@hallin21: ကိုယ့်ကိုယ်ကိုယ် တည်းခိုခန်းလို့ သဘောထားကြည့်ပါ တည်းခိုခန်းတစ်ခုမှာ လူတွေမျိုးစုံ လာတတ်ပါတယ်။ တချို့က ခဏပဲ နေမယ်။ တချို့က ကြာကြာ နေမယ်။ တချို့က အေးချမ်းစွာ နေမယ်။ တချို့က အသံတွေ၊ အနှောင့်အယှက်တွေ၊ အဆင်မပြေမှုတွေ ယူလာမယ်။ ဒါပေမဲ့ တည်းခိုခန်းပိုင်ရှင်အနေနဲ့ “ဒီလူသာ လာပါ” လို့ ရွေးလို့မရသလို “ဒီလူတော့ မလာနဲ့” လို့လည်း တားလို့မရပါဘူး။ “ဒီဧည့်သည် ခဏပဲ နေပါ” လို့ မလုပ်နိုင်သလို “ဒီဧည့်သည် ကြာကြာနေပေးပါ” လို့လည်း မဆွဲထားနိုင်ပါဘူး။ လာတဲ့သူက လာမယ်။ နေချင်သလောက် နေမယ်။ အချိန်တန်ရင် ထွက်သွားမယ်။ ကိုယ်လုပ်ရမှာက လာတဲ့အချိန်ကနေ ထွက်သွားတဲ့အချိန်အထိ သတိနဲ့၊ ဉာဏ်နဲ့၊ ဆီလျော်သလို ဧည့်ခံဖို့ပဲ ဖြစ်ပါတယ်။ ကိုယ့်စိတ်မှာလည်း ဒီလိုပါပဲ။ ဝမ်းနည်းမှု လာမယ်။ စိတ်ဆိုးမှု လာမယ်။ ပျော်ရွှင်မှု လာမယ်။ ဝမ်းသာမှု လာမယ်။ ကြောက်စိတ်၊ စိုးရိမ်စိတ်၊ မကျေနပ်စိတ်၊ မျှော်လင့်ချက်၊ စိတ်ပင်ပန်းမှုတွေ လာမယ်။ ဘယ်စိတ်ခံစားမှုလာလာ “ဧည့်သည်ပဲ” လို့ သဘောပေါက်ဖို့လိုပါတယ်။ ဝမ်းနည်းမှုလာရင် “ငါ ဝမ်းနည်းနေတယ်” လို့ မပိတ်မိစေဘဲ “ဝမ်းနည်းမှု လာနေတယ်” လို့ သိနိုင်ရမယ်။ ဒေါသလာရင် “ငါ ဒေါသကြီးတဲ့လူ” လို့ မမှတ်ဘဲ “ဒေါသစိတ် ပေါ်နေတယ်” လို့ မြင်နိုင်ရမယ်။ စိုးရိမ်စိတ်လာရင် “ငါ့ဘဝက စိုးရိမ်စရာပဲ” လို့ မနစ်မြုပ်ဘဲ “စိုးရိမ်စိတ် ဖြစ်နေတယ်” လို့ သိနိုင်ရမယ်။ စိတ်ခံစားမှုတွေဟာ ကိုယ်မဟုတ်ပါဘူး။ ကိုယ့်ပိုင်ဆိုင်မှုလည်း မဟုတ်ပါဘူး။ ခဏတာ လာရောက်နေထိုင်တဲ့ ဧည့်သည်တွေပါပဲ။ အရေးကြီးတာက ဧည့်သည်လာတာကို မမုန်းဖို့၊ ဧည့်သည်ထွက်သွားတာကို မဆုပ်ကိုင်ဖို့၊ လာတဲ့အချိန်မှာ သိနေဖို့၊ နေတဲ့အချိန်မှာ သိနေဖို့၊ ပျောက်သွားတဲ့အချိန်မှာလည်း သိနေဖို့ပါ။ တည်းခိုခန်းမှာ ဧည့်သည်ရှိတာဟာ ဧည့်ဝတ်ကျေဖို့ အခွင့်အရေးတစ်ခု ဖြစ်သလို၊ ကိုယ့်ခန္ဓာ၊ ကိုယ့်စိတ်မှာ ခံစားမှုတစ်ခုခု ပေါ်လာတာဟာလည်း သတိကပ်ဖို့၊ သိမှုဖွံ့ဖြိုးတိုးတက်ဖို့၊ ဉာဏ်တိုးဖို့ အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ဝမ်းနည်းမှုလာရင်လည်း