@aamon241: အဟောင်းကိုချစ်နေသေးရင် အသစ်ကောင်းပေးတာကို လက်မခံရဘူး။ မမေ့နိုင်သေးတဲ့လူတစ်ယောက်ကို ရင်ထဲမှာထားပြီး နောက်လူတစ်ယောက်ရဲ့ အချစ်ကို လက်ခံလိုက်တာက အသစ်အတွက် မတရားသလို အဟောင်းအတွက်လည်း မရိုးသားဘူး။ အသစ်က ကိုယ့်ကို ကောင်းပေးတယ်။ ဂရုစိုက်တယ်။ တန်ဖိုးထားတယ်ဆိုပြီး အဟောင်းကိုမေ့ဖို့အတွက် အသစ်ကို အစားထိုးမသုံးသင့်ဘူး။ တစ်ဖက်မှာလည်း အသစ်ကို လက်ခံပြီးပြီဆိုရင် အဟောင်းကို လွမ်းပြီး အသစ်ရဲ့ရှေ့မှာ အတိတ်ကို ပြန်ရှာမနေသင့်ဘူး။ အချစ်ဆိုတာ ကိုယ်ရချင်တာကို ရွေးချယ်တာတင်မဟုတ်ဘူး။ ကိုယ်ရွေးချယ်လိုက်တဲ့သူရဲ့ နှလုံးသားကို မနာကျင်အောင် ထိန်းသိမ်းပေးနိုင်တာလည်း အချစ်ပါပဲ။ အဟောင်းကို မမေ့နိုင်သေးရင် တစ်ယောက်တည်းနေပါ။ အသစ်ကို တကယ်ချစ်နိုင်ပြီဆိုရင် အတိတ်ကို အေးအေးဆေးဆေး ချန်ထားခဲ့ပါ။ အဟောင်းကိုချစ်ရင် အသစ်ကောင်းပေးတာကို လက်မခံရဘူး။ အသစ်ကောင်းပေးတာကို လက်ခံရင် အဟောင်းကို မလွမ်းရဘူး။ ဒါဟာ ဘယ်သူ့ကိုမှ အနိုင်ယူဖို့ မဟုတ်ဘူး… ကိုယ့်နှလုံးသားကို ရိုးသားခြင်း၊ သူတစ်ပါးရဲ့ နှလုံးသားကို တန်ဖိုးထားခြင်း၊ ပြီးတော့ “အချစ်” ဆိုတဲ့အရာကို လေးစားခြင်းပါပဲ။ 🖤#fy #fyppp #fyp #fyppppppppppppppppppppppp #fyyyyyyyyyyyyyyyyyyyyyyyyyyyyyyyyyy @K1nex
မငိုရဘူးနော်
Region: MM
Saturday 05 September 2026 14:15:53 GMT
Music
Download
Comments
Khaing Tun Kyaw(Officlal)😊😊 :
ပြန်တင်ပါရစေ
2026-09-09 03:59:42
0
Polu Ma Naw :
ကိုယ်အချစ်ကလွဲရင်ဘယ်သူအချစ်ကိုမှမလေးစားတက်တဲ့နွားလည်းပါ ဘာလိုလည်းဆိုတော့ကိုယ်ကိုချစ်နေတဲ့သူတွင်ရှိနေတာတောင်ကိုယ်ကိုမလိုချင်တဲ့သူကိုမှ တမ်းတမ်းစွဲဖြစ်နေလို😂😅🤣🤣💔
2026-09-05 15:41:37
2
Lil Guy :
မရဘူးဟ😭😭😭
2026-09-05 16:27:05
1
To see more videos from user @aamon241, please go to the Tikwm
homepage.