@luminhtun7777777: မြန်မာပြန်ရောက်ပြီး ရက် ၄၀ ကျော်က ဘယ်လိုကုန်သွားမှန်းတောင် မသိလိုက်ဘူး။ ဒီတစ်ခေါက်က ကားတွေလိုက်ကြည့်တာ၊ ကိုယ့်ကားတွေပြင်တာလောက်တင်မဟုတ်ဘဲ လူအသစ်တွေအများကြီးတွေ့ခဲ့တယ်၊ သူငယ်ချင်းဟောင်းတွေနဲ့ ပြန်ဆုံခဲ့တယ်၊ Workshop တွေ၊ Car Meet တွေ၊ Drift ပွဲတွေ၊ Track တွေလည်း သွားဖြစ်ခဲ့တယ်။ ကိုယ်အရင်ကမသိခဲ့တဲ့ ကားတွေ၊ လူတွေ၊ Story တွေလည်း အများကြီး သိလာခဲ့တယ်။ တချို့နေ့တွေက မနက်ကနေညအထိ ကားနဲ့ပဲ လမ်းပေါ်မှာရှိတယ်။ တချို့နေ့တွေက ကားတစ်စီးအကြောင်း Video တစ်ပုဒ်ရဖို့ တစ်နေ့လုံးကုန်တယ် 😂 ပင်ပန်းတာတော့ ပင်ပန်းပါတယ်။ ဒါပေမယ့် ကျွန်တော်ကြိုက်တဲ့အရာတွေကို လုပ်နေရတာမို့ ပျော်ပါတယ်။ ဒီအချိန်မှာ Content တွေကိုလည်း အရင်ထက်ပို serious လုပ်ဖြစ်လာတယ်။ ကားလှလှတွေပြရုံမဟုတ်တော့ဘဲ Tuning, Suspension, Exhaust, Motorsport, Drift, Track Culture စတာတွေကို ကိုယ်လေ့လာသလောက် ပြန်မျှဝေဖို့ ကြိုးစားခဲ့ပါတယ်။ အံ့ဩစရာကတော့ ကျွန်တော်မျှော်လင့်ထားတာထက် လူတွေက အများကြီးပို support ပေးခဲ့ကြတာပါ။ ဒီကာလနဲ့နီးနီးစပ်စပ် Facebook Analytics မှာ— 28 days အတွင်း 1.31 Million views ကျော်, 109,000 ကျော် engagements, 3,600 ကျော် new followers ရခဲ့ပြီး၊ Page ကလည်း 10,000 followers ကျော် သွားခဲ့ပါတယ်။ TikTok မှာလည်း 60 days အတွင်း 718,000 ကျော် views နဲ့ 250,000 ကျော် viewers ရှိလာခဲ့ပါတယ်။ ဒီ Numbers တွေကို ထည့်ရေးတာ “ငါဘယ်လောက်ကောင်းတယ်” ဆိုပြီး ပြချင်လို့ မဟုတ်ပါဘူး။ အရင်က ကိုယ်ကြိုက်လို့ Video လေးတွေတင်နေရာကနေ ဒီလောက်လူတွေ အချိန်ပေးကြည့်လာမယ်လို့ တကယ်မထင်ခဲ့လို့ပါ။ Like လုပ်ပေးတဲ့သူ၊ Share လုပ်ပေးတဲ့သူ၊ Comment မှာ ကိုယ်မသိတာ ပြန်သင်ပေးတဲ့သူ၊ လမ်းမှာတွေ့ရင် လာနှုတ်ဆက်တဲ့သူတွေ အားလုံးကို တကယ်ကျေးဇူးတင်ပါတယ်။ ကျွန်တော်လည်း ကားအကြောင်း အကုန်သိတဲ့သူမဟုတ်ပါဘူး။ ကိုယ်လည်း လေ့လာနေတုန်းပါ။ မှားတာရှိရင် ပြန်ပြင်မယ်။ အသစ်တွေ့တာရှိရင် ပြန်မျှဝေမယ်။ ကားလှလှတွေတွေ့ရင်လည်း အတူတူကြည့်ကြမယ် 😂 ဒီ 40 days ကနေ တစ်ခုတော့ ပိုသေချာလာတယ်။ Myanmar မှာ Car Culture နဲ့ Motorsport ကို တကယ်ချစ်တဲ့လူတွေ အများကြီးရှိတယ်။ လိုနေတာက သူတို့တွေ့ဆုံနိုင်မယ့်နေရာတွေ၊ ကားကို safe ဖြစ်ဖြစ် မောင်းနိုင်မယ့် Track တွေ၊ Drift, Drag, Time Attack လုပ်နိုင်မယ့်နေရာတွေ၊ ပြီးတော့ ဒီ Culture ကို အတူတူ support လုပ်ပေးမယ့် လူတွေပိုများလာဖို့ပါ။ ကျွန်တော်လည်း အခုမှ စနေတုန်းပါ။ ဘယ်အထိရောက်မလဲ မသိသေးဘူး။ ဒါပေမယ့် ကိုယ်ကြိုက်တဲ့ကားတွေကိုကြည့်ရင်း၊ မောင်းရင်း၊ လေ့လာရင်း၊ သိတာလေးတွေမျှဝေရင်း ဆက်သွားပါမယ်။ ဒီ 40 days အတွင်း အတူပါလာပေးတဲ့သူအားလုံး ကျေးဇူးတင်ပါတယ်။ ❤️ See you on the next drive. 🇲🇲🏁
Lumin777
Region: CA
Saturday 05 September 2026 13:30:00 GMT
Music
Download
Comments
mgseingyi26414 :
🛞🛞🛞
2026-09-05 13:54:12
1
To see more videos from user @luminhtun7777777, please go to the Tikwm
homepage.