@day.news6: စစ်တပ်ကို လက်နက်ကိုင်တော်လှန်နေတဲ့ KNPP ခေါင်းဆောင်ရဲ့ နောက်ဆုံး ခရီး ======================= ကရင်နီပြည်နယ်မှာ စစ်တပ်ကို လက်နက်ကိုင်တိုက်ခိုက်နေတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ—KNPP ရဲ့ အထွေထွေအတွင်းရေးမှူး ဦးအောင်ဆန်းမြင့်ရဲ့ စျာပနအခမ်းအနားကို ဒီနေ့ စက်တင်ဘာ ၅ ရက်မှာ ထိုင်း–မြန်မာနယ်စပ်မှာ ပြုလုပ်ခဲ့ပါတယ်။ စျာပနအခမ်းအနားကို ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်၊ နဲ့ဆွိုင်ရွာမှာ ပြုလုပ်ခဲ့တာပါ။ အခမ်းအနားအပြီး ဦးအောင်ဆန်းမြင့်ရဲ့ ရုပ်အလောင်းကို မြန်မာနိုင်ငံဘက်ခြမ်းက လော်ထွီးဆိုတောင် ခရစ်ယာန်သုဿန်ဆီ ပို့ဆောင်ပြီး ကရင်နီတပ်မတော်—KA ရဲ့ ဂုဏ်ပြုတပ်ဖွဲ့နဲ့ မြေမြှုပ်သင်္ဂြိုဟ်ခဲ့ပါတယ်။ ဈာပနကို KNPP ရဲ့ မဟာမိတ် တော်လှန်ရေးအဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေက တာဝန်ရှိသူတွေ၊ ဆွေမျိုးမိတ်သင်္ဂဟတွေအပြင် ကရင်နီလူငယ်နဲ့ ဒေသခံ ရာနဲ့ချီ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။ NUG ဝန်ကြီး ဦးတင်ထွန်းနိုင်၊ KNU၊ PNLO နဲ့ အခြား တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေက ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။ အသက် ၆၃ နှစ်အရွယ် ဦးအောင်ဆန်းမြင့်ဟာ ထိုင်းနိုင်ငံက ဆေးရုံတစ်ရုံမှာ ဆေးကုသမှုခံယူနေစဉ် ဩဂုတ် ၃၀ ရက်နေ့က ကွယ်လွန်ခဲ့တာပါ။ သူဟာ ၁၉၈၈ လူထုအရေးတော်ပုံအပြီး KNPP ထဲ ဝင်ရောက်ခဲ့ပြီး အဖွဲ့အစည်းအတွင်း ရာထူးအဆင့်ဆင့် တာဝန်ယူလာခဲ့သူ ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ KNPP အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူထားသလို ကရင်နီပြည်အတိုင်ပင်ခံကောင်စီ—KSCC ရဲ့ ဥက္ကဋ္ဌနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကော်မတီ—SCEF ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ်လည်း တာဝန်ယူထားပါတယ်။ ဦးအောင်ဆန်းမြင့် ကွယ်လွန်ချိန်မှာ ဇနီးနဲ့ သားသမီး သုံးဦး ကျန်ရစ်ခဲ့ပါတယ်။ #မြန်မာ #SCEF #KNPP #ထိုင်း #KNU

DAY NEWs
DAY NEWs
Open In TikTok:
Region: TH
Monday 07 September 2026 02:00:00 GMT
1442
79
0
8

Music

Download

Comments

There are no more comments for this video.
To see more videos from user @day.news6, please go to the Tikwm homepage.

Other Videos


About