@mainmagyan: အသက်လေးရလာတော့ ကိုယ့်ကို မလိုအပ်တဲ့လူတွေ တွေ့ရင် ဝမ်းမနည်းမိတော့ဘူး။ သူတို့ လိုအပ်တဲ့ လူတွေ သူတို့နားမှာ မြဲနေပါစေပဲ ဆုတောင်းပေးတယ်။ ကိုယ့်ကို မကြိုက်တဲ့လူတွေ တွေ့ရင်လည်း သူတို့ ကျေနပ်အောင် လိုက်မနေပေးတော့ဘူး။ သူတို့ကြိုက်တဲ့ လူတွေနဲ့ သူတို့ ဆက်ခင်နေပါစေလို့သာ ဆုတောင်းတယ်။ ကိုယ့်ကို မကောင်းပြောတာ ပြန်ကြားရင် အစကတော့ ဒေါသ ဖြစ်မိတယ်။ အခုတော့ လျစ်လျူရှုတတ်လာပြီ။ လောကမှာ ချစ်တဲ့သူရှိသလို မု,န်းတဲ့လူလည်း ရှိမှာပဲလေ။ လူတွေအပေါ် သိပ်ဂရုစိုက်လွန်းတာကို လျှော့လိုက်ပါ။ ဘဝမှာ နေရတာ ပေါ့ပါးသွားမယ်။ ကိုယ့်အကြောင်း ပြောစရာ မတွေ့လည်း နောက်တစ်ယောက်အကြောင်းကို ထပ်ပြောနေမှာ ဖြစ်တယ်။ သူတို့ လိုအင်တွေ ပြည့်ဖို့ သူတို့ အကြိုက်လိုက်နေပေးနိုင်ရင် သင်က ကောင်းနေမှာဖြစ်ပြီး သူတို့ စိတ်ထဲ မတွေ့တော့ရင် သူတို့ စိတ်ကြိုက် နေမပေးရင် သင်ဟာ သူတို့ရန်သူ ဖြစ်သွားပါလိမ့်မယ်။ သူတို့ပါးစပ်ထဲမှာ သင်က ကောင်းလိုက် မကောင်းလိုက် သူတို့အမြင်မှာ သင်က ခင်ဖို့ကောင်းလိုက် မုန်းဖို့ကောင်းလိုက် သူတို့အတွေးမှာ သင်က လိုသုံးကြီးဖြစ်လိုက် လူပိုကြီးဖြစ်လိုက် အနိမ့်အမြင့် မျိုးစုံနဲ့ သူတို့စိတ်ထဲမှာ တစ်နေ့တစ်မျိုး မရိုးရအောင် သင်က ကပြနေရတာပါ။ တကယ်တော့ လူတွေကို သိပ်ဖက်တွယ်လွန်းရင် သိပ်အာရုံထဲထည့်ထားရင် အာရုံနောက်ရမှာက သင်ပဲဖြစ်တယ်။ သူတို့ကတော့ သူတို့အလုပ်ဖြစ်တဲ့ ပြောမယ် ဆိုမယ် ဝေဖန်မယ် ကဲ့ရဲ့မယ် ချီးမွမ်းမယ် ဆိုတာတွေကို ဆက်လုပ်နေမှာ ဖြစ်တယ်။ အဲ့ဒါတွေက သူတို့အလုပ်ပဲလေ။ ဒါ့ကြောင့်လူတချို့သင့်ကို မလိုဘူးဆိုရင် မနှစ်သက်ဘူးဆိုရင် မကောင်းပြောနေတယ်ဆိုရင် ဘာမှ ခံစားမနေပဲ ကိုယ်လုပ်စရာရှိတာ ဆက်သာလုပ်ပါ။ နေတတ်သလို ဆက်သာနေပါ။ သင့်တစ်နေ့တာအတွက် စိတ်ကြည်နေဖို့ အမှိုက်လို လူတွေရဲ့ ပုပ်နေတဲ့စကားတွေ မှိုတက်နေတဲ့ အပြုအမူတွေကို ဘာလို့ ဆက်ပြီးခံစားနေမှာလဲ။ သူ့လမ်း ကိုယ့်လမ်း၊ သူ့ဘဝ ကိုယ့်ဘဝ သူ့ထမင်း ကိုယ့်ထမင်း တူတာမှ မဟုတ်တာ။ ဒါကြောင့် သင့်မှာ အခုလို လူတွေရှိရင် အဖက်လုပ် မနေပါနဲ့။ အဖက်မလုပ်ခြင်းဟာ အကောင်းဆုံး တုန့်ပြန်ခြင်းသာ ဖြစ်ပါတယ်.....။ #crdစာသား #foryou #feelings

♉️
♉️
Open In TikTok:
Region: MM
Sunday 06 September 2026 13:39:12 GMT
283609
17852
955
1144

