@lawyer.daw.thazin: 🟣သတင်းစာထဲတွင် သား/သမီးအဖြစ် အမွေပြတ်စွန့်လွှတ်ခြင်းဟာ တရားဝင်ပါသလား?? ❇️သားသမီးများ တော်တော်ဆိုးသွမ်းရုံနဲ့အမွေမပြတ်ပါ။ ❗️သို့ပေမယ့် ယုတ်မာ ရိုင်းစိုင်းသော သွာနုတ္တရမည်သည့် ခွေးနှင့်အလားသဏ္ဍာန်တူသည့် သားသမီးများကိုမူ တရားဥပဒေက သားသမီးအဖြစ်မှ ရာသက်ပန် စွန့်လွှတ်ဖို့ခွင့်ပြုထားခဲ့ပါသည်။ 🔅မည်ကဲ့သို့သော သားသမီးများကိုသွာနုတ္တရ သားသမီးအဖြစ် သတ်မှတ်ခဲ့ကြသနည်းဆိုတာ ကိုတော့ နားလည်ထားသင့်ပါသည်။ ❇️မိဘအား ဆဲဆိုသော သားသမီး၊ မိဘအား သွေးထွက်သံယိုဖြစ်အောင် ရိုက်နှက်သော သားသမီး နှင့် မိဘအသက်အား ရန်ရှာကာ ရန်သူသဖွယ် ပြုမှုဆက်ဆံသော သားသမီးတို့ကိုသွာနုတ္တရ (ခွေးနဲ့တူသော သား/သမီး)ဟုခေါ်သည်။ ❇️သို့ပေမယ့် ယခုခေတ်တွင် ပြင်ပလောကတွင် သော်လည်းကောင်း၊ ရုပ်ရှင် ဗွီဒီယိုများထဲ၌သော်လည်းကောင်း မိဘများမှ မိမိတို့၏ စကားနားမထောင်ပဲ အိမ်ပေါ်မှ ဆင်းသွားသော သားသမီးများနှင့် မိမိတို့ သဘောမတူ မကြည်ဖြူသူနှင့် အိမ်ထောင်ပြု သွားသော သားသမီး များကို အများအားဖြင့် သားဆိုးသမီးဆိုးဟု သတ်မှတ်ကာ ⏭️နိုင်ငံပိုင်သတင်းစာ⏮️များထဲတွင် သားသမီးအဖြစ်မှ စွန့်လွှတ်ကြောင်း အများသိစေရန် ကြေငြာထည့်သွင်းခဲ့ကြသည်။ 💠ထိုသို့ကြေငြာထည့်သွင်းထားလျှင် မိဘနှင့် သားသမီးအဖြစ်မှ ရပ်စဲသွားသည်ဟုလည်း မှတ်ယူနေလျှက်ရှိကြပါသည်။ ✅အမှန်တွင်တော့ အထက်တွင်ဖော်ပြထားသကဲ့သို့ မိမိတို့၏ သားသမီးမှာအမှန်တကယ်သွာနုတ္တရသားသမီးဖြစ်မဖြစ်သေချာစွာလေ့လာ၍ ဖြစ်ခဲ့သည်ဆိုပါက မိမိတို့နေထိုင်ရာမြို့နယ်ရှိ တရားရုံးတော်သို့ သွားရောက်၍ မိမိတို့၏ သားသမီး ဖြစ်သူမှာ အမှန်တကယ်ယုတ်မာရိုင်းစိုင်း၍ သွာနုတ္တရ မည်သော ခွေးနှင့် အလားသဏ္ဍာန်တူသော သားသမီး အဖြစ်သတ်မှတ်၍ ရာသတ်ပန်သားသမီးအဖြစ် မှ စွန့်လွှတ်ခွင့်ပြုပါရန် စာနှင့်ရေးသားလျှောက်ထားရပါမည်။ ✳️တရားလို အနေနှင့် မိဘများက ဆောင်ရွက်ရပြီး တရားပြိုင်နေရာ၌ မိမိတို့စွန့်လွှတ်လိုသော သား ( သို့မဟုတ် ) သမီးကိုထည့်ရပါမည်။ ရုံးတော်မှ တရားလိုဖြစ်သူ (မိဘ) နှင့် တရားပြိုင်ဖြစ်သူ ( သား / သမီး ) အား ကျမ်းကျိန်စစ်ဆေးစေ၍ လျှောက်ထားသည့်အတိုင်း မှန်ကန်ပါက ၎င်းသားသမီးများအား သွာနုတ္တရသားသမီးအဖြစ် သတ်မှတ်ပေးမည်ဖြစ်သည်။သို့သော် တရားရုံး၌ သားသမီးတစ်ဦးသည် မိဘအားရန်သူသဖွယ်ပြုမူ ကြောင်း ထင်ရှားစွာပြသရမည်ဟု ⏺️ဦးဖိုးဦးနှင့် မောင်အေးမောင်၊ ၁၁ ရန် ကုန်စီရင်ထုံး စာမျက်နှာ - ၃၉ မှာဖော်ပြဆုံးဖြတ်ထားတာကို တွေ့ရတယ်'' ⚜️သွာနုတ္တရ အဖြစ် အသတ်မှတ်ခံရသော သားသမီးများသည် မိဘများထံမှ အမွေဆက်ခံခွင့်ကို ဆုံးရှုံးမည်ဖြစ်ပါသည်။ သို့သော် အဆိုပါသားသမီးမှ မွေးထားသည့် မြေးများသည် အမွေမပြတ်ပါ။ သားသမီးသည် မွေးစားသားသမီးဖြစ်လျှင် မြေးများလည်း အမွေပြတ်ပါသည်။ ✅ထို့ကြောင့် သတင်းစာထဲတွင် သားသမီးအဖြစ်မှ အမွေပြတ်စွန့်လွှတ်ကြောင်း ကြော်ငြာထည့်သွင်းရုံနှင့် စွန့်လွှတ်ခြင်း အထမမြောက်ကြောင်းနှင့် အမွေဆက်ခံခွင့် ဆုံးရှုံးမည်မဟုတ်ကြောင်း၊ တရားရုံးက အမွေပြတ်အမိန့်ချမှတ်ကြော်ငြာမှသာ အမွေပြတ်သည်။ 🔅ထိုသို့အမိန့်ချမှတ်ပြီးမှသာ သတင်းစာကြော်ငြာခြင်းသည် တရားဝင်သည်။ 🔅တရားရုံးအမိန့်ချမှတ်ထားခြင်းမရှိဘဲ အမွေပြတ်ကြောင်း သတင်းစာကြော်ငြာခြင်းသည် ဥပဒေနှင့်အညီဘဲ မိဘသဘောဆန္ဒသာဖြစ်ပါသည်ဟုဗဟုသုတ အနေနှင့် တင်ပြလိုက်ရပါသည်။ #Crd #ရှေ့နေဒေါ်သဇင်အောင် #ဥပဒေဗဟုသုတအဖြစ်လေ့လာနိုင်ပါသည်။ #ဥပဒေအကြောင်းရာများဆွေးနွေးတိုင်ပင်နိုင်ပါသည်။ #09679560080

Daw Thazin Aung ( ရှေ့နေ )
Daw Thazin Aung ( ရှေ့နေ )
Open In TikTok:
Region: MM
Saturday 05 September 2026 13:36:38 GMT
2980
117
2
5

Music

Download

Comments

u.myint.zaw.htwe5
U myint zaw htwe :
🥰🥰🥰
2026-09-05 16:17:05
1
kkt45446
kkt :
🥰🥰🥰💪💪💪
2026-09-05 14:40:53
1
To see more videos from user @lawyer.daw.thazin, please go to the Tikwm homepage.

Other Videos


About