@sitisuhaibah287: #Khit Thit သတင်းဌာန၏ စက်တင်ဘာ ၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၅ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးရဲ့သားဖြစ်သူ ကျော်ဇေနိုင်နဲ့ စီးပွားရေး လုပ်ငန်းရှင် မြင့်သန်းတို့ ပူးတွဲဝယ်ယူထားတယ်လို့ဆိုတဲ့ မြေကွက်ကို ကမ္ဘောဇဘဏ် (KBZ Bank) က ၎င်းတို့ပိုင်ဆိုင်တဲ့မြေဖြစ်တယ်လို့ဆိုကာ လူအုပ်စုနဲ့ ဝင်ရောက်သိမ်းယူခဲ့ပြီး မြေကွက်ကနေ ထွက်ခွာပေးဖို့ ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးရဲ့သား ကျော်ဇေနိုင်ကို ခြိမ်းခြောက်မှု ဖြစ်ပွားတယ်လို့ သိရပါတယ်။ - ကရင်ပြည်နယ် စစ်မျက်နှာမှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံ စစ်သုံ့ပန်းတွေထဲက ၇ ဦးက KNLA တပ်ဖွဲ့အတွင်း ပြန်လည်ဝင်ရောက် တာဝန်ထမ်းဆောင်ကာ စစ်ကောင်စီတပ်ကို တန်ပြန်တိုက်ခိုက်လိုတယ်လို့ အဆိုပြုခဲ့ကြတယ်လို့ KNLA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ - စစ်ကိုင်းမြို့နယ်မှာ တပ်မ ၃၃ က မုံရွာ နမခကို သွားရောက်တဲ့ စစ်ယာဉ်တန်းအား လုံခြုံရေးယူပေးရင်း ပြည်သူတွေထံက ဆက်ကြေးကောက်ခံနေတဲ့ ရဲတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦး သေဆုံးသွားတယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း) က သတင်း ထုတ်ပြန်ထားပါတယ်။ - အီရန်စစ်တပ်ဘက်ကတော့ အမေရိကန်နဲ့ အစ္စရေးတို့ဟာ ဒီစစ်ပွဲမှာ သူတို့လိုချင်တဲ့ အဓိကရည်မှန်းချက်တွေကို မအောင်မြင်ခဲ့ဘူးလို့ ပြောတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ @💕ကိုကိုရဲ့ညီမလေး💕👬

💕ကိုကိုရဲ့ညီမလေး💕👬
💕ကိုကိုရဲ့ညီမလေး💕👬
Open In TikTok:
Region: MY
Saturday 05 September 2026 07:41:27 GMT
13210
471
8
12

Music

Download

Comments

kmt9832
kmt :
ပေါင်ထားတဲ့အိမ်တွေကို ဘဏ်တွေက သတ် မှတ်ထားတဲ့အလံအရောင်တစ်ခုထောင်ထား ရင် အခြားပြည်သူတွေလည်း မနစ်နာတော့ ဘူးပေါ့
2026-09-05 09:19:58
0
soear14
[ဆံတော်ရှင်]မြေငူကျွန်းက=ရဟန်း :
🥰🥰🥰💚💚💚🥰🥰🥰💚💚💚🥰🥰🥰💚💚💚🥰🥰🥰💚💚💚🥰🥰🥰💚💚💚🥰🥰🥰💚💚💚🥰🥰🥰💚💚💚🥰🥰🥰💚💚💚
2026-09-05 07:46:25
1
than.lwin8719
Than Lwin :
😂😂😂
2026-09-05 08:46:15
0
user9358283818880
U Kyaw :
😳😳😳
2026-09-05 08:51:50
0
la.dy.owner
LA DY OWNER :
🥰🥰🥰
2026-09-05 08:41:45
0
kaykay3498
KayKay :
🥰🥰🥰
2026-09-05 08:44:31
0
user9358283818880
U Kyaw :
😳😳😳
2026-09-05 08:51:51
0
phoe1826
Phoe :
😁😁😁
2026-09-05 10:27:35
0
To see more videos from user @sitisuhaibah287, please go to the Tikwm homepage.

Other Videos


About