@yangonmedia: ရန်ကုန်မြို့တွင်၊ ပေါ်တာဆွဲဖ-မ်-းဆီ-းခံရပြီး ပြန်လည်လွတ်မြောက်လာသူတစ်ဦး၏ ပြောကြားချက်၊ ပေါ်တာဆွဲဖြစ်စဉ်တွေမှာ ဘယ်သူတွေပါဝင်ပတ်သက်နေသလဲ A Survivor’s Account: Who is Actually Involved in the Br**al Fo**ed Con**ription and Press-Ganging Operations in Yangon? #ပေါ်တာဆွဲ #စစ်တပ် #လူပျောက် #ရန်ကုန် #သတင်း

Yangon Media
Yangon Media
Open In TikTok:
Region: TH
Sunday 06 September 2026 11:55:21 GMT
752701
35982
318
15280

Music

Download

Comments

athaelay734
AThae lay ❤ :
အိမ်ကခလေးလည်း ခရီးသွားရင် အဆွဲခံလိုက်ရတာ တစ်နှစ်ရှိပြီး သတင်းအစအနလေးတောင် မကြားရဘူး သေလားရှင်လားတောင်မသိ 😭
2026-09-06 14:21:00
170
kyawg346858dfg
black man :
ပြည်သူ တွေ ပြန်ထမှ ရတော့မယ် ဒီတိုင်းဆို အကုန်သေကုန်တော့မှ
2026-09-07 11:58:57
9
user5386035488849
iconic moment :
စစ်တပ်နဲ့ရဲက ပြည်သူတွေရဲ့အသက်အိုးအိမ်စိမ်းစည်ကို ကာကွယ်စောင့်ရှောက်ရမဲ့အစား အပြစ်မရှိဘဲ လိုက်ဖမ်းနေတာ စစ်တပ်နဲ့ရဲက ရာဇဝတ်လူဆိုးအုပ်စုဖြစ်နေပြီ
2026-09-06 14:14:41
152
user1113474541083
😾€țĥãñ😽 :
အမှန်လူငယ်လူရွယ်တွေမလုံခြုံတော့ဘူး
2026-09-06 12:50:15
98
gordman2
Rasta :
ကျွန်တော်အလှည့်တုန်းကတော့ လှိုင်ဘူတာရုံလမ်းနားက မီးပွီုင့်မှာ သူတို့ချထားတဲ့ဘန်ကာနားမှာပါ အရပ်ဝတ်နဲ့ပါဗျ လူ၃ယောက်ပါ အိတ်ထဲမှာလက်ထိပ်နဲ့သေနတ်ပါပါတယ် ညီလေးခဏဆိုစp ဖုန်းတွေယူစစ်ပါတယ် နောက်ပြီးခဏလိုက်ခဲ့ဆိုp လှည်တန်းနားက ဘန်ကာနားကိုထပ်ခေါ်သွားပါတယ် ကျွန်တော်ရဲ့အပြောအဆိုကောင်းမှုကြောင့်သူတို့ထဲကတစ်ယောက်ကအာမခံပေးလို့အဲ့နေရာမှာတင်ပြန်လွတ်လာပါတယ် ဒါပေမယ့် ဖုန်းနဲ့ပိုက်ဆံတွေတော့ပြန်မပါလာပါဘူး အသက်ထပ်ဘာမှအရေးမကြီးလို့ အာမခံပေးတဲ့လူကိုကျေးဇူးတင်ကြောင်းပြောp အိမ်ကိုလက်ဗလာနဲ့ပြန်လာရပါတယ် ဘယ်သွားသွားတစ်ယောက်ထဲသွားတဲ့သူမို့အခုတစ်ခါတော့တော်တော်လေးသတိထားနေရတယ် တစ်ယောက်ထဲသွားတဲ့သူတွေသတိထားကြပါဗျ ကျွန်တော်လိုဖြစ်မှာဆိုးလို့ပါ ကျွန်တော်ကတော့အပြောကောင်းလို့အာမခံနဲ့ပြမ်လွတ်လာပါတယ်
2026-09-06 15:10:06
53
kyaw.hein5857
Kyaw Hein :
အရမ်းရုပ်မာတဲ့စစ်တပ်
2026-09-06 12:29:14
505
alsavatoe
One Million :
အပြင်မှာ မှတ်ပုံတင်လုပ်ရင်မတအားခက်ရစ်လည်းရစ် အဆွဲခံရလို့ မှတ်ပုံတင်မရှိဘူးပြောရင် လွယ်သလားမမေးနဲ့ ဒီနေ့လုပ်ဒီနေ့ရဘဲ
