@k.zin.kyaw.k.zin: ငွေယူပီး အတိုးစကားပြောတဲ့ သူတွေ အပူစာ မတရားယူတယ် ပြောတဲ့ သူတွေ ဖတ် "အတိုးပေးတာက အပူစာ" ဆိုတဲ့စာကို ဖတ်လိုက်ရတယ်။ ဖတ်ပြီးတော့ စဉ်းစားမိတယ်။ ဒီနေ့ လူတော်တော်များများက အတိုးရတဲ့သူကိုပဲ မြင်ကြတယ်။ ဒါပေမယ့် အဲဒီအတိုးရဖို့ အရင်ဆုံး ကိုယ့်ငွေကို စွန့်စားပြီး ထုတ်ပေးထားရတာ ကိုတော့ မမြင်ကြဘူး။ ငွေဆိုတာ လမ်းပေါ်က ကောက်ရတာမဟုတ်ဘူး။ တစ်ရက်တည်းနဲ့ ရလာတာလည်း မဟုတ်ဘူး။ ချွေးနဲ့ရင်း၊ အချိန်နဲ့ရင်း၊ ဘဝနဲ့ရင်းပြီး စုဆောင်းထားရတဲ့ ပိုင်ဆိုင်မှု။ အဲဒီငွေကို လူတစ်ယောက်ကို ယုံကြည်လို့ ထုတ်ပေးလိုက်တဲ့အချိန်မှာ... ငွေတင် ထုတ်ပေးလိုက်တာ မဟုတ်ဘူး။ ယုံကြည်မှုကိုပါ အပ်နှံလိုက်တာ။ ပြန်မရရင် ဘယ်လိုလုပ်မလဲ။ ပြန်မဆပ်ရင် ဘယ်လိုဖြစ်မလဲ။ အဲဒီစိုးရိမ်မှုတွေနဲ့ အိပ်မပျော်တဲ့ညတွေကိုတော့ ဘယ်သူမှ မမြင်ကြဘူး။ အဲဒီလိုနဲ့... ယူတုန်းကတော့ အဆင်ပြေတယ်။ လိုတဲ့အချိန်မှာတော့ အဲဒီငွေက အဖိုးတန်တယ်။ ပြန်ဆပ်ရမယ့်အချိန်ရောက်မှ... "အတိုးက အပူစာ" လို့ ပြောလာကြတယ်။ ကိုယ်တော့ အဲဒီစကားကို လက်မခံနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့... ငွေယူတဲ့နေ့ကတည်းက ဘယ်လောက်ယူမယ်၊ ဘယ်လောက်အတိုးပေးမယ် ဆိုတာ နှစ်ဖက်သဘောတူပြီးသား။ မကျေနပ်ရင် အဲဒီနေ့ကတည်းက မယူလို့ရတယ်။ ယူပြီးမှ... ပြန်ဆပ်ရမယ့်အချိန်ကျတော့ သဘောတူခဲ့တဲ့စကားကို ပြောင်းပြောတာက မျှတမှုမဟုတ်ဘူး။ ကိုယ်တိုင်လည်း သူများဆီက ယူထားတာထောင်ချီကြီးတွေရှိတယ်။ အတိုးလည်း ပေးနေရတယ်။ ဒါပေမယ့် အဲဒီအတိုးကို အပူစာ လို့ တစ်ခါမှ မသတ်မှတ်ဖူးဘူး။ ဘာလို့လဲဆိုတော့... ဒါက ကိုယ်လက်ခံခဲ့တဲ့ ကတိ။ ကိုယ်ရွေးချယ်ခဲ့တဲ့ တာဝန်။ အပူစာဆိုတာ... မတရားလုပ်ခံရလို့... မကျေနပ်ဘဲ... မပေးချင်ဘဲ... ရင်နာနာနဲ့ ပေးလိုက်ရတဲ့ငွေကို ခေါ်တာ။ သဘောတူပြီး ယူထားတဲ့ချေးငွေအတွက် ပေးရတဲ့အတိုးကိုတော့ အပူစာလို့ မခေါ်သင့်ဘူး။ လူတွေက... "သူက အတိုးစားတယ်" လို့ပဲ ပြောကြတယ်။ ဒါပေမယ့်... ပြန်မရနိုင်တဲ့အန္တရာယ်ကို ခံနေရတာ... လူတောင်းပြီး အားနာရတာ... ယုံကြည်မှုကျိုးသွားမှာကို ကြောက်ရတာ... ငွေဆုံးရှုံးရတာ... အဲဒါတွေကိုတော့ ဘယ်သူမှ မပြောကြဘူး။ သူများငွေကို ယူတဲ့အချိန်မှာ... ငွေတင် ယူတာမဟုတ်ဘူး။ သူများရဲ့ ယုံကြည်မှုကိုပါ ယူတာ။ အဲဒီယုံကြည်မှုကို တန်ဖိုးထားရင်... ပြန်ဆပ်ရမယ့်အချိန်မှာလည်း ကိုယ့်စကားကို ကိုယ်တည်ပေးဖို့ လိုတယ်။ အတိုးမပေးချင်တာက အခွင့်အရေး မဟုတ်ဘူး။ မယူဖို့ ရွေးချယ်တာကသာ အခွင့်အရေး။ ကတိတည်တဲ့သူဟာ ငွေပြန်ဆပ်ရုံတင် မဟုတ်ဘူး။ ကိုယ့်သိက္ခာကိုလည်း ပြန်ဆပ်နေတာပါ။ ငွေဆိုတာ ပြန်ရှာလို့ရတယ်။ ဒါပေမယ့် ယုံကြည်မှုတစ်ခါပျက်သွားရင် ပြန်တည်ဆောက်ဖို့ အရမ်းခက်တယ်။ ဒါကြောင့် "အပူစာ" ဆိုတဲ့စကားကို နေရာတိုင်းမှာ သုံးမယ့်အစား... ကိုယ်ယူခဲ့တဲတာဝန်ကို ကိုယ်တာဝန်ယူတာက လူ့ဂုဏ်သိက္ခာကိုပိုပြီးလှပစေတယ်လို့ ကိုယ်တော့ယုံကြည်ပါတယ် ❤️ Crd
K Zin
Region: MM
Sunday 06 September 2026 14:26:46 GMT
Music
Download
Comments
Sky Blue :
ငွေချေးပြီးပြန်မပေးတဲ့သူတွေအတိုးမပေးတဲ့သူတွေတော့ဟုတ်မှာပေါ့
ချေးပြီးအတိုးမှန်မှန်ပေးတယ်ချေးထားတဲ့ငွေထပ်ဆယ်ဆလောက်လဲအတိုးတွေပေးနေတယ်အာ့ကိုဘာမှမစားရပါဘူးပြောတဲ့အတိုးစားသူတွေကအပူစာတွေပါ
2026-09-30 14:34:17
12
Lea lea win :
ပစ္စည်းတစ်ခု ရောင်းတဲ့လူက
အမြတ်ငွေ တင်ပြီးရောင်းတာ
ပိုက်ဆံပေးမှ ပစ္စည်းရမယ်
အတိုးနဲ့ ချေးတဲ့လူတွေက
ယုံကြည်မှု တစ်ခုထဲနဲ့ ပိုက်ဆံ
ချေးပေးတာ ပိုက်ဆံ ချေးတဲ့
လူတွေကို ကျေးဇူးတင်သင့်တယ် 😁😁😁😁😁😁
2026-09-30 13:35:07
137
Moe Myo Htwe :
ဈေးရောင်းတဲ့သူတွေတောင် ၁သောင်းရင်းထားတဲ့ပစ္စည်းကို၁၂၀၀၀လောက်နဲ့ပြန်ရောင်းကြလို့၂၀၀၀လောက်မြတ်ကြသေးတယ် အတိုးယူတဲ့လူက၁သိန်းရင်းလို၁လနေမှ၅ထောင်လောက်ရတာအဲဒါအပူစာဖြစ်ကြရောလားဈေးရောင်းတဲ့အတက်ပညာနဲ့တစ်နှစ်ရက်မှာ၁သောင်းရင်း၂ထောင်လောက်မြတ်နိုင်သေးတယ်သျေးမရောင်းတက်တော့အတိုးချစားတာ တလလုံးရင်၁သိန်းရင်းမှ၅ထောင်လောက်စားရတာ ပေးပျော်ပါတယ်ကွယ်
2026-09-30 11:12:48
26
Daw Naing naing :
အတိုးရမယ်ဆိုတာကနောက်အရင်းကအရင်စိုက်ရတာ
အတိုးပေးတိုင်းချေးပေးတဲဘရောရှိလားမေးလိုက်
2026-10-13 04:37:17
1
Thin Thin Maw :