Music

Download

Comments

garfree05
🍇EK🍇 :
နေတတ်နေပါပြီ။ဉပက္ခာလေးသာပြုတတ်ကြည့်။အရမ်းအေးချမ်း🥰🥰
2026-09-08 07:27:34
15
ttn4527
TTN :
မချစ်တဲ့လူလဲကျေးဇူးတင်တယ် မခေါ်ခြင်တဲ့လူကျေးဇူးတင်တယ်
2026-09-07 13:21:28
36
mainmagyan
♉️ :
@♉️: အသက်လေးရလာတော့ ကိုယ့်ကို မလိုအပ်တဲ့လူတွေ တွေ့ရင် ဝမ်းမနည်းမိတော့ဘူး။ သူတို့ လိုအပ်တဲ့ လူတွေ သူတို့နားမှာ မြဲနေပါစေပဲ ဆုတောင်းပေးတယ်။ ကိုယ့်ကို မကြိုက်တဲ့လူတွေ တွေ့ရင်လည်း သူတို့ ကျေနပ်အောင် လိုက်မနေပေးတော့ဘူး။ သူတို့ကြိုက်တဲ့ လူတွေနဲ့ သူတို့ ဆက်ခင်နေပါစေလို့သာ ဆုတောင်းတယ်။ ကိုယ့်ကို မကောင်းပြောတာ ပြန်ကြားရင် အစကတော့ ဒေါသ ဖြစ်မိတယ်။ အခုတော့ လျစ်လျူရှုတတ်လာပြီ။ လောကမှာ ချစ်တဲ့သူရှိသလို မု,န်းတဲ့လူလည်း ရှိမှာပဲလေ။ လူတွေအပေါ် သိပ်ဂရုစိုက်လွန်းတာကို လျှော့လိုက်ပါ။ ဘဝမှာ နေရတာ ပေါ့ပါးသွားမယ်။ ကိုယ့်အကြောင်း ပြောစရာ မတွေ့လည်း နောက်တစ်ယောက်အကြောင်းကို ထပ်ပြောနေမှာ ဖြစ်တယ်။ သူတို့ လိုအင်တွေ ပြည့်ဖို့ သူတို့ အကြိုက်လိုက်နေပေးနိုင်ရင် သင်က ကောင်းနေမှာဖြစ်ပြီး သူတို့ စိတ်ထဲ မတွေ့တော့ရင် သူတို့ စိတ်ကြိုက် နေမပေးရင် သင်ဟာ သူတို့ရန်သူ ဖြစ်သွားပါလိမ့်မယ်။ သူတို့ပါးစပ်ထဲမှာ သင်က ကောင်းလိုက် မကောင်းလိုက် သူတို့အမြင်မှာ သင်က ခင်ဖို့ကောင်းလိုက် မုန်းဖို့ကောင်းလိုက် သူတို့အတွေးမှာ သင်က လိုသုံးကြီးဖြစ်လိုက် လူပိုကြီးဖြစ်လိုက် အနိမ့်အမြင့် မျိုးစုံနဲ့ သူတို့စိတ်ထဲမှာ တစ်နေ့တစ်မျိုး မရိုးရအောင် သင်က ကပြနေရတာပါ။ တကယ်တော့ လူတွေကို သိပ်ဖက်တွယ်လွန်းရင် သိပ်အာရုံထဲထည့်ထားရင် အာရုံနောက်ရမှာက သင်ပဲဖြစ်တယ်။ သူတို့ကတော့ သူတို့အလုပ်ဖြစ်တဲ့ ပြောမယ် ဆိုမယ် ဝေဖန်မယ် ကဲ့ရဲ့မယ် ချီးမွမ်းမယ် ဆိုတာတွေကို ဆက်လုပ်နေမှာ ဖြစ်တယ်။ အဲ့ဒါတွေက သူတို့အလုပ်ပဲလေ။ ဒါ့ကြောင့်လူတချို့သင့်ကို မလိုဘူးဆိုရင် မနှစ်သက်ဘူးဆိုရင် မကောင်းပြောနေတယ်ဆိုရင် ဘာမှ ခံစားမနေပဲ ကိုယ်လုပ်စရာရှိတာ ဆက်သာလုပ်ပါ။ နေတတ်သလို ဆက်သာနေပါ။ သင့်တစ်နေ့တာအတွက် စိတ်ကြည်နေဖို့ အမှိုက်လို လူတွေရဲ့ ပုပ်နေတဲ့စကားတွေ မှိုတက်နေတဲ့ အပြုအမူတွေကို ဘာလို့ ဆက်ပြီးခံစားနေမှာလဲ။ သူ့လမ်း ကိုယ့်လမ်း၊ သူ့ဘဝ ကိုယ့်ဘဝ သူ့ထမင်း ကိုယ့်ထမင်း တူတာမှ မဟုတ်တာ။ ဒါကြောင့် သင့်မှာ အခုလို လူတွေရှိရင် အဖက်လုပ် မနေပါနဲ့။ အဖက်မလုပ်ခြင်းဟာ အကောင်းဆုံး တုန့်ပြန်ခြင်းသာ ဖြစ်ပါတယ်.....။ #crdစာသား #foryou #feelings
2026-09-07 13:34:19
43
mercury.moe
မုဒိတာ :