2026-09-06 13:04:58
53
.winwin81
winwin :
လူဆိုးသူခိုး တွေကျ ပေါ်တာမဆွဲသလိုဘဲ လူ ကောင်း တွေဘဲပါ နေတယ်
2026-09-06 14:42:55
125
kmt9832
kmt :
ပြည်သူတွေတစ်ခုခုစဉ်းစားပါ ဒီအတိုင်းနေလို့မရပါဘူး
2026-09-06 14:01:41
30
myomyatkyaw6969
ŝħāđǿŵ :
ဒီ လောက်ဆွဲ နေ အနိုင်ကျင့်နေတာ တောင် ဘာမှ တက်နိင်ခြင်းမ ရှိတာ လူဘဝက ဘုရားဟောတရားအတိုင်းဘဲ နေချင်စရာတစ်ကွက်မှ မရှိ
2026-09-06 14:53:23
13
thitpaing04
thitpaing04 :
ပြည်မှာလည်းအဲလိုပဲနော်
2026-09-06 14:53:19
8
waieimon2
Wai Ei Mon :
သူငယ်ချင်းရဲ့ယောက်ကျားလဲ ပြန်မလာတာ တစ်နှစ်ကျော်ပီ ကားအငှားလိုက်သွားတာ စစ်ကိုင်းဖက်တဲ့ အဖော်နှစ်ယောက်နဲ့ ပေါင်းသုံးယောက်
2026-09-06 14:45:54
10
kapowhtoo44
myint :
သူပြောတာအမှန်ပါ အသိလည်းပါပြီး ခိုးပြေးလာတော့ အဲ့လိုပါဘဲသူပြောတာတွေနဲ့ အရာရာဂရုစိုက်ကြပါ
2026-09-06 15:52:17
9
dramaking9880
Ķő Ħēíñ :
ဟုတ်တယ် ငါ့အစ်ကို လဲ ပါသွားတယ် မှတ်ပုံတင်လုပ်တယ် ပြီးတော့ တပ်ထိန်းမှာထားတယ် တပ်ထိန်းနဲ့စအဖပေါင်းပြီးရောင်းစားတာ တစ်ယောက်ကို 100 ဝန်းကျင်ရကြတယ်တဲ့ မိဘတွေဆီတော့ တပြားမှမပေးဘူး တပ်ထိန်းကနေ သင်တန်းပို့တာ ကိုက နီးစပ်ရာအသိလေးတွေရှိတော့ အကြောင်းစုံသိရတယ် ပေါ်တာဆွဲတာကို လိုက်ဖုံးမနေကြနဲ့ ၉ လပိုင်းလယ်လောက် သင်တန်းဆင်းလာမှာ ဘယ်မှာတာဝန်ကျမလဲမသိသေးဘူး ရခိုင်မပို့အောင် ဘုရားတနေရတယ် 🥹
2026-09-06 18:12:34
6
2003kim
𝑵𝒖 𝑵𝒖 ᥫ᭡ :
ဒီနိုင်ငံမှာစိတ်အေးပြီးနေလို့မရတော့တာ💔
2026-09-06 14:41:30
16
zixpy28
Zixpy :
ခရီးထွက်ဖို့ရှိနေတာ အဝေးပြေးလမ်းမတွေမှာရော ပေါ်တာဆွဲနိုင်လားဗျ
2026-09-06 18:54:13
5
kokokywel007
Ko Kywel :
ကိုကြီးကမန်းလေးမှာကျွန်တော်ကရန်ကုန်မှာအဖေကဦးဇင်းအကိုကမနက်တိုင်းအဖေနဲ့လက်ဖက်ရည်ဆိုင်ထိုင်တာအ့နေ့ကဖြစ်ချင်တော့ဆိုင်ကယ်မပါဘူးမနက်က၆ခွဲလောက်ထွက်သွားတယ်တဲ့ပြန်မလာတော့ဘူးသမီးတဲ့ စိတ်ထဲပေါ်တာထဲပါရင်လည်း သူဆက်သွယ်မှာပေါ့နော် ရွေးဖို့ဘာဖို့ပြောမယ်ပေါ့ ကျားဖြန့်တွေပဲလားဆိုပီး စိတ်ကတထင့်ထင့်နဲ့ နောက်၈လနေကျအကိုက လာဆက်သွယ်တယ် အမေ့ဆီကိုဆက်တာ ဟယ်လိုတဲ့အိမ်ကအမေကသူ့သားကြီးအသံတန်းသိ သားလားဆိုတော့ဟုတ်တယ်အမေတဲ့ နင်ဘယ်ရောက်နေတာလဲဟယ်တဲ့ ပေါ်တာပါတာ အမေတဲ့ ရှမ်းမြောက်ရှေ့တန်းထိပါ ပါသွားလို့ခုရန်ကုန် ဘယ်တပ်ဘယ်တပ် အတိအကျပြောတယ် ရောက်နေတယ်တဲ့ ကိုကခေါင်းနပန်းကြီးနေပီ ရှေ့တန်းထိပါပါတယ်ဆိုတော့ အကို့အသက်က ၄၀ ကျော်ပီကိုး အ့နဲ့နောက်ရက်မှဆက်မယ်အမေတဲ့ ခုပြောမရတော့ဘူးတဲ့ နောက်၃ရက်နေထပ်ဆက်တယ် သူနံရိုးကျိုးထားတာ ဆေးခန်းပြချင်လို့ပိုက်ဆံလေးပေးပါလားတဲ့ အ့နဲ့ဖြစ်ကြောင်းမေးတော့မပြေးဘူးလားဆိုတော့ ပြေးတာပေါ့တဲ့ မလွတ်ဘူးတဲ့ ပါပါချင်းညတိုင်းငိုရတယ်တဲ့ သေချင်စော်ပါနံတယ်တဲ့ ထွက်ပြေးလို့ကလည်းမရတဲ့ ဒါတကယ်ကြုံဘူးတဲ့သူတွေပဲသိတာပါ အ့တော့ဆက်မေးကြည့်တော့ ရခိုင်ထပ်ပါမယ်ကြားတယ်တဲ့ ဟာ ကိုတော့ သွားပီထင်တယ်ပေါ့ အနီးနားမေးကြည့်တော့ အပတ်စဥ်ထွက်ပီးရင် ပြန်ထွက်လို့မရတော့ဘူးတဲ့ငွေလိုက်လည်းမရတော့ဘူးတဲ့ သူရှေ့တန်းရခိုင်ထပ်ပါမယ်ဆိုရင်ပုံမှန်သူတွေဆိုတခါရှေ့တန်းပါပီး ပြန်လိုက်ရဖို့ကြာတယ်တဲ့ ကို့အကိုဆက်ပီးတလမကြာဘူးသူဆက်သွယ်တဲ့နံပတ်တွေဆက်မရတော့ဘူး ခုရခိုင်ကစစ်ပွဲတွေအကြောင်းတက်လာတယ် စိတ်ထဲတော့ဆောက်တည်ရာမရပူလောင်တာပေါ့ သူ့ကလေးအတွက်လည်းသူပူမှာပဲလေသူ့မိန်းကောမရှိတော့ဘူးကိုး ကိုတွေမှာအပူကိုယ်စီနဲ့ဆုတောင်းပေးရုံကလွဲပီးမတတ်နိုင်တော့ဘူး😔
2026-09-06 18:34:48
13
moethae9733
moethae :
တကယ်ကြီးပါ ရုံးက ဝန်ထမ်လဲ အလုပ်လုပ်နေရင်းတန်းလန်းနဲ့ ပါသွားလို့ မနည်း ပြန် ရွေးထုတ်ထားရတာ
2026-09-06 15:13:23
6
khon.pyar
kp sharing :
ဇာတ်လမ်း သိပ်မကောင်းဘူး
2026-09-06 14:11:07
10
phyopapahtun455
Phyo Phyo :
တကယ်ဖမ်းတာကိုယ်တွေရဲ့မောင်လေးဆိုအလုပ်မှာနားချိန်ကိုမုန့်ဆင်းဝယ်တာကားအမဲနဲ့ဝိုင်းဖမ်းတာအတင်းရုန်းလို့လွတ်တာဒါတောင်ဖုန်းပါသွားတယ်
2026-09-06 15:09:58
11
honorable2543
Ivy🌹 :
ခေတ်က လမ်းပေါ်ထွက်ရမှာတောင် ကြောက်နေရပြီ
2026-09-06 14:08:58
8
a90322161
A :
ကားအမဲနဲ့လိုက်ဆွဲတာ
2026-09-06 13:44:25
16
sun.roam8
MaMaYaeMgLay Rank Boost :
ကျနော်တိူ့မုံရွာမှာ တစ်ရက်ကို ၅၀လောက်ဆွဲနေတာ အလုပ်သွားအလုပ်ပြန်တွေကို အခုဆို အိမ်အပြင်တောင်မထွက်ရဲဘူး ပါမှာကြောက်လို့
2026-09-06 16:28:01
11
ohn.mar9062
Ohn Mar :
အိမ်ကလူတွေတော်လိုက်တာ
2026-09-06 12:59:36
17
tkgjp1sunnlji6
oo khin mg kyaw :
ခေတ်က ကောင်းမှမကောင်းတော့......
2026-09-06 13:21:31
5
To see more videos from user @yangonmedia, please go to the Tikwm homepage.

Other Videos


About