@duongquynh11036: Nào ai đã một lần đc iuu đâu bt #tiệmđiệnthoạiocenamlx #xuhuong #duongquynh11036 #xhuonggggggggggggggggggggggggggggg

Như quỳnhh
Như quỳnhh
Open In TikTok:
Region: VN
Saturday 05 September 2026 05:18:22 GMT
4262
461
5
2

Music

Download

Comments

dangcuthanh
Cơ khí Hoài Thanh :
Xinh
2026-09-14 01:40:52
0
sn.l54769
Sơn Lê :
2026-09-05 07:54:37
0
loocjlof
😎 :
2026-09-08 06:09:54
0
vulinh198
LINH NGUYỄN 105X :
🥰🥰🥰
2026-09-05 05:22:01
0
user3591826399323
tiktoker@h :
🥰
2026-09-06 07:16:04
0
To see more videos from user @duongquynh11036, please go to the Tikwm homepage.

Other Videos

အမျိုးသမီးရဲ့ 'အလိုမပြည့်နိုင်ခြင်း' ကြောင့် ပျက်စီးသွားရတဲ့ အိမ်ထောင်ရေးတွေလည်း ရှိတာပါပဲ
အမျိုးသမီးရဲ့ 'အလိုမပြည့်နိုင်ခြင်း' ကြောင့် ပျက်စီးသွားရတဲ့ အိမ်ထောင်ရေးတွေလည်း ရှိတာပါပဲ" အိမ်ထောင်ရေးတစ်ခု မသာယာဘူးဆိုတာနဲ့ ပတ်ဝန်းကျင်က အမျိုးသားတွေကိုပဲ လက်ညှိုးထိုး အပြစ်တင်တတ်ကြတာ ခုခေတ် အထာလို ဖြစ်နေပြီ။ ဒါပေမဲ့ လက်တွေ့လောကမှာ... အမျိုးသားဘက်က စီးပွားရေးလည်း ကြိုးစားတယ်၊ အိမ်ထောင်အပေါ်မှာလည်း သစ္စာရှိတယ်၊ ဇနီးဖြစ်သူကိုလည်း အလိုလိုက်ပါလျက်နဲ့ အမျိုးသမီးတချို့ရဲ့ စရိုက်နဲ့ အယူအဆအလွဲတွေကြောင့် တိတ်တဆိတ် ကျိုးကြေနေရတဲ့ အိမ်ထောင်ရေးတွေ အများကြီး ရှိပါတယ်။ ၁။ အလိုမပြည့်နိုင်တဲ့ နှိုင်းယှဉ်ခြင်းအဆိပ်။ ယောက်ျားက အပြင်မှာ ဘယ်လောက်ပဲ ပင်ပန်းခံရှာဖွေပေးနေပါစေ... အကောင်းမမြင်တတ်ဘဲ "ဟိုအိမ်ကယောက်ျားက ဘာဝယ်ပေးတာ၊ ဒီလူကတော့ ဘယ်လိုချမ်းသာတာ" ဆိုပြီး လိုက်နှိုင်းယှဉ်တတ်တဲ့အကျင့်ဟာ ယောက်ျားတစ်ယောက်ရဲ့ ကြိုးစားအားထုတ်မှုကို ရိုက်ချိုးလိုက်တာပါပဲ။ တောင်းဆိုမှုတွေ၊ အလိုမပြည့်မှုတွေ များလာတဲ့အခါ အိမ်ဟာ နားခိုရာမဟုတ်ဘဲ ပူလောင်ရာဖြစ်လာပါတယ်။ ၂။ အလိုလိုက်တာကို အခွင့်အရေးယူပြီး အတ္တကြီးခြင်း ကိုယ့်ကို ချစ်လို့၊ တန်ဖိုးထားလို့ အမြဲအလျှော့ပေး၊ သည်းခံပေးတာကို အခွင့်အရေးယူပြီး... အိမ်တွင်းမှာ နိုင်ထက်စီးနင်းလုပ်တာ၊ အနိုင်လိုချင်လွန်းလို့ စကားလုံးကြမ်းတွေနဲ့ စော်ကားတာမျိုးဟာ ယောက်ျားတစ်ယောက်ကို စိတ်ကုန်သွားစေတဲ့ အဓိကအချက်ပါ။ သည်းခံခြင်းမှာ ကန့်သတ်ချက်ရှိတာမို့လို့ စိတ်ပျက်သွားတဲ့နေ့ကျရင်တော့ ပြန်ဆွဲလို့မရတော့ပါဘူး။ ၃။ စာနာမှုကင်းမဲ့ပြီး အပြစ်ပဲရှာနေခြင်း