@bpcoldthu: ငိုနေပါနဲ့တော့" မီ"ရယ် ဇာတ်ဝင်ခန်းထဲ စီးကရက်မသောက်ရဘူးဆိုတော့လည်း ဘာဖြစ်သွားမှာမို့လည်းကွယ် စီးကရက်စက်ရုံတည်မယ် စီးကရက်တွေတင်သွင်းမယ် ဆေးရွက်ကြီးခင်းတွေထဲ လိပ်ပြာလေးလိုပျံဝဲ သီချင်းတွေဆိုကြဦးမယ်ကွယ် ဘာလိုသေးလဲအချစ်ရယ် အပြာမင်းသမီလေးတလက်ဟာ သူပါဝင်တဲ့ရုပ်ရှင်ကားကို ကြည့်ခွင့်မရပါဘူး တဲ့ အသက်မပြည့်သေးလို့ပါ တဲ့ ဖာသယ်မလေးကို ရုံးတင်နိုင်ခဲ့တဲ့ သက်သေခံ ပစ္စည်းဟာ ကွန်ဒုံးတခုပါ တဲ့ ကြည့်! သူ့အမွှေးအမျှင်တွေ သူ့အမြီးထက် ပိုရှည်လာတဲ့အခါ ဥပဒေတွေဟာ သူ့ကိုယ်သူပြန်ပြီး သရော်လှောင်ပြောင်တတ်တယ်လေ ဥပမာ အပြာကားတွေမကြည့်ရဘူးဆိုတဲ့ဥပဒေဟာ အပြာကားတွေရိုက်ခွင့်မရှိဘူးဆိုတဲ့ အဓိပ်ပါယျမဟုတျဘူး ဟောဒီကမ္ဘာမြေကြီးပေါ်မှာ "အပြာဇာတ်လမ်း"တွေ လုံးဝမရှိရဘူးဆိုတဲ့အဓိပ္ပါယ် ပိုလို့တောင်မဟုတ်ပါဘူးညီမလေးရယ် #ကိုသန်းထွန်း #poem #fyp #foryoupage
Bp Cold thu
Region: SG
Saturday 05 September 2026 23:43:29 GMT
Music
Download
Comments
Linn Thu :
သေဒဏ်ကျနေတဲ့အကျဥ်းသားကသူ့ရဲ့နောက်ဆုံးဆန္ဒဖြစ်တဲ့စီးကရက်တစ်လိပ်သောက်ချင်တယ်ပြောတော့ကျမ်းမာရေးနဲ့မညီညွတ်လို့တဲ့ဗျာ.....
2026-09-24 14:26:54
57
NayChi :
ဆယ်ခါခေါက် ဖတ်ပြီး နားလည်လိုက်တာက နောက်ဆုံးတော့ ဥပဒေဆိုတာအလကားကြီးဖြစ်နေသလိုပဲ😏
2026-09-22 05:56:02
113
ǺŶĶ(mgk)💎💎💎 :
"screw the law"😆😆😆
2026-09-24 12:50:30
0
Thet Htun :
ပညာရေးကို ရိုက်ချိုးခဲ့ကြတော့ စိတ်ဓာတ်နဲ့ ဥာဏ်ပညာအတွေးခေါ်တွေ ခေါက်ရိုးကျိုးနေတဲ့ နိုင်ငံမှာ ဥပဒေဟာ စာရွက်ပေါ်မှာ ရေးထားတဲ့ စာလုံးသက်သက်ပါပဲ။ ဒီဖြစ်ရက်ဆိုးတွေကို ဘာသာတရားတွေနဲ့ဖုံးကွယ်ထားကြလူမျိုးရေးတွေနဲ့ အာရုံလွှဲထားကြတော့ နိုင်ငံသားတွေမှာ အမှန်မမြင်နိုင်ပဲအမှားတွေကိုပဲထပ်ခါထပ်ခါကျူးလွန်နေကြပြီ
2026-09-23 03:04:19
43
yin yin htwe (pk) :
ဥပဒေဆိုတာ တာဝန်ယူပေးနိုင်မှ အသက်ဝင်တာ
တာဝန်မယူနိုင်ဘဲ အခွင့်အရေးမပေးဘဲ တင်းကြပ်နေရင် အနိုင်ကျင့်နေတာ
2026-09-22 04:30:22
54
Te amo :
နားမလည်လို့ဗျ ဘာကိုဆိုလ်ုတာလဲဗျ
2026-09-22 03:00:10
7
rara🇲🇲 :