ကျေးဇူးတင်ပါ။ ဒေါသလာရင်လည်း သတိထားပါ။ စိုးရိမ်မှုလာရင်လည်း မပြေးပါနဲ့။ ပျော်ရွှင်မှုလာရင်လည်း မဆုပ်ကိုင်ပါနဲ့။ လာတာကို သိပါ။ နေတာကို သိပါ။ ပျောက်တာကို သိပါ။ အလွယ်ဆုံးပြောရရင် — ဧည့်သည်လာတာက ကျေးဇူးတင်စရာ။ ဧည့်ခံနိုင်တာက အောင်မြင်မှု။ ခံစားမှု ပေါ်လာတာက မှတ်စရာ။ မှတ်နိုင်တာက အောင်မြင်မှု။ နားလည်သလောက် တရားအားထုတ်ခြင်းဆိုတာလည်း ခံစားမှုတွေ မပေါ်တော့အောင် လုပ်တာမဟုတ်ပါဘူး။ ပေါ်လာတဲ့ ခံစားမှုတွေကို ကိုယ်လို့ မထင်ဘဲ၊ ကိုယ့်ဟာလို့ မဆုပ်ကိုင်ဘဲ၊ သတိနဲ့ သိမြင်နိုင်အောင် လေ့ကျင့်ခြင်းပါပဲ။ ဘယ်ဧည့်သည်လာလာ ဧည့်ဝတ်ကျေအောင် ဧည့်ခံနိုင်တဲ့ တည်းခိုခန်းလိုပဲ၊ ဘယ်စိတ်ခံစားမှုလာလာ သတိနဲ့ သိနေ၊ ဉာဏ်နဲ့ မြင်နေ၊ အေးချမ်းစွာ လက်ခံနိုင်ခြင်းက စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အမှတ်အသားတစ်ခု ဖြစ်ပါတယ်။ Naing Win Aung (MBA, UK) CEO Coach & NLP Master Trainer #naingwinaungexecutivecoach #Breakthrough_Coaching_Myanmar
Hallin(စိန်ရတနာဆန်စက်🌾)
Region: MM
Saturday 05 September 2026 14:38:57 GMT
Music
Download
Comments
🐉 Mäy Phyö Tïn Zär Kyäw 🐉 :
That right 👍
2026-09-05 14:42:28
1
N✨ :
စာသားလေးပေးပါ့လားရှင့်
2026-09-05 15:31:45
2
Kaung Khant Thar :
မှန်လိုက်တာညီလေးရာ..
2026-09-05 23:07:55
1
ko Thiha Soe Htut :
အမှန်ဆုံးဗျာ
2026-09-05 18:09:06
1
Moe Moe(ဖြူးသူလေး) :
အမှန်ပါပဲနော် ဧည့်သည်ဆိုတာကိုမေ့နေခဲ့တာ😔
2026-09-05 14:58:58
1
(မင်္ဂလာ ဆန်ဆိုင်) :
တစ်ချို့လူကြီးတွေထပ် ပိုရင့်ကျက်နေတာ✌️
2026-09-05 16:00:40
1
Kaung Zarni Htet♋ :
shareပီဗျာ
2026-09-05 16:19:01
1
P Represent Pyae :
တန်ဖိုးရှိလိုက်တာဗျာ🥰
2026-09-05 14:51:26
0
🇲🇲Nwe Ni Hlaing🇸🇬🔮 :
🥰🥰🥰
2026-09-05 14:42:45
0
(ဦးနေမင်းခန့်)😉😉😉😉😉 :
🥰🥰🥰
2026-09-06 01:00:11
0
To see more videos from user @hallin21, please go to the Tikwm
homepage.