ငွေချေးတဲ့သူကလူမိုက်အလုပ်ကိုလုပ်တာချေးလိုက်တဲ့ပိုက်ဆံသူတို့လက်ထဲးရောက်သွားရင်ပြန်ရမရမကြိမ်းသေဘူးအတိုးသာသတ်မှတ်ထားအတိုးရောအရင်းရောမရတော့တာကိုလူတွေကမသိကြဘူးဘယ်သူကိုမှမချေးတာအကောင်းဆုံးပဲးလူတွေကသံသရာကြွေးပါမှာလည်းမကြောက်ကြတောဘူး
2026-10-10 03:15:17
1
Magyi :
ချေးလဲချေးတယ်အတိုးလဲအပြည့်ပေးတယ်ရက်အနည်းငယ်တော့နောက်ကျတယ်ပေးနေမှန်းလဲငွေရှင်ကလဲသိတယ်အဲဒါမျိုးကိုမှပူညံပူညံပြောခံနေရသေးတယ်အဲဒါမျိးဆိုဘယ်သူလွန်တာလဲ
2026-09-30 14:25:40
6
Shwe Zin :
ကိုလိုတဲအချိန်ပေးဒါဟာကိုကျေးဇူရှင်ပဲလေး
2026-09-30 08:35:58
5
hnin lay :
ကျေးဇူးတရား နားမလည်တဲ့သူတွေဟာ ကျေးဇူးကန်းစကားပြောတတ်တာ မဆန်းပါဘူး ငွေချေးတယ်ဆိုတာဘယ်သူမှ အလကားမပေးဘူး နိုင်ငံတော်အစိုးရနဲ့ ဘဏ်တွေတောင် အတိုးပေးရတာမဟုတ်ဘူးလား ဒါတောင်ယုံကြည်မှုနဲ့ ဈေးပေးတာ မဟုတ်ဘူး အိမ်ခြံမြေ ကားပိုင်ဆိုင်မူကိုစာချုပ်ချုပ် လက်မှတ်ထိုး လက်ဗွေပါ နှိပ်ပေးရသေးတာပါ
2026-10-01 03:17:25
15
❤ဇူးဇူးလေးမေမေ❤ဇူးဝသာန်အောင်❤ :
ကုန်စုံဆိုင်ရှိရင် ကုန်တင်ပီး အမြတ်ရအောင်ရောင်းမယ် မရှိရင် အတိုးနဲ့ငွေချေးမယ် ဘာကိုအပူစာလည်း ဘယ်လောက်တိုးဆိုတာ သိပြီးမှ ကျေနပ်လို့ချေးငှားတာ ပေးခါနီးကျမှ တောင်ပြောမြောက်ပြောတွေ အများကြီးပဲ
2026-09-30 13:49:37
12
Zar🥰Zar🥰Yee😍Mon😘 :
ဘယ်စီးပွါးရေးလုပ်လုပ် အမြတ်လိုချင်လို့ လုပ်တာ စျေးရောင်းတာက ပိုတောင် မြတ်သေးတယ် ဥပမာ ၁သိန်းရင်းပြီး စျေးရောင်းတယ် ဆိုပါစို့ ၁သောင်းတော့မြတ်တယ် နေ့တိုင်း ၁လဆိုရင် အရင်း၁သိန်းက အမြတ်တင် ၃သိန်းဖြစ်နေပြီ။ အတိုးပေးစားတာက ၁လလုံးမှ ၁၀တိုးဆို ၁သောင်းရတာ ၂၀တိုးဆို ၂သောင်းရတာ။ တစ်ချို့ ရက်ပိုင်းနဲ့ မတ်တိုးသမားတွေကတော့ ဟုတ်ပါတယ် မတော်မတရား
2026-09-30 09:34:10
6
ခရေဖြူ :
ကိုယ်ကပေးချီးတာသိန်းချီးသူတို့ဆီကအတိုးကအစွန်းအဖျား
2026-09-30 06:20:33
6
🌻🌻စု 😘❤️ Suu🌻🌻 :
ပစ္စည်းတစ်ခု ရောင်းတဲ့လူက
အမြတ်ငွေ တင်ပြီးရောင်းတာ
ပိုက်ဆံပေးမှ ပစ္စည်းရမယ်
အတိုးနဲ့ ချေးတဲ့လူတွေက
ယုံကြည်မှု တစ်ခုထဲနဲ့ ပိုက်ဆံ
ချေးပေးတာ ပိုက်ဆံ ချေးတဲ့
လူတွေကို ကျေးဇူးတင်သင့်တယ် 😁😁😁😁😁😁
2026-10-01 01:17:36
10
Anubis girl 😘 :
ဘဏ် မှာ အကြွေးယူတဲ့ သူဌေးတွေက ..လုပ်ငန်းကြီးပွားချင်လို့ အကြွေးယူတာ..
ယူပီးပြန်မဆပ်ချင်တာက ..အလိမ်တွေရဲ့အကြောင်းပြချက်
2026-10-03 17:35:22
5
Moe Moe :
ဟုတ်တယ်ချိးတုန်ကတော့ကိုယ်ကသခင်တောင်တော့ခွေးကိုက်တာခံရတဲဘဝ
2026-09-10 11:49:34
5
rose🌹🌹 :
ဟုတ်တယ် ငွေကလမ်းပေါ်ကကောက်ရတာမဟုတ်ဘူး အတိုးမပေးချင်မချေးနဲ့ပေါ့ချေးပြိမှဟိုလိုပြေားဒီလိုပြေားနဲလူတွေက
2026-10-06 03:06:41
4
E🫀 :
တို့တော့ထိုင်နေရင်းအကောင်းကိုယ်ရှာထားတဲ့ပိုက်ဆံလေးတွေချေးပေးလိုက်မိတာ ခုထိတပြားမှပြန်မရတော့ဘူး🥴🥹🤣တော်ပီနောက်တသက်လုံးဘသူ့ကိုမှမသနားတော့ဘူးချေးလဲမချေးပေးတော့ဘူးလို့ဆုံးဖြတ်လိုက်ပီ၊👋
2026-09-29 06:54:12
6
ခိုင္ :
မတရားနှုန်းနဲ့မယူရင်ငရဲမကြီးပါဘူး
ဈေးရောင်းတာတောင်၁၀၀ကို၁၀မြတ်ပါတယ်
အတိုးကဈေးရောင်းတာလောက်မမြတ်ပါဘူး
2026-10-04 01:13:59
1
T👣 :
မှန်လိုက်တာကွယ် ချေးတဲ့သူကအချိန်ကာလမ ရွေးဖူး ကိုယ့်မှာ တောင်းရင် မနက် စော သေးလား လူရှင်းရဲ့လား အိမ်သား တွေ နေ ကောင်းလို့စိတ်ကြည်လင်ရဲ့လာ မိုးချုပ်ချိန် ရောက်ပလား အချိန် ရွေးပီး ပြောစကား လေး တွေလှပ အောင်စီစဥ်ရတာ မောတာမှ
2026-09-30 11:09:20
11
Aung Bhone Myat :
အပူစာဆိုရင် အစထဲက လာမချေးနဲ့လေ
2026-10-07 13:37:01
2
ohnmar :
အတိုးလဲပေးစားပါတယ် သူတို့ကိုလဲလှူစရာရှိရင်ပြန်လှူဝေငှပါတယ်ရှင့်အာ့ဆိုရင်ရောအပြစ်ကြီးလားရှင့်
2026-10-06 07:31:37
0
Sue Nge☺ :
လူတွေက စျေးသည် ပစ္စည်း ပေါ် ၁၀၀ တင်တင် ၅၀၀ တင်တင်မမြင်ကြဘူး
၁သောင်းကို ၁၀၀၀ တင်ရင်ကြ မြင်ကြတယ်။
2026-10-03 02:30:10
2
manini :
လူတေကလေရွှေပေါင်ပေးပြီးချေးရတယ့်ပိုက်ဆံတောင်ပြန်မရွေးနိုင်မချင်းအတိုးပေးနေရတာကိုသူများဆီကအပေါင်မပေးပဲအလွတ်ချေးပေးထားတယ့်ပိုက်ဆံကြရင်အတိုးပေးတာဘယ်လောက်ရှိပြီအော်နေကြတယ်
2026-10-07 04:39:21
3
Ester :
တချို့ကပြောသေးတယ် ငါပေးတဲ့အတိုးကအရင်းထက်တောင်ကျော်နေပြီဆိုပဲ အခုတော့ထွက်ပြေးနေလေရဲ့[Teary eyed][Teary eyed][Teary eyed]
2026-10-07 05:10:25
2
@Su ko ko 79 :
ဘဏ်တောင်အတိုးပေးရတယ် ဘဏ်ငွေဆပ်ချိန်တောင်ပန်းတောင်မရပါချိတ်ပိတ်တာ လူတိုင်းသိ
2026-09-30 16:19:07
2
ခိုင် :
အရမ်းမှန်တယ်ကွယ်သူစိမ်းမပြောနဲ.ကို.ညီအကိုမောင်နှမတွေကတောင်ယူရင်တမျိုးပြန်ပေးချိန်ကြတစ်မျိုးသံသရာကြွေးယူချင်နေကြတာ😂
2026-10-09 14:44:41
1
To see more videos from user @k.zin.kyaw.k.zin, please go to the Tikwm
homepage.