@day.news6: ဗီယက်နမ် နိုင်ငံဟာ မြန်မာစစ်အုပ်စု နဲ့ ကြံရာပါ ဖြစ်နေတယ်လို့ JFM ပြော… ======================= ဗီယက်နမ်နိုင်ငံဟာ မြန်မာစစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ စီးပွားရေး၊ နည်းပညာနဲ့ စစ်ရေးကဏ္ဍတွေကနေ အထောက်အပံ့ပေးနေပြီး ကြံရာပါပတ်သက်နေတယ်လို့ Justice For Myanmar (JFM) က ထောက်ပြပါတယ်။ JFM ရဲ့ စက်တင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်အရ ဗီယက်နမ်ဘက်က မြန်မာစစ်အုပ်စုအတွက် ဘဏ္ဍာငွေ၊ စစ်ရေးသုံး ပစ္စည်းကိရိယာတွေနဲ့ လေယာဉ်ဆီ ရရှိနိုင်ရေးအတွက် အထောက်အပံ့တွေ ပေးနေတယ်လို့ ဆိုပါတယ်။ အာဆီယံအပါအဝင် နိုင်ငံတကာအနေနဲ့ မြန်မာစစ်အုပ်စုကို ဖယ်ကြဉ်နေချိန်မှာ ဗီယက်နမ်နိုင်ငံအနေနဲ့ လက်ခံကြိုဆိုတာ၊ စီးပွားလုပ်ငန်းတွေဆက်လုပ်နေတာ၊ ငွေကြေးစီးဆင်းမှုကိုကူညီပေးနေတာက စစ်အုပ်စုက ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို အားပေးကူညီနေတာလို့ JFM ကဆိုထားပါတယ်။ ဒါကြောင့် ဗီယက်နမ်နိုင်ငံအနေနဲ့ မြန်မာစစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ချက်ချင်း ရပ်တန့်ရမှာဖြစ်ပြီး ကြံရာပါ အဖြစ်ပါဝင် ပတ်သက်နေမှုကိုလည်း အဆုံးသတ်ရမယ်လို့ JFM က သတိပေးထားပါတယ်။ #မ#မြန်မာမင်းအောင်လှိုင် #ဗ#ဗီယက်နမ်JFM #Vietnam
DAY NEWs
Region: TH
Saturday 05 September 2026 16:23:38 GMT
Music
Download
Comments
TikTok901 :
great relationship Myanmar 🇲🇲 and Vietnam 🇻🇳 with Russia joining Myanmar off shore gas exploration effirt , oil refinery, nuclear power plant for Myanmar, it is exciting for Vietnam and Myanmar.
2026-09-05 16:35:21
0
Thame Teng :
ဒါဆိုလည်းဗိယက်နမ်ကို မင်းတို့အ ရေးယူလိုက်ပါလား
2026-09-05 18:52:25
2
TikTok901 :
မြန်မာနှင့် ဗီယက်နမ်တို့၏ ကောင်းမွန်သော ဆက်ဆံရေး။ ၂၀၂၇ ခုနှစ်တွင် ရုရှားကုမ္ပဏီများသည် မြန်မာနိုင်ငံအတွက် ကမ်းလွန်သဘာဝဓာတ်ငွေ့ရှာဖွေရေးလုပ်ငန်း၊ ရေနံချက်စက်ရုံ၊ နျူကလီးယားဓာတ်အားပေးစက်ရုံတို့အတွက် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်တော့မည်ဖြစ်သောကြောင့် ဗီယက်နမ်နှင့် မြန်မာအတွက် စိတ်လှုပ်ရှားဖွယ်ကောင်းပါသည်။
2026-09-05 16:38:30
4
🖕🖕🖕 :
မြန်မာတွေ ချမ်းသာမှာ တကယ်ကြောက်တာက. သူပုန်တွေဆိုတာ ယုံpလား
2026-09-05 17:28:13
2
Thame Teng :
သူများနိုင်ငံကို ကုလသမဂ္ဂ လေသံနဲ့ ပြော နေရ အောင် မင်းတို့အဖွဲ့ကတန်းဝင်လို့လား
2026-09-06 01:02:31
0
ကိုကိုခေါ်မလာမောင်မောင်ခေါ်မလာ :
🥰🥰🥰
2026-09-06 03:06:31
0
AungMyoST :
😂😂😂😂😂
2026-09-05 21:04:24
0
Myat Myat6834 :
❤️❤️❤️
2026-09-06 05:29:20
0
To see more videos from user @day.news6, please go to the Tikwm
homepage.
© 2021-2026 TikWM. All rights reserved.