@ashinkovidadhaja: တိုက်ကြီးမြို့နယ် ဥက္ကံမြို့ အနီးရှိ သစ်ခေါင်းကြီးရွာမှာ မိမိ ပရိဝါသ်ဆောက်တည်ဖို့ သွားခဲ့ပါတယ်၊ တပါးကျောင်းလေးတွေနဲ့ နေကြရပါတယ်၊ ဒဏ်သားသံဃာများပါတယ်၊ ၆၀/၇၀ကျော်ခန့် ရှိပါတယ်၊ ထူးခြားချက်က အဲဒီနယ်မြေရှိ မထေရ်ကြီးများ ဦးစီးကြတာပါ၊သာယာဝတီမြို့နဲ့နီးလို့ ဖားရွှေကျော် ရေတိုက်အင်းစတဲ့ ဂဠုန်ဆရာစံ တော်လှန်ထကြွ ခဲ့ရာဒေသက ဘုန်းကြီးများလည်း ပါရှိလာကြပါတယ်၊၊ အဲဒီမှာ မထေရ်ကြီးတပါးက သူ့ကျောင်းတိုက်မှာ ဖုန်းကိုင်ခွင့်မပြုဘူး စကားနားမထောင်ရင် အပပြု နှင်ထုတ်တယ်လို့ ပြောပါတယ်၊ မိမိတို့ ဘာပြောရဲပါ့မလဲ?ဝါလေး ၁၀ ဝါကျော်နဲ့။ ဥက္ကံမြို့ဘုရားကြီးတိုက်ဆိုတာ ဝိနယဂရုက လို့ လည်း ကြားဖူးထားတယ်၊ဘုရားကြီးတိုက်က ဟုတ် မဟုတ်တော့ မသိပါ။ မဟာထေရ်(ဝါ၂၀)ကျော်တဲ့ ကျောင်းထိုင်အချို့နဲ့ ရက်ကြာလာ ရင်းနီးလာခဲ့ပါတယ်၊ မိမိက အားတိုင်း Tablet နဲ့စာဖတ် စာရှာလုပ်တာ မြင်ကြရင်းက မိမိ Tablet ထဲပါတဲ့ Tipitaka Pali application တွေ ဝိနည်းPDFစာအုပ်တွေ စုထားတာကို တွေ့ကြပြီး စိတ်ဝင်တစားနဲ့ပဲ ပြောဖြစ်ခဲ့ကြပါတယ်။ တနေ့သား စောစောက ဖုန်းသုံးရင် နှင်ပစ်တယ် ဆိုတဲ့ မထေရ်ကြီးက ခေါ်တယ်လို့ ဦးဇင်းတပါးက လာပြောပါတယ်၊ မိမိ ရင်ထဲ ထိတ်သွားခဲ့တာပေါ့၊ ပရိဝါသ်ဆောက်တည်နေရင်း ဖုန်းသုံးတာကို ဆူရင်တော့ ငုံ့ခံနေမယ်၊ပြီးမှပဲ တပည့်တော် ဒီလို စာတွေ တရားတွေ ရှာဖတ်နေတာပါဘုရား လျှောက်ထားရှင်းပြမယ်လို့ပဲ စိတ်ထဲတွေးပြီး ခပ်ကြောက်ကြောက်နဲ့ သွားခဲ့ရတာပေါ့။ ဟိုရောက်လို့ ဦးချချိန် ဆရာတော်ကြီးက သူဖတ်လက်စစာအုပ် ခဏချပီး "ကိုယ်တော့်ဆီမှာ ပရိဝါသ်စာအုပ်တွေ ပါတယ် ဆို"တဲ့၊ မှန်ပါ့ ပြန်လျှောက်ရပါတယ်၊ သွား ယူ ချီ တဲ့၊စာအုပ်တွေ အယူခိုင်းပါလေရော၊ မိမိလည်း"စက္ကူစာအုပ်တွေ မဟုတ်ပါဘုရား၊ ဖုန်းထဲ ထည့်ထားပြီး ဖုန်းနဲ့ဖတ်ရတဲ့စာအုပ်ပါဘုရား"ဆိုတော့"ဟေ!!"တဲ့၊ မှန်း ပြစမ်း"ဆိုတော့ လက်ထဲ ပါလာခဲ့တဲ့ SamSung Tablet 8"ကို ဖွင့်ပြီး ပရိဝါသ်နဲ့ ဆိုင်ရာ pdf စာအုပ်များ ကို ပြပေးရပါတယ်။ စာလုံးသေးတယ် ဆိုလို့ enlarge လုပ်ပေးတော့ ဒီလိုလည်း လုပ်လို့ ရသလား တဲ့၊ ကျမ်းညွှန်းများကို Tipitaka Pali app သုံးပြီး ချက်ခြင်း ရှာပြပေးလိုက်ပါတယ်၊ ဆရာတော်ကြီးက ပါဠိ ရွတ်ပြတာကို မိမိက စာလုံးရိုက်ပီး စာရှာတာ လုပ်တော့ "ဒီလိုလည်း လုပ်လို့ ရသလား" တဲ့၊ "အဲဒါဘာခေါ်လဲ?"