အပြင်မှာ စီးပွားရေး လောကဓံဒဏ်တွေကြောင့် ပင်ပန်းနွမ်းနယ်ပြီး အိမ်ပြန်လာတဲ့အခါ... နွေးထွေးတဲ့ အားပေးစကား၊ အဆင်ပြေရဲ့လားဆိုတဲ့ စာနာမှုမျိုး မပေးဘဲ အိမ်ရောက်တာနဲ့ အပြစ်တွေချည်း လိုက်ရှာ၊ ပြဿနာရှာ စာရင်းရှင်းနေမယ်ဆိုရင် ဘယ်ယောက်ျားမှ အိမ်ကို မပြန်ချင်တော့ပါဘူး။ "အိမ်ထောင်ရေးဆိုတာ နှစ်ဦးသဘောတူ တည်ဆောက်ရတဲ့ စက်ဝိုင်းတစ်ခုပါ။ ၄။ အလိုမပြည့်နိုင်တဲ့ "အတ္တနဲ့ မောဟ" ယောကျ်ားဖြစ်သူက ရသလောက် ဝင်ငွေနဲ့ မိသားစုကို အကောင်းဆုံး ထောက်ပံ့ပေးထားတာကို အသိအမှတ်မပြုဘဲ... သူများယောကျ်ား တွေနဲ့ လိုက်နှိုင်းယှဉ်ပြီး အမြဲတမ်း အလိုလောဘ ပြည့်သည်မရှိ အပြစ်ရှာ ညည်းတွားတတ်ကြတယ်။ ကိုယ့်ယောကျ်ားရဲ့ ရုန်းကန်မှုကို တန်ဖိုးမထားဘဲ အလိုမပြည့်နိုင်တာဟာ ယောကျ်ားတစ်ယောက်ကို စိတ်အပျက်စေဆုံးပါပဲ။ ယောက်ျားတစ်ယောက်က ဘယ်လောက်ပဲ ကောင်းမွန်တဲ့ ခေါင်းဆောင်ဖြစ်ပါစေ... ဘေးက ပံ့ပိုးပေးရမယ့် အမျိုးသမီးက အမြဲတမ်း ပူလောင် အဆိပ်အတောက် ဖြစ်နေမယ်ဆိုရင်တော့ အဲ့ဒီအိမ်ထောင်ရေးဟာ ဘယ်လိုမှ ရေရှည်မသာယာနိုင်ပါဘူး။" ၅။ "အတင်းအဖျင်းနဲ့ နားယောင်ခြင်း" အိမ်တွင်းရေးကိစ္စတွေကို ပတ်ဝန်းကျင်က လူတကာထံ လျှောက်ပြောတာ၊ သူများကောက်ချက်ချတဲ့ စကားတွေနောက်ကို လိုက်ပြီး ကိုယ့်ယောက်ျားကိုယ် ပြန်သံသယဝင် တိုက်ခိုက်တာမျိုးပါ။ အပြင်လူစကားကို ကိုယ့်ယောကျ်ားထက် ပိုယုံကြည်နေသရွေ့ အဲ့ဒီအိမ်မှာ ဘယ်တော့မှ အေးချမ်းမှု မရှိနိုင်ပါဘူး။ ၆။ ကိုယ့်ကို ချစ်တဲ့အပေါ် "အခွင့်အရေးယူပြီး အနိုင်ကျင့်ခြင်း" သူက ကိုယ့်ကို ချစ်လွန်းလို့၊ အိမ်ထောင်ရေး အဆင်ပြေစေချင်လို့ အမြဲဦးညွှတ် အလျှော့ပေးနေတာကို အခွင့်ကောင်းယူပြီး... စကားလုံးရိုင်းစိုင်းတာ၊ သိက္ခာချတာ၊ ရန်တွေ့ရင် ကက်ကက်လန်အောင် နိုင်ထက်စီးနင်း လုပ်တာမျိုးပါ။ "လောကမှာ သည်းခံခြင်းဆိုတာ အတိုင်းအတာ ရှိပါတယ်။ ဘယ်လောက်ပဲ ကောင်းတဲ့ ယောကျ်ားဖြစ်ပါစေ... သူ့ရဲ့ စေတနာတွေ နင်းခြေခံရပြီး စိတ်ကုန်သွားတဲ့နေ့မှာတော့... ဘယ်လိုမှ ဆွဲထားလို့မရအောင် အပြီးတိုင် ကျောခိုင်းထွက်သွားတတ်ကြတာ လူ့သဘာဝပါပဲ...။" အိမ်ထောင်ရေးဆိုတာ အမိုးနဲ့ အကာလိုပါပဲ။ အမျိုးသားက အမိုးအဖြစ် မုန်တိုင်းဒဏ် ခံပေးထားရင်... အမျိုးသမီးကလည်း နွေးထွေးတဲ့ အကာအရံအဖြစ် အလိုက်သိတတ်မှု၊ နားလည်မှုတွေနဲ့ တည်ဆောက်မှသာ အေးချမ်းတဲ့ "အိမ်" စစ်စစ် ဖြစ်လာမှာပါ.....။ #crdပေးပါတယ်နော်🥰 #ဒီတစ်ပုဒ်တော့fypပေါ်ရောက်ချင်တယ် #အိမ်ထောင်ရေးသာယာဖို့

About