@user794520105058: မှီနေရင်တော့ လှုပ်နေမှာပါပဲ မြတ်စွာဘုရားရှင်လက်ထက်က ဂိဇ္စျကုဋ်တောင်မှာသီတင်းသုံးနေတဲ့ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးနဲ့ အရှင်စုန္ဒမထေရ်မြတ်ကြီးတို့ဟာ မကျန်းမမာဖြစ်နေတဲ့ အရှင်ဆန္နထံကို သတင်းမေးဖို့ လာခဲ့ပါတယ်တဲ့။ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးကမေးတယ်- ငါ့ရှင်ဆန္နရောဂါသက်သာရဲ့လား..? ရောဂါအတွက်ဆေးဝါးလိုအပ်သလား..? ဓာတ်စာ,အာဟာရလိုအပ်သလား..? ဒါမှမဟုတ် လာပြီးပြုစုပေးဖို့လိုအပ်သလား..? အရှင်ဆန္နက- အရှင်ဘုရားတခြားဘာမှမလိုပါဘူး၊ ဝေဒနာတွေကိုမခံနိုင်တော့လို့ လည်ပင်းကိုလှီးဖို့အတွက် အလွန်ထက်တဲ့ ဓားတစ်ချောင်းသာလိုပါတယ်ဘုရား တဲ့။ ယောဂီတို့ စဉ်းစားကြည့်၊ ဝေဒနာရဲ့ဒဏ်တွေကို မခံစားနိုင်တော့လို့ သူ့ကိုယ်သူ အဆုံးစီရင်ဖို့ကြိုးစားနေတာ၊ အရှင်ဆန္ဓက နာတာ၊ကျင်တာကို ငါဆိုတဲ့အစွဲနဲ့ စွဲနေလို့သာ ငါနာတယ်ဆိုပြီး ဖြစ်နေတာမဟုတ်လား..? အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးနဲ့ အတူပါလာတဲ့ အရှင်စုန္ဒမထေရ်မြတ်ကြီးက- အရှင်ဆန္နမင်းစဉ်းစားကြည့်ပါ၊ တစ်စုံတရာကို မှီနေတယ်ဆိုလို့ရှိရင် မင်းရဲ့သန္တာန်က လှုပ်နေမှာပဲ၊ တစ်စုံတခုကို မမှီတော့ဘူးဆိုရင် မင်းရဲ့သန္တာန်က မလှုပ်တော့ဘူး တဲ့။ မိမိတို့ရဲ့သန္တာန်မှာ ခန္ဓာငါးပါးရှိတယ်၊ အကျဉ်းချုပ်တော့ ရုပ်တရားနဲ့နာမ်တရား၊ အဲဒီခန္ဓာငါးပါးဟာ တဏှာ,မာန,ဒိဌိ(၃)မျိုးကို မှီနေမယ်ဆိုရင် မိမိတို့ရဲ့သန္တာန်မှာ လှုပ်ရှားမှုလေးတွေ ပေါ်လာမှာပဲ၊ တဏှာကိုမှီနေရင် တဏှာကြောင့်လှုပ်မယ်၊ မာနကိုမှီနေရင် မာနကြောင့်လှုပ်မယ်၊ ဒိဌိကိုမှီနေရင် ဒိဌိကြောင့်လှုပ်မယ်။ လောကဥပမာနဲ့ပြောရမယ်ဆိုရင် တစ်နေရာမှာ မီးလောင်တယ်ဆိုပါစို့၊ အဲဒီ မီးလောင်နေတဲ့နေရာမှာ ကို့ယ်အိမ်လည်း မရှိဘူး၊ ကိုယ့်ရဲ့ ဆွေမျိုးသားချင်းအိမ်လည်း မရှိဘူး၊ ကိုယ့်ရဲ့မိတ်ဆွေအိမ်လည်းမရှိဘူးဆိုရင် ကိုယ့်စိတ်မှာ ပူလောင်မှုဖြစ်ပါ့မလား..? ဘာကြောင့်လဲ..? တဏှာ,မာန,ဒိဌိတို့နဲ့ မှီနေတာ ဘာမှမရှိလို့ပါပဲ။ တဏှာ,မာန,ဒိဌိနဲ့မှီနေတာ မရှိဘူးဆိုရင် တဏှာကြောင့်လည်း ပူလောင်မှုမရှိဘူး၊ မာနကြောင့်လည်း ပူလောင်မှုမရှိဘူး၊ ဒိဌိကြောင့်လည်း ပူလောင်မှုမရှိဘူး၊ တကယ်လို့ မီးလောင်တဲ့နေရာမှာ ကိုယ့်ရဲ့အိမ်ရှိနေတယ်ဆိုရင် နေလို့ရပါ့မလား..? အမြန်ထပြီး မပြေးရဘူးလား..? ပူပင်သောကတွေ မရောက်နိုင်ဘူးလား..? တခြားကြောင့်လား၊မှီနေလို့လား..? ဒုက္ခဝေဒနာလေး ခံစားနေရပြီဆိုရင် ဒီဒုက္ခဝေဒနာကို ငါမခံစားချင်တော့ဘူးဆိုတာ တဏှာရဲ့ လောင်မြိုက်ခြင်းခံရတာပဲ၊ ဒီဝေဒနာကို မြန်မြန်ပျောက်ချင်တယ်ဆိုတာက တခြားသဘောလား၊တဏှာရဲ့သဘောလား..? ငါဒီလောက်အထိ တရားတွေအားထုတ်နေတာ၊ ငါ့ကျမှ ဒီလိုဖြစ်ရလေခြင်းဆိုတော့ မာနသဘော မသက်ရောက်သွားဘူးလား..? ငါနာတယ်၊ငါကိုက်တယ်၊ငါခဲတယ်ဆိုတာ တခြားနဲ့စွဲတာလား၊ဒိဌိနဲ့စွဲသွားတာလား..? တဏှာ,မာန,ဒိဌိနဲ့မကြည့်ပဲ ဉာဏ်နဲ့ကြည့်ရင် ဒီလိုဖြစ်ပါ့မလား..? ဝေဒနာလေးပေါ်လာတယ်၊ ခံစားတတ်တဲ့သဘော မရှိဘူးလား..? အဲဒီဝေဒနာလေးကို ဉာဏ်နဲ့ကြည့်လိုက်နိုင်ရင် ဖြစ်တယ်၊ဖြစ်ပြီးတော့ ပျက်မသွားဘူးလား..? ဖြစ်ပျက်က ဘာသစ္စာလဲ..? ဒုက္ခသစ္စာ။ ဒုက္ခဝေဒနာပေါ်လည်း ဒုက္ခသစ္စာ၊ သုခဝေဒနာပေါ်လည်း ဒုက္ခသစ္စာ၊ ဥပေက္ခာဝေဒနာပေါ်လည်း ဒုက္ခသစ္စာ၊ ကိုယ်နဲ့မဆိုင်သလို တစိမ်းပြင်ပြင်အားဖြင့် ကြည့်နိုင်မယ်ဆိုရင် ဘယ်ဝေဒနာပဲပေါ်ပေါ် ၊ တခြားမြင်မှာလား၊ဖြစ်ပျက်မြင်မှာလား..? ဖြစ်ပျက်ပဲမြင်နေမယ်ဆိုရင် ဘယ်ဝေဒနာပဲပေါ်လာပေါ်လာ၊စိတ်ချမ်းသာခြင်း၊ စိတ်ဆင်းရဲခြင်းဆိုတာ ဖြစ်စရာလိုသေးလား..? ဒီလိုနဲ့ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးနဲ့ အရှင်စုန္ဒမထေရ်မြတ်ကြီးတို့ပြန်သွားတဲ့အခါ အရှင်ဆန္နက သူ့ရဲ့လည်ပင်းကို ဓားနဲ့လှီးပြီး သေအောင်လုပ်လိုက်တယ်တဲ့၊ အဲဒီအချိန်မှာ မရဏာသန္နဇောတွေဝင်လာပြီး ကံနိမိတ်၊ကမ္မနိမိတ်၊ဂတိနိမိတ်တွေထင်လာတယ်၊ ဒီနိမိတ်တွေပေါ်လာတယ်ဆိုတာ နိဗ္ဗာန်မရောက်နိုင်တဲ့ပုဂ္ဂိုလ်မှာပဲ ပေါ်လာတာနော်။ အဲဒီအခါကျမှ အရှင်ဆန္နသိသွားပြီ၊ ဘာကိုသိတာလဲဆိုတော့ သူဘဝမပြတ်နိုင်သေးဘူးဆိုတာ၊ သူရဟန္တာမဖြစ်သေးဘူးဆိုတာ သိသွားတာ၊ သူသိတဲ့အခါ အချိန်များများရှိသေးရဲ့လား..? အဲဒီအခါကျမှ ဝီရိယအား၊သမာဓိအား၊ ပညာအားတွေနဲ့ရှုမှတ်အားထုတ်လိုက်တာ ဖြစ်ပျက်တွေမြင်၊ဖြစ်ပျက်တွေမုန်း၊ ဖြစ်ပျက်တွေဆုံးပြီး အသက်ဝိဉာဏ်လည်းချုပ်၊ ရဟန္တာလည်း ဖြစ်သွားပါတယ်တဲ့။ အဲဒီတော့ ဘုန်းကြီးတို့ယောဂီတွေစဉ်းစားပါ၊ မိမိကိုယ်ကို ကိလေသာကုန်ပြီထင်ပေမယ့်၊ အမြင်မှန်လေးတွေမြင်လိုက်ရရုံနဲ့ ကိလေသာ တကယ်ကုန်ရဲ့လား..? ကိလေသာလေး တဒင်္ဂသေရုံနဲ့ရပါ့မလား..? ဝိပဿနာဉာဏ်လောက်နဲ့စိတ်ချရပါ့မလား..? လောကုတ္တရာမဂ်မရရင် စိတ်မချရပါဘူး။ သောတာပတ္တိမဂ်ရပြီဆိုရင် အပါယ်လေးဘုံကျစရာအကြောင်း ရှိပါ့မလား..? အနာဂါမိမဂ်သာရမယ်ဆိုရင် ကာမဘုံကို လာစရာအကြောင်းရှိသေးလား..? အရဟတ္တမဂ်ရမယ်ဆိုရင် သုံးဆယ်တစ်ဘုံပြန်စရာ လိုသေးရဲ့လား..? ဘဝနိဂုံချုပ်ပြီး ပရိနိဗ္ဗာန်မစံရဘူးလား..? အဲဒီတော့ ဝိပဿနာမဂ်လောက်နဲ့ တင်းတိမ်မနေကြဘဲနဲ့ လောကုတ္တရာမဂ်ရအောင်ကြိုးစားကြပါလို့ တိုက်တွန်းရင်း သာဓုခေါ်လိုက်ကြ။ ကျိုက္ကလော့ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ ဒေါက်တာဘဒ္ဒန္တစန္ဒာဝရာဘိဝံသ ထေရဝါဒမိုးကုတ်ဓမ္မရိပ်သာ၊လှည်းကူးမြို့ (သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ) 🙏🙏🙏

