@aungsway: *အမေရိကန်ပြည်တွင်းလုံခြုံရေးဌာနက ထုတ်ပြန်တဲ့ ရာဇဝတ်မှုကျူးလွန်သူတွေထဲ မြန်မာ ၁၂၃ ဦး ပါဝင်* (Washington, DC - Sept. 6, 2026 - 6 PM) အမေရိကန်ပြည်ထောင်စု ပြည်တွင်းလုံခြုံရေးဌာန DHS က အဆိုးတကာ့ အဆိုးရွားဆုံး အမေရိကန်နိုင်ငံတွင်း ရာဇဝတ်မှူကျူးလွန်သူတွေရဲ့ စာရင်းကို အင်တာနက်မှာ ထုတ်ပြန်ထားတာမှာ မြန်မာနိုင်ငံက ရွှေ့ပြောင်းအခြေချသူ ၁၂၃ ဦးထိ ပါဝင်လာပြီဖြစ်ပါတယ်။ စက်တင်ဘာ ၆ ရက်နေ့အထိ ဖမ်းဆီးထားသူ မြန်မာတွေထဲ မုဒိမ်းမှု၊ အသက်မပြည့်သေးသူတွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးကျော်မှု၊ လူသတ်မှု၊ မူးယစ်ဆေးဝါးမှု၊ တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ ပစ်ခတ်မှု၊ ဖေါက်ထွင်းမှု၊ ခိုးမှူ၊ လုယက်မှု၊ မူးယစ်ဆေး-အရက် သောက်ပြီး ယာဥ်မောင်းမှုနဲ့ တခြားအမှူကျူးလွန်သူတွေလည်းပါဝင်ပါတယ်။ အင်ဒီယားနား ၂၃ ဦး၊ မင်နီဆိုးတား ၁၈ ဦး၊ တက္ကဆတ် ၁၂ ဦး၊ နီဘရားစကား ၁၂ ဦး၊ နယူးယောက် ၅ ဦး၊ အရီဇိုးနား ၅ ဦး၊ ဝါရှင်တန်ဒီစီ ၁ ဦး နဲ့ တခြားပြည်နယ်ပေါင်းစုံက ရာဇဝတ်မှုကျူးလွန်သူတွေ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ခုလို ရာဇဝတ်မှူကျူးလွန်သူတွေကို အများပြည်သူသိအောင် ဓါတ်ပုံနဲ့တကွ ထုတ်ပြန်ပြီး သတိပေးလေ့ရှိပါတယ်။ အထူးသဖြင့် မုဒိမ်းမှု၊ ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ စော်ကားမှုကျူးလွန်သူတွေ ရပ်ကွက်အတွင်းနေထိုင်ရာမှာလည်း ရဲဌာနကို အကြောင်းကြားရပြီး၊ အများပြည်သူကြည့်ရှုနိုင်တဲ့ အင်တာနက်စာမျက်နှာမှာလည်း မှတ်ပုံတင်ရပါတယ်။ ဒီလိုရာဇဝတ်မှု ကျူးလွန်သူတွေရဲ့ မျက်နှာကို ဆင်ဆာလုပ်ပြီး ထုတ်ပြန်တာမျိုး မရှိပါဘူး။ အမေရိကန်သမ္မတ ဒေါ်လ်နယ်ထရမ့် Donald Trump ရဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒထဲမှာ ခုလိုရာဇဝတ်မှုကျူးလွန်တဲ့ ရွှေ့ပြောင်းအခြေချသူတွေကို ဖမ်းဆီးပြီး ပြည်နှင်ဒဏ်ပေးဖို့ က အဓိကဦးစားပေးအစီအစဥ်အဖြစ် ပါဝင်နေတာပါ။ အမေရိကန်နိုင်ငံအတွင်း ရာဇဝတ်မှုကျူးလွန်ထားသူတွေ၊ အထူးသဖြင့် အများပြည်သူလုံခြုံရေးအတွက် အန္တရာယ်ရှိတယ်လို့ သတ်မှတ်ခံထားရသူတွေကို ပစ်မှတ်ထား ဖမ်းဆီးပြီးပြည်နှင်ဒဏ်ပေးသွားမယ်လို့ မူဝါဒချမှတ်ထားပါတယ်။ ဒါကြောင့် DHS နဲ့ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေက ရာဇဝတ်မှုမှတ်တမ်းရှိတဲ့ ရွှေ့ပြောင်းအခြေချသူတွေကို အထူးအာရုံစိုက်လာတာ ဖြစ်ပါတယ်။ ဒီလိုရွှေ့ပြောင်းအခြေချသူတွေထဲက ရာဇဝတ်မှူကျူးလွန်သူတွေ ပြစ်ဒဏ်ကျခံပြီးတဲ့နောက် လွတ်ရက်စေ့တဲ့အခါမှာ အကျဥ်းဦးစီးဌာနက DHS လုံခြုံရေးဌာနကို အကြောင်းကြားရပြီးနောက် လွှဲပြောင်းပေးရတာပါ။ အဲဒီနောက် DHS က ပြည်နှင်ဒဏ်ပေးဖို့ ဆက်ပြီးဆောင်ရွက်နိုင်တာ ဖြစ်ပါတယ်။ #အမေရိကန် #ဒေါ်နယ်လ်ထရမ့် #dhs #ပြည်နှင်ဒဏ် #မြန်မာ #myanmar #အောင်ဆွေ #aungswaymedia #aungsway
aungsway
Region: US
Sunday 06 September 2026 21:50:28 GMT
Music
Download
Comments
Nyi Nyi Naing :
မြန်မာနိုင်ငံကဖြစ်ပေမဲ့ ဗမာလူမျိုး
ဘယ်နှစ်ယောက်ပါသလဲ?
