@accountnotfound99th: အချစ်ကြီးလွန်းတဲ့ ယောကျ်ားတစ်ယောက်ရဲ့ ချစ်ခြင်းကို "မွန်းကြပ်တယ်" လို့ ခေါင်းစဉ် တပ်ပြီး စွန့်ခွာချင်နေသူတွေရှိရင်... ပေါ့ပျက် ပျက်နဲ့ အလေးမထားတတ်တဲ့သူမျိုးနဲ့ တစ် ခေါက်လောက် တွဲကြည့်လိုက်ပါ။ အဲ့ဒီအခါ ကျမှ ပထမလူရဲ့ တန်ဖိုးနဲ့ စေတနာကို အတ္တ မပါဘဲ ပွင့်ပွင့်လင်းလင်း နားလည်လာပါလိမ့် မယ်။ ဒီဘက်ခေတ် မိန်းကလေးတော်တော် များများရဲ့ အမှားက... ကိုယ့်အပေါ် အရမ်း ချစ်ပေးလွန်း၊ အရမ်းဂရုစိုက်ပေးလွန်းနေရင် မွန်းကြပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပေါ့ ပျက်ပျက်ကောင်တွေကိုမှ ပိုပြီး ဆွဲဆောင်မှု ရှိတယ်လို့ ထင်တတ်ကြတာပါပဲ။ စတင်တွဲခါစ မှာတော့ လွတ်လပ်တယ်၊ စိတ်ပေါ့ပါးတယ်၊ ချစ်ရတာ မပင်ပန်းဘူးလို့ ထင်ရပေမဲ့ အချိန် တစ်ခု ကြာလာတဲ့အခါ အဲ့ဒီလူနှစ်ယောက်ရဲ့ ကွာခြားချက်က မိုးနဲ့မြေလို ကွာခြားသွားတာ ကို တွေ့ရလိမ့်မယ်။ ပထမလူက ပြောလိမ့်မယ် "ညဘက်တွေ အပြင်အရမ်းမထွက်ပါနဲ့ ကိုယ် စိတ်မချလို့ပါ"၊ "ဟိုလူနဲ့ သိပ်မပတ်သက်ပါနဲ့ ကိုယ် သူ့ကို မယုံလို့ပါ၊" "အတိုအပြတ်တွေ အရမ်းမဝတ်ပါနဲ့ ကိုယ် တန်ဖိုးထားရတဲ့သူကို သူများတွေ မကောင်းတဲ့စိတ်နဲ့ ကြည့်တာမျိုး မလိုချင်လို့ပါ"။ ဒုတိယလူကတော့ ပြောလိမ့် မယ် "မင်း ကြိုက်တဲ့နေရာ သွားပါ... ဒါပေမဲ့ သူ့ကိုလည်း မင်း လာမချုပ်ချယ်နဲ့"၊ "မင်း ကြိုက်တဲ့သူနဲ့ ပတ်သက်ပါ ဒါပေမဲ့ သူ တခြား မိန်းကလေးတွေနဲ့ ရှုပ်ပွေနေရင်လည်း မင်း တိတ်ဆိတ်စွာ လက်ခံရလိမ့်မယ်"၊ "မင်း ကြိုက် တာ ဝတ်ပါ... ဒါပေမဲ့ တခြားမိန်းကလေးတစ် ယောက်ကို မကောင်းတဲ့အကြည့်နဲ့ ကြည့်နေ မယ့်သူတွေထဲမှာ သူလည်း အပါအဝင် ဖြစ် နေလိမ့်မယ်"။ ပထမလူကို ချစ်ရတာ မွန်းကြပ် တယ်၊ စိတ်ပင်ပန်းတယ်၊ စည်းတွေအများ ကြီးနဲ့ ချုပ်ချယ်တယ်လို့ သတ်မှတ်ခဲ့ပေမဲ့... ဒုတိယလူမျိုးနဲ့ အမှန်တကယ် ရင်ဆိုင်ကြည့် လိုက်ရတဲ့အခါမှ ပထမလူရဲ့ ဂရုစိုက်မှု၊ စိုး ရိမ်မှုနဲ့ ကာကွယ်ပေးချင်မှုတွေဟာ ဘယ် လောက်တောင် အဖိုးတန်ခဲ့သလဲဆိုတာ ဝမ်း နည်းစွာနဲ့ နားလည်သွားလိမ့်မယ်။ တကယ် တော့ ဂရုစိုက်ခံရတာ၊ မြတ်နိုးခံရတာနဲ့ တန် ဖိုးထားခံရတာတွေကို ဘာလို့ မွန်းကြပ်မှုလို့ သတ်မှတ်နေကြတာလဲ။ ဒါတွေဟာ စိတ်ပျက် စရာ မဟုတ်ဘဲ အချစ်စစ်ရဲ့ သင်္ကေတတစ်ခု မဟုတ်ဘူးလား။ ဒါမှမဟုတ် ဒီလိုစစ်မှန်တဲ့ မေတ္တာမျိုးကို မမြင်နိုင်တော့ဘဲ ပေါ့ပျက် ပျက်နဲ့ တန်ဖိုးမထားတတ်တဲ့ အချစ်အတု အယောင်တွေကိုမှ "အချစ်စစ်" လို့ လွဲမှား စွာ ထင်မှတ်နေကြတာများလား...။#fypシ #views #crd_to_owner_with_respect #foryoupage #foryou
@itzzur_kenx
Region: MM
Saturday 05 September 2026 12:54:42 GMT
Music
Download
Comments
•°²•မောင်ပို🗯🗯 :
သူ့ကိုနာလည်စေချင်လိုက်တာဗျာ😓
2026-09-16 14:13:22
1
Magaki3 :
rpတော့ထားလိုက်မယ် သူက blထားတယ်ဆိုဘေမဲ့ fake accနဲ့ လာကြည့်ရင်တော့ သူလေးလဲ နားလည်မှာပါ😌🥀
2026-09-10 18:12:04
6
♒𝒫ℋ𝒴𝒪 𝒢𝒴ℐ♒ :
coupy ယူခွင့်ပေးပါဗျ
2026-09-06 16:29:30
1
S. :
ရင်ထဲပဲထားလိုက်ပြီဗျာRpလို့fakeနဲ့လာကြည့်လို့မြင်ရင်ဝမ်းနည်းနေအုံးမယ်
2026-09-09 10:25:12
1
楤啊•|*༄𝓜𝓰 𝓴𝓱𝓪𝓷𝓽✓™♛ 🇲🇲 :
Copy ယူသုံးခွင့် ပြုပါ
2026-09-14 17:55:54
1
Aung Phyo Thant :
3နှစ်တွဲခဲ့တာတောင် ကိုချစ်တာကိုနားမလည်တဲ့သူ
ကိုယ်ကအကောင်းဆုံးသူ့အတွက်ဖြည့်ဆည်းပေးတာတောင် ပေါ့ပျက်ပျက်နဲ့လိုသုံးလိုဆက်ဆံခံခဲ့ရတယ် နားလည်မှုတေပေးရတာများလာတဲ့ခါ နာကျင်ရပါတယ်ဗျာ
2026-09-14 10:30:09
0
ImPusu :
repost လုပ်ချင်တယ် ဒါပေမဲ့ လုပ်ရင် ထားသွားတော့မှာ
2026-09-11 14:58:08
1
fuuto :
သူကျနော့်ကိုချစ်တယ်လို့ပြောတယ်ဒါပေမဲ့လေsocialမှာတော့ ချစ်နေတဲ့သူလဲမရှိဘူး
crush နေတဲ့သူလဲမရှိဘူး ဘယ်သူ့ကိုမှလဲမကြိုက်ဘူးဆိုတဲ့ vdလေးကို rpလုပ်ထားတာလေးတွေ့ခဲ့တယ်။
ဒါပေမဲ့ ကျနော်စိတ်လဲမဆိုးခဲ့သလို ပြောလဲမပြောခဲ့ပါဘူး ဘာလို့ကိုယ့်ကြောက် သူ့စိတ်ထိခိုက်သွားမှာကိုမလိုလားလို့ပါ။
