@.kl8556: ဆက်ဆံရေးတိုင်းမှာ အပြန်အလှန် လေးစားမှု၊ အပြန်လှန်ပေးဆပ်မှု ၊ အပြန်လှန်ပေးအပ်တဲ့ မေတ္တာနဲ့ နားလည်မှုတွေနဲ့ပဲ တည်ဆောက်ရတာပါ။ ဒါပေမဲ့ တစ်ခါတလေကျတော့ ကိုယ့်ရဲ့စေတနာအမှားတွေကြောင့် စေတနာနဲ့ မထိုက်တန်တဲ့သူတွေဆီကနေ အဆိပ်အတောက်လို ရလဒ်ဆိုးတွေ၊ စိတ်ဒဏ်ရာတွေပဲ ပြန်ရတတ်ကြတယ်။ အဲ့ဒီထဲမှာ အဆိုးဆုံးလူစားကတော့ အတ္တကို ရှေ့တန်းတင်ပြီး သူတစ်ပါးရဲ့ စေတနာကို နင်းခြေအမြတ်ထုတ်တတ်တဲ့သူတွေပါပဲ။ အတ္တကြီးတဲ့သူတွေရဲ့ အကျင့်က အရာရာကို ကိုယ်တိုင်ပဲ ရယူခံစားချင်ကြပြီး တစ်ဖက်သားရဲ့ ပေးဆပ်မှု၊ ချွေးစက်နဲ့ စိတ်ပင်ပန်းရတာတွေကို ဘယ်တော့မှ အသိအမှတ်မပြုတတ်ကြဘူး။ သူတို့ရဲ့ မိသားစုဝင်ပဲဖြစ်ဖြစ်၊ မိတ်ဆွေပဲဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်ပဲဖြစ်ဖြစ် မေတ္တာနဲ့ ငဲ့ညှာပြီး ကူညီဖေးမပေးခဲ့ပေမဲ့ သူတို့စိတ်ထဲမှာ ကျေးဇူးတရားဆိုတာ ဘယ်တုန်းကမှ အမြစ်မတွယ်ခဲ့ပါဘူး။ အစပိုင်းမှာတော့ ကိုယ့်စေတနာကို အားကိုးစရာအဖြစ် လက်ခံယူတတ်ပေမဲ့ ကြာလာတဲ့အခါကျတော့ ဒါတွေကို "ငါရထိုက်တဲ့ အခွင့်အရေး"၊ "သူတို့က မဖြစ်မနေ လုပ်ပေးရမယ့် တာဝန်" ဆိုပြီး မှားယွင်းစွာ မှတ်ယူသွားတတ်ကြတယ်။ ကိုယ့်ဘက်က သတိမထားမိဘဲ လုပ်မိနေတတ်တဲ့ အမှားတစ်ခုကတော့ "ချစ်တာ" နဲ့ "အလိုလိုက်တာ" ကို မခွဲခြားနိုင်တာပဲ။ သူများအဆင်ပြေဖို့ချည်း အမြဲအလိုက်သင့် နေပေးတာ၊ သူတို့ရဲ့ အမှားတွေကို သည်းခံခွင့်လွှတ် မျက်ကွယ်ပြုပြီး အလိုလိုက်မိတာတွေဟာ လူတစ်ယောက်ကို လမ်းကောင်းရောက်စေတာ မဟုတ်ဘဲ ကိုယ်ကျိုးရှာ ကျေးဇူးကန်းတတ်သူ ဖြစ်သွားအောင် တွန်းပို့ပေးလိုက်သလိုပါပဲ။ ပေးကမ်းမှုတိုင်းမှာ စည်းဘောင်မရှိတော့တဲ့အခါ ရယူတဲ့သူဘက်က လောဘကလည်း အဆုံးမရှိ ကြီးထွားလာတတ်ပါတယ်။ ရိုးတွင်းခြင်ဆီထိ အတ္တစွဲနေတဲ့သူတွေရဲ့ စိတ်ထဲမှာ "ငါ" ဆိုတဲ့ ကိုယ်ကျိုးတစ်ခုတည်းပဲ ရှိတယ်။ ကိုယ်က ဘယ်လောက်ပဲ ပင်ပင်ပန်းပန်း ကူညီစောင့်ရှောက်ခဲ့ပါစေ၊ တစ်ကြိမ်တစ်ခါလောက် မဖြည့်ဆည်းပေးနိုင်တော့တဲ့ အခိုက်အတန့်ကျရင် အရင်က ကောင်းခဲ့သမျှကို ချက်ချင်းမေ့ပစ်ပြီး အပြစ်တင်စကားတွေနဲ့ပဲ တုံ့ပြန်တတ်ကြတယ်။ ဒါကြောင့်မို့လို့ လူမှုဆက်ဆံရေးမှာ ကိုယ့်ရဲ့ စေတနာနဲ့ မေတ္တာတရားကို တန်ဖိုးနားလည်တဲ့သူ စည်းဘောင်နားလည်တဲ့တွေအပေါ်မှာပဲ ထားသင့်တယ်ဆိုတာ သိလာရပါတယ်။ အကန့်အသတ်မရှိ ပေးဆပ်တာတွေက မွန်မြတ်တယ်ဆိုပေမဲ့ မထိုက်တန်တဲ့ အတ္တသမားတွေဆီမှာတော့ အသုံးချခံသက်သက်ပဲ ဖြစ်သွားစေတယ်။ ကိုယ်တိုင်လည်း သူတစ်ပါးရဲ့ ကူညီမှုတိုင်းအပေါ် ကျေးဇူးသိတတ်အောင် ကြိုးစားရမှာဖြစ်သလို၊ တစ်ဖက်မှာလည်း ကိုယ့်စေတနာကို နင်းခြေအသုံးချမယ့်သူတွေနဲ့ဆိုရင် စည်းလေးတွေ သတ်မှတ်ပြီး ဉာဏ်နဲ့ယှဉ်ကာ ဆက်ဆံနေထိုင်တတ်ဖို့ အရမ်းအရေးကြီးပါတယ်။ မာရင်ရင်
SNM -kl
Region: MM
Sunday 06 September 2026 07:07:34 GMT
Music
Download
Comments
ပျော်ရွှင်ပါစေဆုတောင်းပေးပါတယ် :
ပြန်သုံးခွင့်ပေးပါရှင်🙏🙏🙏
2026-09-07 02:52:54
1
Hnin Si Plan :
စေတနာထားပါ
စေတနာနဲ့မတန်တဲ့လူနဲ့တွေခဲ့ရင်လည်
ကိုယ့်စိတ်တွေ.အေးချမ်းပါတယ်🥰
2026-09-06 13:09:33
1
Ya Min :
မဂ်လာညချမ်းလေးပါရှင့်❤️❤️❤️❤️❤️❤️❤️
2026-09-06 12:29:24
1
နေပြည်တော်သူ9/ :
မှန်ကန်တဲ့စေတနာမို့ရလဒ်ကသူတို့ကိုမေတ္တာမစူးပါစေနဲ့ပဲဆုတောင်းပေးခဲ့ပါပီ
2026-09-06 13:35:13
1
kaungmala107 :
စေတနာကလူတိုင်း
နဲ့မထိုက်တန်ပါ[Red heart][Red heart][Red heart]
2026-09-28 01:35:00
0
M T. love664 :
အမှားအမှန်လဲ ခွဲခြားနိုင်ခဲ့ပါပီ အသိသတိထားပါတော့မယ် ခုလို အသိခွန်းအားရလို့ ကျေးဇူးပါနော် 🙏🙏🙏❤️❤️❤️❤️❤️
2026-09-06 13:36:58
1
Daw NuNu naing :
🥰🥰🥰🥰🥰🥰
2026-09-06 11:05:22
1
ဒေါ် မိငယ် :
🌹🌹🌹🌹🥰🥰
2026-09-07 11:58:58
0
သဇင်လေး :
👍👍👍
2026-09-06 13:01:21
1
Ma Aye Myint :
🥰🥰🥰
2026-09-08 05:23:52
0
u Paing :
🥰🥰🥰
2026-09-06 08:40:17
1
Tin Mang soe :
❤️❤️❤️
2026-09-08 09:12:04
0
zue :
🥰🥰🥰
2026-09-06 09:26:54
1
💐🪷🌷ပိုးသားဖြူ🌷🪷💐 :
🌹🌹🌹
2026-09-06 09:20:08
1
user1242679848983 :
🥰🥰🥰🥰🥰
2026-09-10 16:26:40
0
ပိုးသားဖြူ🫶 :
🌹🌹🌹
2026-09-06 14:53:45
0
Myat Myat6834 :
🥰🥰🥰
2026-09-06 08:04:24
1
မြင့်မြင့်အေး :
@🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-09-06 13:57:32
0
San :
💕💕💕
2026-09-06 09:18:53
1
အကြည် အကြည် :
🥰🥰🥰
2026-09-29 06:42:19
0
To see more videos from user @.kl8556, please go to the Tikwm
homepage.