သံဝေဂဉာဏ်
သံဝေဂဉာဏ်
Open In TikTok:
Region: TH
Sunday 06 September 2026 00:30:20 GMT
13831
1826
40
226

Music

Download

Comments

that.zin.phyo36
Ashin Sopãkã :
သံဝေဂဥာဏ်အကောက်ပိုင်ရှင်ခမျာ့ copyယူထားလိူပါ့သဖြင့် ကွန်မတ်တွင် သို့မဟုပ် cbတွင် အကျွန်ုပ်အား ဤတရားတော် လေးအား အလှူခံပါတယ်ခမျာ့ Ashin sopãkã
2026-09-14 11:39:47
1
umyintsanoo
U Myint San :
ကြည်ညို၊သဒ္ဓါ၊ရိုသေစွာဖြင့်၊ဆယ်ဖြာလက်စုံ၊ယှက်မိုးရုံကာ၊အခါခါဦးတိုက်၊ကန်တော့လိုက်ပါ၏အရှင်ဘုရား။သာဓု၊သာဓု၊သာဓု.....
2026-10-31 04:16:39
1
phyopaingsoekyaw
Phyopaing soekyaw :
ဆရာတော်ဘုရား၏သီလသမာဓိပညာဂုဏ်တို့အား တပည့်တော်ထိချင်းတည်ချင်းငါးပါးဖြင့်ရှိခိုးကန်တော့ပါ၏ဘုရား 🙏🙏🙏
2026-09-10 06:25:14
2
user2190998236611
တောကကိုရင် :
သာဓုပါ
2026-10-27 05:45:15
0
maychitsu08
maychitsu မေချစ်စု :
သာဓုသာဓုသာဓု🙏🙏🙏
2026-10-28 03:14:16
0
wai.yan.kyaw1032
Wai Yan Kyaw :
🙏
2026-09-06 10:56:43
0
maeihmwe442
Ma Ei Hmwe442 :
သာဓု သာဓု သာဓု
2026-09-06 05:17:10
0
j.tre60
JUNE♊️ :
2026-09-08 04:35:09
0
u.gu.na0
Kaung. sett :
❤️❤️သာဓုပ့ါ
2026-09-16 12:42:52
0
lu.gyi.min579
Lu Gyi Min :
သင်တန်းတက်ချင်လိုက်တာ
2026-09-07 14:13:49
1
khin.win.kyi306
Khin Win Kyi :
သာဓု သာဓု သာဓုပါ
2026-09-10 13:58:52
0
wathan0985
Nyein Aye Yar :
သာဓု သာဓု သာဓု ပါ ဘုရား
2026-09-09 14:46:06
1
aung.myo.zaw388
aung myo zaw :
👍
2026-09-06 11:13:48
0
zinohhff30m
Ohnmarzin :
သာဓု သာဓု သာဓုပါဘုရား
2026-09-20 01:47:44
0
my.happy.like.1
ဘဝသံသရာခရီးသယ် :
သာဓုသာဓုသာဓု
2026-09-26 13:06:18
0
chawohmarkhaing
Chaw Chaw :
🙏🙏🙏🙏🙏🙏 သာဓု သာဓု သာဓု
2026-09-23 05:58:43
0
zawzaw40997
🌷🌹myo myo🌹🌷 :
သာဓု သာဓု သာဓု 🙏🙏🙏
2026-09-06 13:54:20
0
aung.swe.oo072
Aung swe oo :
သာဓု သာဓု သာဓု 🙏🙏🙏
2026-09-15 14:06:41
0
aung.zaw.moe114
Aung Zaw Moe :
သာဓု သာဓု သာဓု🙏🙏🙏
2026-09-06 09:40:40
0
shwe.bon847
Nyunt Nyunt Sein :
🙏
2026-10-01 08:08:25
0
that.zin.phyo36
Ashin Sopãkã :
ကူးယူသိမ်းစည်းထားခြင်လို့ copy လေးပေးပါခမျာ့
2026-09-07 00:31:15
1
lady.cho6
lady Cho :
[Pray][Pray][Pray]
2026-09-24 10:33:10
0
lin.lin5071
Lin Lin :
🙏🙏🙏
2026-10-02 00:18:58
0
.sandar.oo
🇲🇲 Sandar Oo 🇲🇾 :
🙏🙏🙏
2026-10-02 04:50:09
0
aung.kyaw4596
aung kyaw :
[Heart eyes][Heart eyes][Heart eyes]
2026-09-06 04:59:36
0
To see more videos from user @user794520105058, please go to the Tikwm homepage.

Other Videos


About