2026-09-07 03:06:51
33
Rose 🌹 :
လူမျိုးနာမည်ပါထည့်ပြောလေ နာမည်ဆိုးထွက်ရင်မြန်မာ နာမည်ကောင်းထွက်ရင်လူမျိုးနာမည်နဲ့လေ
2026-09-07 00:53:16
129
Janus :
လူမျိုး ဘာသာပါထည့်ပြောလေ မြန်မာနိုင်ငံသားဆိုပြီး လုံးသုတ်မလုပ်ပါနဲ့ ။
2026-09-07 06:32:24
9
Wai Yan :
မြန်မာနိုင်ငံကိုပြန်ပို့မနေပါနဲ့ USA နိုင်ငံရဲ့ဥပဒေသာဆောင်ရွက်လိုက်ပါ
2026-09-07 05:29:41
15
CID Naing Minဆားပုလင်း :
လူမျိုး နာမည် ဘာသာပါထည့်ပြော မင်းတို့ နာမည်ရတဲ့ဟာတွေကြ ဘာသာကော လူမျိုးပါ ထည့်ပြောတယ်လေ တဖက်သတ် လူ့အခွင့်အရေးမလုပ်ရဘူးလေ
2026-09-07 02:42:31
33
🦚TIBETO-BURMEN🦚 :
လူမျိုးအမည်ရောပါထည့်ပြောပေးပါ။
2026-09-07 04:59:59
9
May zaw :
ပန်ဆယ်လိုမပါဘူးလား
2026-09-07 02:23:08
18
သတိုးသီဟ မင်းပိုင်ဇ :
ကျူးလွန်သူတွေကို ဗမာလို့တိုက်ရိုက်သုံးနှုန်းတဲ့အတွက်တရားပြန်စွဲသင့်တယ်
2026-09-07 04:54:28
9
Jilly Boy197 :
သေဒဏ်ပေးသင့်တယ်
2026-09-07 05:31:30
2
U Tin win Naing :
ဒို့နိုင်ငံမှာလဲ ပြစ်မှုကျူးလွန်သူတွေရဲ့ပုံတွေနဲ့ အမြဲထုတ်ပြန်သင့်တယ်
2026-09-07 01:37:57
6
အောင်မြင့်စိုး :
ဘာလူမျိုလဲစိုတာကိုပါတခါထဲထဲ့ပြောပါမြန်မာစိုတာလူမျိုပေါင်စုံကိုပြောတာလူမျိုတမျိုချင်ကိုထည့်ပြောပါ
2026-09-07 03:15:02
4
NwayThanSinCho☸️♈️🇲🇲🇲🇲🇲🇲 :
မြန်မာ၁၂၃ ဦး ကဘာလူမျိုးတွေလဲ
2026-09-07 02:24:27
7
Mar Ko :
မြန်မာပြည်သား ဘာလူမျိုးဘာ ဘာသာ ကိုးကွယ်မှု့ပါ ပြောပြပါ
2026-09-07 06:12:46
4
ရွှေညာသား :
မြန်မာပြည်ကတော့လူဆိုးသူခိုးတွေဖမ်းမိပြိဆိုမျက်နှာဆင်ဆာဖြတ်ဖုံးကွယ်ထားတာဘာလို့ပါလဲနော်တကယ်ဆိုနောက်မပြုရဲအများပြည်သူသိအောင်အမေရိကန်လ်ုတင်ရမိာ
2026-09-07 01:02:51
10
Tun Tun :
အမေစုအင်္ကျီဝတ်ဆန္ဒပြကြမယ် ဒါ လူ့အခွင့်အရေးချိုးဖောက်တာဘဲ စစ်အာဏာရှင် နိုင်ငံတွေဆိုတော့ လူ့အခွင့်အရေးကိုနားမလည်ဘူး
2026-09-07 00:23:07
8
kyalka4 :
အဲလိုစနစ်တကျ ပြုစုပီး သုံးသပ်တာ တာဝန်ရှိသူတေလုပ်ရကိုင်ရလွယ်တာပေါ့
2026-09-07 02:22:08
2
Million Moe @ Hla Moe Swe :
ဗမာ ဘယ်နှစ်ယောက်ပါလဲအကို
2026-09-07 04:59:25
0
daw kay thi :
ရှက်စရာ
2026-09-07 04:42:55
1
ma naw phyu :
အေး ရော
2026-09-07 02:14:47
1
မေသိန်းချူး :
အတိတ်ကအမှား၊ သင်ခန်းစာထားလို့၊သစ်လွင်သောစိတ်၊ လူသစ်စိတ်ဖြင့်၊ရှေ့သို့လှမ်းချီ ကြိုးစားမည်။မင်းလည်းတစ်လှမ်း၊ ငါလည်းတစ်လှမ်း၊လက်ချင်းချိတ်ဆက်၊ အားမာန်သွင်းလျက်၊ပိုကောင်းမွန်တဲ့ မနက်ဖြန်ဆီ၊တို့တွေအတူတူ လျှောက်လှမ်းစို့
2026-09-07 01:46:46
1
S Nyein :
မြန်မာပြည်ကဆို ေပမဲ့မြန်မာတိုင်းရင်းသာ ေတွဘယ် ေလာက်ပါလဲဗျ
2026-09-07 06:34:54
2
soe moe :
good
2026-09-07 08:56:07
0
To see more videos from user @aungsway, please go to the Tikwm
homepage.