@paleya.channel: 🟦သက်တမ်းတိုးမယ့် အလုပ်သမားများ ပြင်ဆင်ထားရမည့် အထောက်ထားများ စာရင်းထုတ်ပြန် သက်တမ်းတိုးခ ဘတ် ၁,၀၀၀ ကျသင့်မည် --- 🟥လာမယ့် ဒီဇင်ဘာ ၁၁ ရက်မှာ အလုပ်သမားလက်မှတ် သက်တမ်းကုန်မယ့် 🇲🇲မြန်မာ၊ 🇱🇦လာအိုနဲ့ 🇻🇳ဗီယက်နမ်နိုင်ငံသားများ စက်တင်ဘာ ၈ ရက်မှ ဒီဇင်ဘာ ၁၁ ရက် ညနေ ၄ နာရီခွဲအထိ အချိန်မှီ သက်တမ်းတိုးလျှောက်ထားရမှာ ဖြစ်ပါတယ်။ လျှောက်ထားမှုကို အလုပ်ရှင်၊ လုပ်ငန်းရှင် သို့မဟုတ် တရားဝင်ကိုယ်စားလှယ်က အလုပ်သမားကိုယ်စား ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ လျှောက်ထားရာမှာ လိုအပ်တဲ့စာရွက်စာတမ်းများ လျှောက်လွှာတင်တဲ့အခါ နိုင်ငံခြားသားအထောက်အထား စာရွက်စာတမ်းအဖြစ် Passport၊ CI၊ နိုင်ငံသားအခြေအနေ အသိအမှတ်ပြုလက်မှတ်၊ ပန်းရောင်ကတ် သို့မဟုတ် မိခင်နိုင်ငံက ထုတ်ပေးထားတဲ့ ကိုယ်ပိုင်အထောက်အထား စာရွက်စာတမ်း တစ်မျိုးမျိုး လိုအပ်ပါတယ်။ ဒါ့အပြင် အလုပ်သမားလက်မှတ်မိတ္တူ သို့မဟုတ် အလုပ်သမား လက်မှတ်စာရင်းသွင်းစာအုပ်မိတ္တူ၊ ၃x၄ စင်တီမီတာ ဓာတ်ပုံ၊ ကျန်းမာရေးစစ်ဆေးမှု အထောက်အထားနဲ့ ကျန်းမာရေးအာမခံ အထောက်အထားလည်း ပူးတွဲတင်ပြရမှာဖြစ်ပါတယ်။ ကျန်းမာရေးစစ်ဆေးမှုအနေနဲ့ ရောဂါ ၆ မျိုး စစ်ဆေးထားရမှာဖြစ်ပြီး လျှောက်လွှာတင်တဲ့နေ့မှာ ကျန်းမာရေးလက်မှတ် သက်တမ်းကုန်မနေဖို့ လိုပါတယ်။ အလုပ်ရှင် သို့မဟုတ် ကိုယ်စားလှယ်က အလုပ်သမားကိုယ်စား လျှောက်ထားပေးမယ်ဆိုရင် ကိုယ်စားလှယ်လွှဲစာပါ ပူးတွဲတင်ပြရမှာဖြစ်ပြီး ဒီလွှဲစာမှာ ၁၀ ဘတ်တန် အခွန်တံဆိပ်ခေါင်း ကပ်ထားရမှာဖြစ်ပါတယ်။ လျှောက်ထားရမယ့်အဆင့်နဲ့ ကုန်ကျစရိတ် ပထမအဆင့်အနေနဲ့ eworkpermit.doe.go.th ဝက်ဘ်ဆိုက်ထဲက မြန်မာ၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံသား အလုပ်သမားများအတွက် အလုပ်သမားလက်မှတ် သက်တမ်းတိုးဝန်ဆောင်မှုကနေ လျှောက်လွှာတင်ရမှာ ဖြစ်ပါတယ်။ ဒုတိယအဆင့်မှာ စုစုပေါင်း ၁,၀၀၀ ဘတ် ပေးဆောင်ရမှာဖြစ်ပြီး လျှောက်လွှာကြေး ၁၀၀ ဘတ်နဲ့ အလုပ်သမားလက်မှတ် သက်တမ်းတိုးခ ၉၀၀ ဘတ် ပါဝင်ပါတယ်။ ငွေပေးချေပြီးနောက် တင်ပြထားတဲ့စာရွက်စာတမ်းများကို သက်ဆိုင်ရာဝန်ထမ်းများက စစ်ဆေးပြီး အဆင့်ဆင့်ခွင့်ပြုချက် ရယူရမှာဖြစ်ပါတယ်။ လျှောက်လွှာအတည်ပြုပြီးပါက စနစ်ကနေ တုံ့ပြန်စာရွက်စာတမ်း ရရှိမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ ဝန်ဆောင်မှုစင်တာမှာ ရက်ချိန်းယူကာ သွားရောက်ပြီး အလုပ်သမားလက်မှတ်အသစ် ထုတ်ယူရမှာဖြစ်ပါတယ်။ #ထိုင်းသတင်း #မြန်မာအလုပ်သမား #ထိုင်းရောက်မြန်မာ #အလုပ်သမားလက်မှတ် #WorkPermit

PLY News
PLY News
Open In TikTok:
Region: TH
Saturday 05 September 2026 13:48:37 GMT
654959
40159
310
8198

