@momo.1m1: ဖောက်ပြန်ခံခဲ့ရပြီးနောက် “လမ်းခွဲလို့လည်းမရ၊ ဆက်သွားလို့လည်းမရ” ဖြစ်နေတာက မဆုံးဖြတ်နိုင်လို့တစ်ခုတည်း မဟုတ်ပါဘူး။ ဖောက်ပြန်မှုကြောင့် အချစ်၊ ယုံကြည်မှု၊ နာကျင်မှု၊ ကြောက်ရွံ့မှု တွေ တစ်ပြိုင်နက်တည်း ဖြစ်နေတာကြောင့်ပါ အဓိကအကြောင်းရင်းတွေက— 💥အချစ်ရှိနေသေးလို့ သူလုပ်ခဲ့တာကို မကြိုက်ပေမယ့် လူကိုတော့ မချစ်တော့တာ မဟုတ်သေးလို့ပါ။ 💥“သူ့ကို မလိုချင်တော့ဘူး” နဲ့ “သူ့ကို မဆုံးရှုံးချင်ဘူး” ဆိုတဲ့ခံစားချက် နှစ်ခု တစ်ချိန်တည်းရှိနေတာကြောင့်ပါ 💥အတူတူဖြတ်သန်းခဲ့တဲ့အမှတ်တရတွေကြောင့် နှစ်တွေကြာလာတဲ့ Relationship ဆိုရင် လူတစ်ယောက်ကိုပဲ မဟုတ်ဘဲ ကိုယ့်ဘဝရဲ့အစိတ်အပိုင်းတစ်ခုကိုပါ လက်လွှတ်ရသလို ခံစားရတာကြောင့်ပါ 💥ယုံကြည်မှုက ပျက်သွားပေမယ့် Attachment က မပျက်သေးလို့ ဦးနှောက်က “ဒီလူက ငါ့ကိုနာကျင်စေတယ်” လို့သိနေတယ် 💥နှလုံးသား/Attachment ကတော့ “ဒီလူနဲ့ပဲ ဆက်နေချင်တယ်” လို့ ခံစားနေနိုင်ပါတယ်။ ဒါကြောင့် အတွင်းစိတ်မှာ ဆန့်ကျင်ဘက်ခံစားချက်တွေ ဖြစ်လာပါတယ်။ 💥တစ်ယောက်တည်းဖြစ်သွားမှာကို ကြောက်လို့ “လမ်းခွဲလိုက်ရင် ဘဝဘယ်လိုဆက်မလဲ” “သူမရှိရင် ငါဘယ်လိုနေရမလဲ” “နောက်ထပ် ဒီလိုလူကောင်းတစ်ယောက် ရနိုင်ပါ့မလား” ဆိုတဲ့ကြောက်စိတ်တွေက လမ်းခွဲဖို့ ခက်စေပါတယ်။ 💥ဖောက်ပြန်မှုကို လက်ခံနိုင်ဖို့ စိတ်က မပြီးသေးလို့ တစ်ခါတလေ လမ်းခွဲချင်တာထက် “ဘာကြောင့် ငါ့ကို ဒီလိုလုပ်ရတာလဲ” ဆိုတဲ့မေးခွန်းရဲ့အဖြေကိုပဲ ရှာနေမိတတ်ပါတယ်။ 💥အဖြေမရသေးသရွေ့ Relationship ကို လွှတ်ချဖို့ ပိုခက်နိုင်ပါတယ်။ “သူပြောင်းလဲသွားရင်?” ဆိုတဲ့မျှော်လင့်ချက်ရှိနေလို့ “သူနောင်တရနေတယ်” “နောက်တစ်ခါ မလုပ်တော့ဘူး” “ငါတို့အရင်လို ပြန်ဖြစ်နိုင်မယ်” ဆိုတဲ့မျှော်လင့်ချက်က ဆက်သွားဖို့ တွန်းအားပေးပါတယ်။ 💥Self-worth ထိခိုက်သွားလို့ “ငါမလုံလောက်လို့လား” “သူက အခြားလူကို ဘာကြောင့်ရွေးတာလဲ” “ငါ့မှာ ဘာလိုနေလို့လဲ” ဆိုပြီး ကိုယ့်ကိုယ်ကို ပြန်အပြစ်တင်မိနေတာကြောင့်ပါ ဒီအချက်က ဆုံးဖြတ်ချက်ချနိုင်စွမ်းကို ပိုရှုပ်ထွေးစေပါတယ်။ အရေးကြီးဆုံးက— 🌞လမ်းခွဲမလား၊ ဆက်မလားဆိုတာ ချက်ချင်းဆုံးဖြတ်စရာမလိုပါဘူး။ အရင်ဆုံး ဒီမေးခွန်း ၃ ခုကို ကိုယ့်ကိုယ်ကို မေးကြည့်ပါ— ① ငါသူ့ကို ချစ်နေသေးတာလား၊ ဒါမှမဟုတ် မဆုံးရှုံးချင်တာလား? ② သူ့ကို ပြန်ယုံကြည်နိုင်ဖို့ သူ့ဘက်က တကယ်ပြောင်းလဲလုပ်ဆောင်နေတာရှိလား? ③ ဒီ Relationship ကို ဆက်ထားရင် ငါ့စိတ်ကျန်းမာရေးက ပိုကောင်းလာမလား၊ ပိုနာကျင်လာမလား? 🌞ဖောက်ပြန်ခံရပြီးနောက် ဆက်နေချင်စိတ်နဲ့ ထွက်သွားချင်စိတ် နှစ်ခုလုံးရှိနေတာဟာ ပုံမှန်ဖြစ်နိုင်ပါတယ်။ ဒါဟာ သင်အားနည်းလို့မဟုတ်ပါဘူး။ သင့်စိတ်က “ငါချစ်ခဲ့တဲ့လူ” နဲ့ “ငါ့ကိုနာကျင်စေခဲ့တဲ့လူ” ကို တစ်ချိန်တည်းမှာ ခွဲခြားဖို့ ကြိုးစားနေတာပါ ဒီလို ဘာလုပ်ရမှန်းမသိ ဘယ်လမ်းရွေးရမှန်းမသိဖြစ်နေရင် မိတ်ဆွေ လက်ရှိခံစားနေရတဲ့ ဝေဒနာတွေကို အိပ်မွ့ချကုထုံးနဲ့ ဖြေရှင်းလို့ရပါတယ် ခံစားချက်တွေကောင်းမွန်လာတဲ့အခါ လမ်းခွဲသင့် မခွဲသင့်ကို သေသေချာချာမှန်ကန် ရွေးချယ်နိုင်မှာပါ Group Hypnotherapy 25,26,27,28,29 September 26 (7:00-10:00pm) Normal fee (990000)Ks Special fee (380000)Ks #MoMo #Relationship #heartbroken #Hypnotherapy #foryoupage @momo.1M @Aye @Ye Lin Naing မွန်ပြည်နယ်သား✅ @Ko Thoon