ဘယ်ပန်းမှ ပျားတစ်ကောင်အတွက်နဲ့ အနားမှာဝဲပျံနေတဲ့ပျားအများရီးကိုဆုံးရှုံးခံပမလဲဆိုပြီးဖြည့်တွေးပေးခဲ့ပါတယ်။
သူတစ်ခြားတစ်ယောက်ကို ကျနော့်ထက်ကောင်းတယ်လို့ထင်နိုင်ပါတယ် ဒါပေမဲ့ ကျနော်ပေးနေတဲ့အရာတွေက ကျနော်ကိုယ်တိုင်တောင် တစ်ခါမှ မရဘူးတဲ့အရာမျိုးတွေပါ။
2026-09-14 10:58:28
0
🫀 :
သူ့ကိုနားလည်စေချင်လိုက်တာဗျာ
2026-09-10 11:49:01
1
Htet Ko Ko Lwin :
စိတ်ပျက်လာပြီတဲ့ဗျာ ဖုန်းတွေခေါ်တာ စာတွေပို့နေမိတာ သဝန်တိုမိတာတွေကို 😔
2026-09-06 09:51:04
1
Htet :
အချစ်တွေကထပ်တူမကျရင် လက်လွှတ်ရတာမျိုးပါ..။
2026-09-13 05:06:09
0
wai myint hein :
ဟူးး မပြောတန်တော့ပါဘူး ဗျာ😊
2026-09-11 15:01:43
0
𝐑𝐲𝐚𝐧//စာရှည်☆ :
❤️
2026-09-09 05:37:25
1
Kai Ji.. :
bro စာသား လေး ပေးပလား
2026-09-06 08:06:23
0
𝐌 🐢 :
ငါပေါ့ ဝဋ်လည်နေတာအဲလိုလူနဲ့တွေ့နေရလို့
2026-09-12 17:49:21
1
Zin Mar Khaing :
တ ယောက်ထဲကပဲ အစပိုင်းမာ ပထမလူလို ဖစ်ခဲ့ပီး နောက်ပိုင်းမာ တဖြည်းဖြည်းနဲ့ ဒုတိယလူလို ဖစ်လာတယ်
2026-09-13 08:37:32
1
JSPKK :
ချစ်တခုမှာက နားလည်မှု ယုံကြည်မှုမရှိရင် တနေ့သေချာခွဲးခွာကြရမှာပါဘဲ
2026-09-15 04:49:59
1
KoAung :
စာသားလေးယူသုံးမယ်ညီကို
2026-09-12 08:55:25
0
kular :
ဟူး...🥹
2026-09-11 07:24:11
1
@Xenon#$$$ :
ပြန်တင်မယ်ဗျာ
2026-09-11 14:11:16
0
Zˢʰ :
စာသားလေး ယူသုံးမယ်နော် bro😞
2026-09-11 12:31:01
1
RINTO-SAMA :
2026-09-17 02:10:57
0
Pog O”zil :
ဟုတ်တယ်ဗျာ ဒီဘက်ခေတ်မိန်းကလေးတေက. အပေါ်ယံ ဂရုစိုက်တက်တယ် သူတေကိုပဲ တကယ်ချစ်တယ် ထင်နေကြတာ ဒါပင်မယ့် သူတို့က. ပြောလိုက်ရင် အချစ်ရေးလည်း ကံကောင်းချင်တယ် အိမ်ထောင်ရေးလည်း ကံကောင်းချင်တယ် ဒါပင်မယ့် အပေါ်ယံတေကြ အထင်ကြီးတယ် သိပ်ခက်တယ်ဗျာ....😧
2026-09-11 12:00:56
0
❤️🔥LuuGyi 🫶🏼Chaw🫶🏼 :
❤️🩹🥀😅
2026-09-17 03:04:55
1
To see more videos from user @accountnotfound99th, please go to the Tikwm
homepage.