တစ်ကယ့်အရင်းအမြစ်ကိုတော့ ပိတ်ပင်တားဆီးကွပ်မြတ်ကျဖို့ ဘယ်သူမှမစဥ်းစားကြဘူး
2026-09-23 13:59:29
8
Myat gyi :
စီကရက်ကို 18နှစ်ပြည့်မှ
သောက်ရမယ်လိုဗူးခွံမှာရေးထားကြတာပဲ
15နှစ်နဲ့လက်ကြားထဲမှာ အငွေ့လေးတွေထုတ်နေတက်ကြရပြီ။ ဒီလိုပါပဲ လောကမှာ လူတွေက မျက်နှာဖုံကိုယ်ဆီတွေနဲ့🥰။
2026-09-22 03:15:32
13
아웅텟 :
ကြိုက်လို့ copy ယူပါရစေ
2026-09-24 03:41:43
1
ဘဲဥ :
ဘာတောင်မန့်ရမှန်းမသိတော့ဘူးစာသားကြီးကလွင့်ထွက်နေတာပဲ လေးစားပါတယ်ဗျ
2026-09-22 01:30:41
7
Queen 88 :
ထိမိနက်နဲလွန်းတာ
2026-09-22 15:58:34
3
su♒ :
သဘောကျတယ်ရေးတတ်လိုက်တာ
2026-09-22 12:39:43
4
ˢᵃʳᵗᵒ(★) မုတ်သုန်...စာတို (★) :
နက်ရိုင်းတဲ့ စကားကြီးဗျာ 🥺🥺🥺🥺သိပ်မှန်လိုက်တာ
2026-09-22 12:51:24
2
မိုးဟေကို (ချောင်းသာ) :
ထိမိလိုက်တာအေ
2026-09-22 07:16:29
4
မင်းမင်း :
အတွေးတွေ
2026-09-24 09:25:33
1
Aqurious :
အရမ်းမိုက်တယ်ဗျာ🥰🥰🥰
2026-09-22 13:13:17
1
NASA :
ကူယူဖော်ပြခွင့်ပြုပါ Crd ပေးပါတယ်
2026-09-23 04:52:58
1
July Ko Ko :
copy ယူမယ်ဗျ
2026-09-22 12:50:51
1
Min Nay Mar :
ဥပဒေကသတ်မှတ်ထားတယ်
ငွေကဖျက်ဆီးပြီးသွားပြီ
2026-09-22 03:42:07
8
Ashay Gyi :
နက်နဲတဲ့စာသားလေးပါ[Heartwarming]
2026-09-23 04:27:46
1
Aung Chan12344 :
သြော် လောကကြီး လောကကြီး တော်တော် တရားတယ်
2026-09-22 13:18:54
1
Yann Min Htan :
ရင်နာစရာ ကောင်းတဲ့ ကဗျာပါ။ အမှန်တရားတွေ။
2026-09-22 11:03:41
4
Ma Yu5559 :
ပြောချင်တာက ထိရောက်မှု မရှိတဲ့ ဥပဒေကို လှောင်ပြောင်တဲ့ ကဗျာစာစုလေးဖြစ်မယ်ထင်
2026-09-22 15:03:16
5
Naing Naing :
ကော်ပီလိုချင်ပါတယ်
2026-09-24 02:39:37
1
nainglintun579 :
ကဗျာရေးတဲ့သူ မူပိုင်ဆိုရင် သူရေးခဲ့တဲ့ကဗျာတွေထဲမှာ ဒီတစ်ပုဒ်ကဓမ္မတရားနဲ့
ညီအောင်နေပြီး နောင်တစ်ချိန်မှာ နိုင်ငံအတွက် အုတ်တစ်ချပ် သဲ တစ်ပွင့် ဖြစ်မှာသေချာတယ်။ တိုတောင်းတဲ့ကဗျာဖြစ်ပေမယ့် လူစိတ်ရှိသူတွေအတွက် ကိုယ်ချင်းစာစိတ်ရှိသူတွေအတွက် ဓားမြှောင် တစ်လက်လိုပဲဗျာ။😔
2026-09-24 14:57:56
1
To see more videos from user @bpcoldthu, please go to the Tikwm
homepage.