MoMo Hypnosis/NLPTrainer&Coach
MoMo Hypnosis/NLPTrainer&Coach
Open In TikTok:
Region: MM
Saturday 05 September 2026 14:48:35 GMT
39448
1631
118
159

Music

Download

Comments

hen.kyle.tun
Han Kyaw Tum :
ရှိတာပေါ့ဗျာဘာဆက်လုပ်ရမှန်းကိုယ် မသိတော့ပါဘူးဗျာ
2026-09-06 14:33:53
7
moe.htet.yan28
浩然 hao ran :
ကိုယ်ဝါသနာပါတဲ့ အလုပ်ထဲပဲ စိတ်နစ်ထားပြီး သူမေးမှပဲ စကားပြန်ပြောတယ် ကိုယ့်ရဲ့ ၀၌ကြွေးကုန်ရင် အဆင်ပြေလာလိမ့်မယ် သူနဲ့ပတ်သတ်တဲ့ ကိစ္စတွေကို တွေးမိရင် ချက်ချင်းရက်ပြစ်လိုက်တယ် ပြောရရင်တော့ သူ့အတွက်အချိန်မပေးတော့ဘူး တစ်ဖြည်းဖြည်းနဲ့ သံယောစဉ်နည်းပြီး ကုန်သွားတဲ့တစ်နေ့ အရာအားလုံးမေ့နိုင်တဲ့တစ်နေ့ ကိုယ့်ကို ကို ပျော်ရွင်လာမှာပဲ လို့ ခံယူထားတယ်
2026-09-14 03:32:00
4
u.kyaw.naing.linn
U Kyaw Naing Linn :
အမှန်ပေါ့
2026-09-06 00:00:09
1
aung.zaw.win155
Aung Zaw Win :
ဘာလုပ်ရမလဲဖြစ်နေတယ်
2026-09-06 12:43:49
2
seinkalar22
ဘဝမှတခါလောက်အချစ်ခံချင်တယ်😔😔 :
အလိုခံစားနေရတယ်ခလေးငယ်လေးရှိတဲ့အတွက်ပါပိုတွေးနေရတယ်
2026-09-08 04:44:55
2
tall6737
ကိုသစ္စာ :
အိပ်မရတဲ့ညတွေများနေပြီ
2026-09-07 03:18:59
1
hninwai422
Hnin Wai :
ရှိပါတယ်
2026-09-07 04:02:09
1
user9690798019520
အဖြူရောင် သူငယ်ချင်း :
ဘဝတူတွေကွာ
2026-09-18 02:47:27
1
yayak601
TunTun :
ဖြေစရာဒါပဲရှိတယ်လေ
2026-09-09 07:11:54
1
la.min.thet18
kaung pay sone tun :
ရှိတာပေါ့
2026-09-19 10:27:56
1
user506820365857
မြတ်နိုး ခင် :
ရှိတာပေါသိပ်သိပ်ကိုရှိတာဘာလုပရမလဲ
2026-09-06 10:44:48
1
momo.1m1
MoMo Hypnosis/NLPTrainer&Coach :
မင်္ဂလာပါ မိတ်ဆွေ🥰🥰🥰
2026-09-05 14:49:22
0
aung.sein373
Aung Sein :
မတတ်နိုင်ဘူးလေ၊လမ်းခွဲရမှာပါ။
2026-09-06 03:53:14
1
naywin3946
Ko Nay :
ရှိပါတယ်ဗျာဘယ်လိုလုပ်ရမလည်း
2026-09-06 09:04:02
1
user157331750
Egoist ....🤍🤍🤍👩‍❤️‍👨 :
ညတိုင်းငါ အိပ်မရဘူး
2026-09-09 10:16:18
0
.sir.chit
🇲🇲🚚 Sir Chit 🚚🇹🇭 :
ရှိပါ့ဗျာ🥹
2026-09-06 03:12:26
1
naing.tun.lin782
စောသစွာ :
ရှိတာပေါ့ရုင်
2026-09-05 15:30:59
1
myat.thu.kyaw255
Myat Thu Kyaw :
ပိုက်ဆံမရှိလို့ ဖောက်ပြန်သွားပါတယ်ဆို ဖြေပျောက်ဖို့ ပိုက်ဆံ ကုန်ရအုံးမယ်🥹
2026-10-04 14:33:27
0
nawlayk
Mayat Noe :
ရှိတာပေါ့ဗျာ
2026-09-30 06:56:32
1
jagung048
Gajung :
ဘာတွေဆက်လုပ်ရမယ်မသိအောင်လမ်းပျောက်မိတယ်
2026-10-03 13:30:10
1
sawwaungmyohset
sawwaungmyohset :
ဟုတ်ပါတယ် ဘာဆက်လုပ်ရမှန်းမသိတော့ဘူးဗျာ
2026-10-03 01:37:28
1
rak.kham71
Rak Kham :
အခုရက်ပိုင်းမှာဖြစ်နေတဲ့ခံစားချက်ပါ အဖြေရှာမရဘူးဖြစ်နေတယ်[အသည်းကွဲ][အသည်းကွဲ][အသည်းကွဲ]
2026-10-02 09:58:19
1
user859273293
Hnin Hnin Aye :
အိပ်မွေ့ကဘယ်လိုချရမလဲ လုံးဝ သူနဲ့တခါမှမတွေ့ဖူးမဆုံဖူးခဲ့သလိုပြန်ဖစ်ချင်တယ်
2026-10-02 07:29:41
1
kyoe.pyae
💞💕ဂျပု😚😚လပ်ဗား😉 :
ရှိတာပေါ့ဗျာ
2026-09-07 11:49:07
0
To see more videos from user @momo.1m1, please go to the Tikwm homepage.

Other Videos


About