Music

Download

Comments

user6121959494822
user6121959494822 :
ဘတ်တစ်ထောင်ပြောပေမယ့်ပွဲစားတွေက9500တောင်းနေပါတယ် ကိုယ့်ကိုကိုယ်လုပ်လို့ရလားခင်မျ🥰🥰🥰
2026-09-07 08:11:54
7
moemoe6396
ဝဋ်ကြွေးတွေရှိရင်ကျြးပါစေတော့ :
ခုထဲကောင်နေတာ 6000 7000 ပွဲစားတွေတောင်နေပီ
2026-09-05 15:06:49
9
nidnoinaaruk
nidnoinaaruk :
ဟုတ်တယ် ၁၀၀၀ ပေးရတယ်💪💪💪💪ကျမ ကိုယ်တိုင်လုပ်ယူခဲ့တယ်🥰🥰
2026-09-06 08:19:21
6
khun.ton59
KHUN TON :
တစ်ချို့ပွဲစားတွေက ပါမစ်သက်တမ်းတိုးရင် သွေးပြန်စစ်ရမယ်တဲ့🤣🤣
2026-09-06 07:41:41
1
kma379
Aywd-kg 1981 :
ကုန်ကြစရိတ်က ၁ထောင်ပဲကုန်ကြမှာလားဗျ
2026-09-05 15:49:26
4
lw.in77
Lw in :
တစ်ယောင်ကို၆၅၀၀...Ci..နစ်နစ်စာ...ဝက်ပါမတ်နစ်နစ်စာလုပ်ရမယ်လို့ပြောနေပါတယ်
2026-09-05 15:58:37
0
ko.nyi.maung82
လူဆိုးထိန်းမိုးဟိန်း :
မေးခွန်ပြန်ထုပ်ရတော့မယ်သွေးစစ်ခနဲ့ ပကန်ကြေမယူတော့ဘူးလားအရင်မေးရမယ်
2026-09-05 16:49:59
3
kokhaing7517
KO KHAiNG :
ကျနော်တနု့ နယ်မာ သဌေးရှိ ပကန်ရှိ 4000ပါ သူဌေးမရှိ ပကန်မရှိ သူဌေး မတူ 6500ပါ
2026-09-12 00:35:08
1
user2003011010094
นี เล :
မရလောက်ဘူး
2026-09-06 04:12:53
3
m.c.soe.htike
M.C.Soe.Htike :
တော်ပါတော့
2026-09-06 11:13:02
1
zin.mar89808
Zin Mar :
7500ပေးရတယ်
2026-09-06 03:47:41
2
sai19.12.4
1/ဝမန(နိုင်) :
8500တဲ့😏😏😏
2026-09-06 02:46:57
2
chanakan4488
ႁၵ်ႇႁၵ်ႇ :
ဝါပါမစ်တက်တန်တိုး6000တောင်တယ်
2026-09-06 09:37:36
1
user5457830306037
ထာဝရထက်တစ်ရက်ပို :
Mouတွေကါလား
2026-09-06 10:05:20
1
yarzar53670
တောင်စွန်းသားလေး :
1000ဟုပ်လိုလာ10000တောင်တယ်
2026-09-05 18:25:03
1
lovekslove
@ma ma poe🌹🌹🌹 :
ဆေး၆မျိုးစစ်တာက ဘာတွေစစ်ရတာပါလဲ
2026-09-06 09:36:06
1
ryoa.wer1
Ryoa Wer1 :
ပေးသွားပြီ3600🥰🥰🥰
2026-09-06 10:21:22
1
vbbnhjjo
Ma Ma :
မဂ်လာပါ
2026-09-06 09:58:59
1
nyinyi72281
မာနဘုရင် :
ဘာပဲပြောပြော ပွဲစားတောင်းသလောက်ပေးနေကြရတာပဲ အပိုတွေ
2026-09-06 04:15:10
14
htike.htike375
kyaw🙂🙂 :
ကျနော်တို့စက်ရုံမှာ ငါးထောင်လို့ပြောထားတယ် ဘလိုလုပ်ရမလည်းး
2026-09-07 01:59:07
1
userminkhantmaung1
🀄☯️ Mg Min Khant ☯️🀄 :
ငါတို့သူဌေးမက 6000 တဲ့တလကို 2000 နှုန်းနဲ့ဖြတ်မယ်ဆိုပီးဖြတ်လိုက်ပီ
2026-09-06 03:11:17
1
thi.dar4836
Aunty May :
သောင်းကျော်ကြီးဘယ်အသိကျလုပ်ပေးပါ
2026-09-06 08:01:52
1
skystra88
🇲🇲 528 Ko Ko Chit 🇹🇭 :
11000ပေးလိုက်ရတယ်ဗျာ
2026-09-06 03:19:17
2
za.ze07
za ze :
ထိုင်းအစိုရအလုပ်ရှုပ်တယ်ကွာသူဌေမှာယူလိုက်ဘတ်တစ်သိန်းသစ်စာခံကျမ်းကျိမ်းငွေယူပါတယ်ဆယ်နှစ်ဆိုဆယ့်နှစ်ရှင်းရှင်းလုပ်လိုက်အဓိကပိုက်ဆံလိုတာအတ်တကြီတဲ့လူကြီတွေပဲထိန်ချူပ်ပုံကကိုယ့်သားသမီထိန်ချူပ်မရတဲ့စကာ
2026-09-07 05:04:40
1
suhlainghnin3843
Julia su :
အကိုပြောတာက1000ပဲဒီမှာကတော့ ပွဲစားကိုပေးရတာက15000တော့မှာပဲ
2026-09-06 15:52:27
1
To see more videos from user @paleya.channel, please go to the Tikwm homepage.

Other Videos


About