မေးလို့ Applicationခေါ်ကြောင်း ပိဋကတ်သုံးပုံလုံးအစုံ အကုန်ပါကြောင်း၊ အဋ္ဌကထာ,ဋီကာ,အည၊တိပိ အဘိဓာန်၊ပါဠိတော်မြန်မာပြန် တွဲလျှက် အသုံးပြုရပုံ၊ ပါဠိတော် မှ အဋ္ဌကထာ၊အဋ္ဌကထာ မှ ဋီကာ ပါဌ်ပြောင်း ရှာယူပုံတွေပါ သုံးပြလိုက်ပါတယ်။"ဒီလိုလည်း လုပ်လို့ ရသကိုး"တဲ့ ပြောပီ၊၊ ဆရာတော်ကြီးကလည်း စာပေသမားမို့ သူသိချင်ရာ အတော်များများကို ပြောပြ ရှာပြစေပါတယ်၊ တချို့ အဋ္ဌကထာ,ဋီကာဖွင့် နိဿယ မပါတာတွေကိုတော့ ရှာပြ မပေးနိုင်ခဲ့ပါဘူး။ အဲဒီလို ပိဋကတ်သုံးပုံ ပါဠိတော်,အဋ္ဌကထာ,ဋီကာ စတာအစုံအကုန်ပါတဲ့ Tablet တွေ ရန်ကုန်မြို့ မြို့မကျောင်းလမ်း ရှိ စိန်ရတနာပရိယတ္တိစာသင်တိုက်မှာ ဒေါက်တာခင်ခင်ရီတို့ လှူပေးနေပါကြောင်း(ထိုအချိန်က) လျှောက်ထားခဲ့ရပါသေးတယ်။ ဆွမ်းဘုဉ်းပြီး အချိုပွဲဝိုင်းကြတော့"ဖုန်းကို စာလုပ်တဲ့နေရာ၊စာရှာစာဖတ်လုပ်တဲ့နေရာ သုံးလို့ရတာ သူ သိလာပြီ"လို့ တခြားမထေရ်ကြီးတွေကိုပြောပြပါလေရော၊ခုဒီခေတ်က ပိဋကတ်သုံးပုံကို ဖုန်းထဲ ဆောင်ထားနိုင်ပြီ"လို့ပါ ဆက်ပြီး ဆရာတော်ကြီးက ပြောလိုက်ပါသေးတယ်။ ပရိဝါသ်ပွဲ မပြီးမီပဲ ဆရာတော်ကြီးက ခိုင်းလို့ဆိုပြီး ဦးဇင်းတပါးမိမိဆီကိုလာခဲ့ပါတယ်၊ သူ ယူလာတဲ့ဖုန်းထဲ မိမိဆီရှိတဲ့ PDFစာအုပ် 1သောင်းကျော်နဲ့ မိမိ သုံးနေတဲ့ Tipitaka Pali Application ၂ခုနဲ့ အခြား App 20ခန့် ကို Download ဆွဲယူ installing လုပ်ပေးပြီး သုံးရပုံပါ ပြပေးလိုက်ပါတယ်။ နောက်မှ ပြန်ပီး သိရတာက မိမိနဲ့ခင်မင်မိကြတဲ့ မဟာထေရ်ထဲ တပါးကို ဆရာတော်ကြီးက စာ အရှာခိုင်းရာက မိမိဆီပါလာကြောင်း ပြောလိုက်မိပါတယ်ဆိုပြီး ပြန်ပြောပြ သိလာရပါတယ်၊တော်ပါသေးရဲ့ အဆူ မခံရလို့။ ဘာပဲဖြစ်ဖြစ်လေ ရှေးရိုးစွဲအယူသန်တဲ့ သက်ကြီးဝါကြီးမထေရ်ကြီးအား တယ်လီဖုန်းကို ဒီလို တရားစာပေ လေ့လာရာမှာ ရှာဖွေရာမှာ ပြုစုရာတို့မှာ အသုံးပြုလို့ရကြောင်း ပြသပေးခွင့် ရလိုက်တာကိုပဲ မိမိမှာ ဝမ်းသာမိရပါတော့တယ်၊၊ Ashin Kovida.ကင်မွန်းစခန်း 5-9-2025.

အရှင်ကောဝိဒဓဇ
အရှင်ကောဝိဒဓဇ
Open In TikTok:
Region: MM
Saturday 05 September 2026 00:59:49 GMT
9318
502
0
6

Music

Download

Comments

There are no more comments for this video.
To see more videos from user @ashinkovidadhaja, please go to the Tikwm homepage.

Other Videos


About