအားလုံး အဆင်ပြေသွားမှာပါ။
2026-09-05 02:07:04
14
zinmintun03101989
Ko Zin Min Tun :
ဒီဇာတ်ကားကိုအဲ့တုန်းကကြည့်မိပြီး ALL IS WELL ဆိုတဲ့စာလုံးကို ကိုယ်လုပ်ခဲ့တဲ့အလုပ်နေရာမှာရေးခဲ့ပြီး အဆင်မပြေမှုတွေဖြတ်ကျော်ခဲ့တာမှတ်မိသေးတယ်။ တနေ့ကျရင်အားလုံးကအဆင်ပြေသွားမှာပါ။
2026-09-05 02:35:02
18
darwilllin
David M J Pan :
Today is my Birthday🥰🥰🥰😍
2026-09-05 04:36:34
10
lorinia.kim
Jessipha Jeans :
September 5 ရက်နေ့ ရောက်လာခဲ့ပြီ ရမ်ချိုတို့သူငယ်ချင်းသုံးယောက်နဲ့ ပြန်ဆုံတွေ့ရဦးမယ်
2026-09-05 01:44:23
11
she_is_a_cow
Nyein Thazin Phoo🧊 :
ဟိုတစ်ခါကမှအဲ့နေ့လေ တစ်နှစ်တောင်ကြာခဲ့ပြန်ပီပေါ့ အချိန်တွေရာ...
2026-09-05 01:33:09
9
hellomyanmar47
Hello Myanmar :
ဒီကားမှာ ဒီဘဲကိုအကြိုက်ဆုံးပဲ ဒီအခန်းကလဲ သမိုင်းတွင်ခဲ့တယ်
2026-09-05 03:29:19
5
To see more videos from user @learnwithtrphillips, please go to the Tikwm homepage.

Other Videos


About