အမှန်ပါပဲ ပြောလို့မောရင်တိတ်သွားလိမ့်မယ် ဂရုစိုက်ပြီးတုန့်ပြန်နေဖို့ ခံစားနေဖို့မလိုပါဘူး ကိုယ့်လမ်းကိုယ်လျှောက်မယ် စိတ်ကောင်းထားပြီးနေမယ် ဒီလောက်ပါပဲ
2026-09-07 13:49:42
20
lucky.september
Cherry :
စာသားလေးအရမ်းကြိုက် ထိမိလွန်းတဲ့ခံစားချက်တွေတိုက်ဆိုင်နေတယ်🥰copyလေးယူပြီးပြန်တင်ခွင့်ပေးပါရှင်🥰
2026-09-08 08:33:55
6
mya.mya.moe51
Mya Mya Moe :
[Red heart][Red heart][Red heart][Red heart][Red heart]
2026-09-08 04:03:26
1
dawmaroo137
DawMarOo :
သိပ်ကိုကောင်းတဲ့စကားလေးတွေပါကြိုက်လို့ယူသုံးခွင့်ပေးပါရှင်
2026-09-08 00:29:42
12
shwe.khaing608
Shwe Khaing :
ကိုယ်ဖြစ်နေတာနဲ့ထပ်တူအဲစာလေးဖတ်ပီးအားဖြစ်ရပါတယ်
2026-09-08 04:56:41
5
g.arrow2
G- Arrow :
စာသားယူခွင့်ပြုပါရှင့်
2026-09-08 04:39:03
1
thu.thu4692
😘 Tĥu Tĥu 🌻 :
စာသားပြန်တင်ခွင့်ပြုပါရှင့် 🥰
2026-09-08 04:42:13
1
user508950599
Pyae Pyae Nay Oo :
စာသားလေးယူမယ်နော်မမ
2026-09-08 04:16:43
1
cineamy7
CineAmy7🇯🇵🇯🇵🇯🇵 :
မှန်လိုက်တာရှင့်
2026-09-08 04:47:47
1
tza7574
thwe zin :
ယူမယ် နော်
2026-09-08 04:32:43
1
user298581624
user298581624 :
မှန်လိုက်တာ
2026-09-08 04:23:29
1
shwezinphyo950
shwe :
အမှန်တရားပါ
2026-09-08 04:35:29
1
honey32906
သဲစု :
ရှယ်မယ်နော်ခွင့်ပြုပါ
2026-09-07 11:28:56
1
lwin.oo774
Lwin Oo :
မှန်လိုက်တာနော်
2026-09-08 04:21:24
1
myat01081
🇳🇪 myat :
မင်္ဂလာပါ
2026-09-08 04:04:21
1
khin.thider.soe3333
Hᴛᴇᴛ☘︎ :
စာသားလေးကြိုက်လိုက်တာ🥰🥰Copy. ယူခွင့်ပေးနော်🥰🥰🥰
2026-09-08 05:15:24
1
ayeaye.lin7
ayeaye lin :
ကိုယ့်လိပ်ပြာ ကိုယ်မလုံလို့ အရမ်းးခင်ခဲ့တဲ့းသံယောဇဉ်ကို ချေမိုးးးပစ်လိုက်တာ အံသြလွန်းးလို့ ပြောစရာ စကားမရှိတော့ဘူးးး
2026-09-08 08:15:52
1
ni13322
Ni Ni :
နေတတ်ဖို့ဘဲ့လိုတယ် နေတတ်ရင် အရာရာကျေနပ်စရာကြီးပါအေ🥰
2026-09-08 08:22:58
1
khinchothettt
Khin Cho Thet :
ယူသုံးမယ်ရှင့်
2026-09-08 05:12:30
1
heather311231
Heather@3112 :
ဟုတ်ကဲ့ပါ အားရှိသွားပြီ
2026-09-08 08:22:46
1
ma.thein.thein.so
Ma Thein Thein Soe :
မှန်လိုက်တာ🥰🥰🥰
2026-09-08 04:59:48
1
shwe.khaing608
Shwe Khaing :
copyယူပီးပြန်တင်ခွင့်ပြုပါ
2026-09-08 04:58:51
1
To see more videos from user @mainmagyan, please go to the Tikwm homepage.

Other Videos


About