@astraeakimbyeol: European Buffet ပြီးတော့ Sedona ရဲ့ Breakfast Buffet နဲ့ Staycation Experience လေးကို Sharing လေး လုပ်ပေးချင်ပါတယ် ပြီးခဲ့တဲ့အပတ်က Birthday အထိမ်းအမှတ်အနေနဲ့ Sedona Inya Wing ရဲ့ Premier Room လေးမှာ Staycationသွားနေဖြစ်ခဲ့ပါတယ် ပထမဦးဆုံးအနေနဲ့ Check in Process ကတော့ နည်းနည်းလေးရှုပ်ထွေးခဲ့ပြီး 1နာရီလောက်ကြာအောင်စောင့်ခဲ့ရပါတယ် 3:00PM မှ Check in ဝင်ခဲ့ရတဲ့အတွက် Check out ကို 1:00PMထိ Late Check out ပြန်ပေးခဲ့ပါတယ် Double Bed အခန်းယူထားတာမှာ Non-Smoking Room ဆိုရင်မရတော့တဲ့အတွက် Double Bedရတဲ့ 5လွှာက Smoking Roomလေးကို ယူခဲ့ရပါတယ် Smoking Room တွေရှိတဲ့အထပ်က ဓာတ်လှေကားက ထွက်ပြီဆိုတာနဲ့ ဆေးလိပ်နံ့အရမ်းနံတာမို့ ဆေးလိပ်နံ့နဲ့ အနံ့ပြင်းတာ မခံနိုင်တဲ့သူတွေဆို Smoking Roomကို မယူတာကောင်းပါလိမ့်မယ် အခန်းလေးရဲ့ Viewက 5လွှာ အလွှာနိမ့်ဆိုပေမယ့် Pool Side Viewကို အနီးကပ်ကြည့်ရတဲ့အတွက် Hsuကတော့ သဘောကျပါတယ် Cozy & Warm Vibesရတဲ့အခန်းလေးထဲကနေ မိုးလေးတဖွဲဖွဲကျနေတာလေးကိုကြည့်ရတာရော ရေကူးနေတဲ့သူတွေကို ကြည့်နေရတာရော Hotelအကြီးကြီးထဲမှာ ခြောက်ကပ်မနေပဲ သက်ဝင်လှုပ်ရှားနေတဲ့ပုံရိပ်လေးတွေမို့ သဘောကျပါတယ် အခန်းထဲက Bathub ပါတာလေးနဲ့ Decoration လေးတွေကိုလည်း သဘောကျမိပေမယ့် သဘောမကျတဲ့အချက်တစ်ချက်ကတော့ ပုံပါအတိုင်း မွှေ့ယာက မသပ်မရပ်နဲ့ ပြန့်ပြူးမနေတာလေးပါပဲ စိတ်ထဲ သို့လော သို့လောနဲ့ သဘောမတွေ့ခဲ့မိပါဘူး Hotelထဲမှာ 24hrs G&Gရှိတာကလည်း သဘောကျမိတဲ့အချက်တစ်ချက်ပေမယ့် ဒီနေရာမှာလည်းဟာကွက်လေးတွေရှိလို့နေပြန်ပါတယ် ပြင်ပကဆိုင်တွေထက် အနည်းငယ် ပိုစျေးကြီးတာကတော့ ထွေထူးပြောစရာမရှိပေမယ့် လူတွေအရမ်းမကျနေတဲ့အခြေအနေမှာ ပစ္စည်းတွေကို အရေအတွက်ပိုထည့်တွက်ထားတဲ့ ကိစ္စလေးတွေကြုံခဲ့ရပါတယ် ရေကူးကန်ကတော့ တကယ် အေးစိမ့်ပြီးတော့ ကျယ်ကျယ်ဝန်းဝန်းနဲ့ စိမ်လို့ကောင်းခဲ့ပါတယ် Safety အပြည့်ရှိတာကိုလည်းတွေ့ရတာမို့ ကလေးတွေအတွက် စိတ်ချရတဲ့ Poolတစ်ခုမို့ မိသားစုလိုက် အပန်းဖြေချင်တဲ့သူတွေအတွက်လည်း Recommendလေးလုပ်ပေးချင်ပါတယ် Jacuzzi နဲ့ Sauna လည်းရှိပေမယ့် မဝင်ဖြစ်ခဲ့ပါဘူး နောက်ဆုံးအနေနဲ့ Breakfast Buffet ကိုပြောရမယ်ဆိုရင် Asian Dishes တွေ စုံစုံလင်လင်ရှိတာတွေ့ရပါတယ် ထမင်းကြော်လေးရယ် ဝက်သားကို မာလာအနှစ်နဲ့ချက်ထားတာလေးရယ် ပဲသီးကို ပဲပြားလေးနဲ့ အချိုကြော်ထားတာလေးရယ် တော်တော်လေး လိုက်ဖက်ပြီးစားလို့ကောင်းခဲ့ပါတယ် Dim Sumအရသာကတော့ 2မျိုးခင်းပေးထားတာ 2မျိုးလုံး ပုံမှန်ပါပဲ Bunလေးတစ်မျိုးလည်းပါပေမယ့် အဲ့တာလေးကိုတော့ မTryကြည့်ခဲ့မိပါဘူး Baconလေးတော့ တော်”လေးသဘောကျမိပါတယ် အရမ်းလည်းမကြွပ် အရမ်းလည်းမပျော့တဲ့အခြေအနေမှာ အရမ်းလည်းမငန် မချိုပဲနဲ့ တော်တော်လေးစားကောင်းခဲ့ပါတယ် Singapore Coconut Noodle လေးကတော့ ဆန်ကြာဇံကို ပုစွန်လေးတွေရယ် အုန်းနို့အရည်ရယ် ပဲပင်ပေါက်လေးတွေရယ်နဲ့ စားရတယ်ပြောပေမယ့် တခြား နှစ်သက်ရာလေးတွေနဲ့စားလို့ရအောင်လည်းခင်းပေးထားတာကြောင့် Hsuကတော့ ဂျုံခေါက်ဆွဲနဲ့ပဲစားခဲ့ပါတယ် သူ့အရသာလေးက မြန်မာအုန်းနို့ခေါက်ဆွဲလို အရသာပျစ်နှစ်မနေပဲ ပေါ့ပေါ့လေးနဲ့အရည်ကျဲကျဲလေးပါ အရသာအရမ်းထိထိမိမိမဟုတ်ပေမယ့် စားလို့ကောင်းပါတယ် အားလုံးသိချင်နေကြမယ်ထင်တဲ့ ဘဲကင်ကတော့ မနူးညံ့နေပဲ တော်တော်လေး ဆွဲရ ဖဲ့ရ ဝါးရတဲ့ Versionလေးပါ အတွင်းမှာ သွေးတွေလည်းသိပ်မကျက်သေးတာမို့ စားလို့အဆင်မပြေခဲ့ပါဘူး မုန့်ဟင်းခါးဟင်းရည်လေးကတော့ ပျစ်ပျစ်နှစ်နှစ်လေးနဲ့အရသာလေးလေးပင်ပင်လေးနဲ့ပြင်စရာမလိုအောင်ကို စားကောင်းခဲ့ပါတယ် Dessert လေးကတော့ ဆနွင်းမကင်းလေးရယ် Brownie လေးရယ်နဲ့ Yogurt လေးရယ် Full Milkကိုမှ Granolaလေးတွေရယ်နဲ့ စားဖြစ်ခဲ့ပါတယ် Brownie လေးက Crunchy ဖြစ်တယ် စားလို့ကောင်းတယ် အရမ်းတော့ Chocolate အရသာတော့ ပျစ်နှစ်မနေဘူးရယ် ဆနွင်းမကင်းလေးကတော့ အချိုကဲတဲ့ဘက်သွားပါတယ် အသီးခြောက်တွေတော့မပါဘူးရယ် ဒိန်ချဉ်လေးကလည်း အချဉ်ဖောက်ထားတာတော်တော်လေးစားလို့ကောင်းခဲ့ပါတယ် Juice လေးတွေဆိုလည်း Passion Fruit အသီးအစစ်ကိုဖျော်ထားတာဆိုတော့ သောက်ရတာ Fresh ဖြစ်ပြီး သောက်လို့ကောင်းခဲ့ပါတယ် ဒါကတော့ Sedonaနဲ့ပတ်သက်ပြီး Hsuရဲ့ Experience လေးတွေပါ တစ်ခုချင်းစီမှာ ကောင်းတာတွေရော လိုအပ်ချက်တွေရော ဒွန်တွဲနေတာလေးတွေတွေ့ရပါတယ် ဒါပေမယ့် ကြီးကြီးမားမားအဆင်မပြေတာလေးတွေတော့ မဟုတ်တဲ့အတွက် လက်ခံပေးလို့ရခဲ့ပါတယ် အဲ့တာကြောင့် Sedonaကို Staycation သွားဖို့စဉ်းစားနေတဲ့သူတွေအတွက်လည်း Hsuရဲ့ ဒီReview လေးက အထောက်အကူဖြစ်စေလိမ့်မယ်လို့ မျှော်လင့်မိပါတယ် တစ်ယောက်နဲ့တစ်ယောက် Experience နဲ့ ခံစားရတာချင်း တူချင်မှတူမှာဖြစ်တဲ့အတွက် အနည်းဆုံးတစ်ခေါက်လောက်ဖြစ်ဖြစ် သွားကြည့်ကြရင်း ကိုယ့်ရဲ့ကိုယ်ပိုင် Experience ကိုခံစားရင်း Relaxလုပ်ကြည့်ဖို့ အကြံပြုပေးလိုက်ပါတယ်နော်💜 #Sedona #staycation #BreakfastBuffet #InyaWing #PremierRoom #𝐑𝐞𝐯𝐢𝐞𝐰 #𝐌𝐲𝐏𝐢𝐜𝐤𝐁𝐲𝐇𝐬𝐮 #𝐀𝐬𝐭𝐫𝐚𝐞𝐚𝐊𝐢𝐦

Astraea Kim
Astraea Kim
Open In TikTok:
Region: MM
Sunday 06 September 2026 18:04:44 GMT
14662
367
6
108

Music

Download

Comments

checkitout_onlineshop
checkitout_onlineshop :
ဘယ်လောက်ကျခဲ့လဲရျင်
2026-09-06 22:15:28
4
myicth10
Myicth10 :
အိပ်ယာခင်းထားတာလှလဲမလှဘူး Governor's residence ကိုတစ်ခါလောက်တည်းကြည့်ပါ ပိုပြီးသက်ရပ်ပြီးပိုပြီးနေလို့ကောင်းတယ်
2026-09-17 08:14:09
2
To see more videos from user @astraeakimbyeol, please go to the Tikwm homepage.

Other Videos


About