@user5267433128467: ကုန်မှာကြောက်လို့ မလှူပဲမနေနဲ့ ကုန်မှာကြောက်လို့ မလှူလို့ရှိရင် အဲ့ဒီကုန်ခြင်းတရားဟာ ကိုယ့်ဆီရောက်မယ်။ မြတ်စွာဘုရားကိုယ်တိုင်က "ဒါနသမ္ဘူတာ ဘောဂါ" — လူတွေဒီကနေ့ အသုံးပြုနေကြတဲ့ ပစ္စည်းဥစ္စာတွေဟာ ဒါနဆိုတဲ့ ကုသိုလ်ကံက ဖန်တီးပေးလို့ သုံးစွဲနေကြတာလို့။ သို့သော် သာမန်အားဖြင့် လူတွေက ထင်လိမ့်မယ် — ကိုယ်ကိုယ်တိုင် နေ့မနား ညမအား ရှာကြံထားလို့ ရတာပါ၊ ဒါနကောင်းမှုကြောင့် မဟုတ်ပါဘူးလို့ ငြင်းတဲ့လူ ရှိကောင်းရှိလိမ့်မယ်။ သို့သော် စဉ်းစားကြည့်ဖို့ရာ— လောကလူတွေ အားလုံးဟာ ရှာနေကြတာ။ ကိုယ့်မြို့ ကိုယ့်ဒေသ ရှာလို့ အားမရလို့ ဖားကန့်တက်ပြီးတော့ ရေမဆေးကျောက် ရှာနေတာတွေ တွေ့တယ်မလား။ ရှာတဲ့လူတိုင်း ရရဲ့လား။ (မရပါဘူးဘုရား)။ အေး... အရောင်းအဝယ်ကိစ္စပဲ ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် လုံ့လဝီရိယ စိုက်ထုတ်တိုင်း ရရဲ့လားဆိုတော့ မရဘူး။ ဒါကြောင့်မို့ ရတယ်ဆိုတဲ့လူတွေဟာ ဘယ်သူက ပေးတာတုံးဆိုရင် ဒါနကောင်းမှုကြောင့်။ မလှူဘူး၊ မတန်းဘူး၊ မစ္ဆရိယတရားတွေ လွှမ်းခြုံထားမယ်ဆိုလို့ရှိရင် အဲ့ဒီပုဂ္ဂိုလ်ဟာ ဆင်းရဲမှာကြောက်လို့၊ ပစ္စည်းကုန်မှာကြောက်လို့ မလှူလို့ရှိရင် အဲ့ဒီမလှူခြင်းကြောင့် သူကြောက်တဲ့ ဆင်းရဲဒုက္ခ သူ့ဆီ ရောက်လာမယ်လို့ ဒီလိုဟောထားတယ်နော်။ သူကြောက်တဲ့ဟာ သူ လက်ခံနေသလိုဖြစ်တယ်။ မြတ်စွာဘုရားက "ယဒါ ကမ္မက္ခယော ဟောတိ၊ သဗ္ဗံ မိတ္တံ ဝိနဿတိ" — ကံကုန်သွားပြီဆိုရင် အားလုံး ပျက်စီးတယ်။ သာဝတ္ထိက သူဌေးတစ်ယောက်ဆိုရင် အင်မတန် ချမ်းသာလို့ ဘဏ္ဍာတိုက်ထဲမှာ ရွှေချောင်းတွေ သိမ်းထားတာ၊ ကံကုန်သွားပြီဆိုတော့ ရွှေချောင်းတွေက မီးသွေးဖြစ်သွားတာ။ #ဗုဒ္ဓံသရဏံဂစ္ဆာမိပါဘုရား #buddha #ဗုဒ္ဓဘာသာအမွေထွန်းလင်းနိုင်ပါစေ🙏🙏🙏 #buddhism
ဗုဒ္ဓ မြတ်ဘုရား၏ တရားတိုများ
Region: MY
Saturday 05 September 2026 02:51:55 GMT
Music
Download
Comments
💕 Khaing 💞 :
🙏🏻🙏🏻🙏🏻
2026-09-06 12:15:18
1
Ko Ko Naing :
[Pray][Pray][Pray][Pray]
2026-09-06 00:22:12
1
မေမြတ်သဒ္ဓါ :
🙏🙏🙏🙏🙏🙏🙏
2026-09-05 07:01:37
1
Daw Win Win Khaing🇲🇲🇱🇦ယော :
🙏🙏🙏
2026-09-05 06:57:17
1
ZarNi :
🙏🙏🙏
2026-09-05 04:12:20
1
KoYe :
🙏🙏🙏
2026-09-05 03:26:01
1
Moe Myat :
🙏🙏🙏🙏🙏
2026-09-08 09:06:31
1
To see more videos from user @user5267433128467, please go to the Tikwm
homepage.