@monstate007: မော်လမြိုင်မြို့ တောင်ရိုးတန်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ကွင်းဆင်းကြည့်ရှုစစ်ဆေး မွန်တို့ဌာနေ ၊ စက်တင်ဘာ ၅ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၏ သာယာလှပရေးနှင့် သဘာဝပတ်ဝန်းကျင် သန့်ရှင်းစင်ကြယ်စေရေးအတွက် တောင်ရိုးတန်းလမ်းရှိ တောင်ပေါက်ကျောင်းမှသည် သမိုင်းဝင် ကျိုက်သလ္လံစေတီတော်မြတ်ကြီးအထိ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ စုပေါင်း၍ တောင်ပေါက်ကျောင်းမှ ကျိုက်သလ္လံစေတီတော်သို့ သွားရာလမ်းတစ်လျှောက် ချုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ သန့်ရှင်းရေးပြုလုပ်ခြင်း၊ သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်းနှင့် အမှိုက်သရိုက်များ စနစ်တကျ သိမ်းဆည်းစွန့်ပစ်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က * သမိုင်းဝင် ကျိုက်သလ္လံစေတီတော်မြတ်ကြီးသို့ ပြည်တွင်းပြည်ပ ဘုရားဖူးပြည်သူများနှင့် နိုင်ငံခြားသားခရီးသွားများ စဉ်ဆက်မပြတ် လာရောက်လျက်ရှိသဖြင့် တောင်ရိုးတန်းတစ်လျှောက် စိမ်းလန်းစိုပြည်ပြီး အစဉ်သန့်ရှင်းသာယာနေစေရေး၊ * ရေစီးရေလာ ကောင်းမွန်စေရန် ရေနုတ်မြောင်းများကို စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်ရေး၊ * စွန့်ပစ်အမှိုက်များကို စနစ်တကျ စီမံခန့်ခွဲရှင်းလင်းရေးနှင့် * ပြည်သူများ သန့်ရှင်းရေးအသိစိတ်ဓာတ်ဖြင့် ပူးပေါင်းပါဝင်လာစေရန် ဆောင်ရွက်ရေးတို့ကို တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ #mon #myanmar #fyp #foryoupage #mawlamyine

မွန်တို့ဌာနေ
မွန်တို့ဌာနေ
Open In TikTok:
Region: MM
Saturday 05 September 2026 02:39:32 GMT
3794
122
2
7

Music

Download

Comments

kyaw.zin.min803
kyaw zin min :
တောင်ရိုးတန်းဆင်းတဲ့လမ်းတွေပျက်နေတယ်။လမ်းဘေးရေဆင်းမြောင်းတွေကသေးတော့လမ်းပေါ်ရေတတ်ပီးလမ်းတွေခဏခဏပျက်တယ်။
2026-09-05 05:06:17
0
To see more videos from user @monstate007, please go to the Tikwm homepage.

Other Videos


About