@ashinbuddha32: #ရှက်တတ်ရင် #ကိုယ့်ကိုယ်ကိုယ်_အရေးယူ မင်းတို့ လယ်တီပဏ္ဍိတဦးမောင်ကြီးဆိုတာ ကြားဘူးကောင်းကြားဘူးကြလိမ့်မယ်၊ အဲဒီ လယ်တီပဏ္ဍိတ ဦးမောင်ကြီးက ရဟန်းဘ၀ကနေ လူထွက်ပြီးတော့ မဂ္ဂဇင်းတွေ သတင်းစာတွေမှာ အယ်ဒီတာလုပ်တယ်။ အယ်ဒီတာဆိုတော့ ဧည့်ခံပွဲတွေက သူ့ကိုဖိတ်ကြတယ်၊ တချို့ ဧည့်ခံပွဲတွေက နိုင်ငံခြားသံတမန်တွေပါ ဖိတ်ကြတယ်။ အဲဒီလို ဖိတ်တော့ကို သူကဧည့်ခံပွဲတစ်ခု သွားတယ်၊ ဧည့်ခံပွဲမှာ နိုင်ငံခြားသံတမန်တွေလဲ တက်ကြတယ်။ လယ်တီပဏ္ဍိတ ဦးမောင်ကြီးကို ရန်ကုန်တက္ကသိုလ်ကနေ ဂုဏ်ထူးဆောင် မဟာဝိဇ္ဇာဘွဲ့ ပေးထားတယ်၊ အဲသလို ရန်ကုန်တက္ကသိုလ်ကနေ ဂုဏ်ထူးဆောင် မဟာဝိဇ္ဇာဘွဲ့ ရထားတဲ့ ပုဂ္ဂိုလ်ကြီးဆိုတော့ နိုင်ငံခြားသံတမန်တွေကလဲ သူ့ကို သိပ်လေးစားကြတယ်၊ အဲဒီဧည့်ခံပွဲမှာ သူက ဆေးလိပ်ကြိုက်တာဆိုတော့ ဆေးလိပ်သိပ်သောက်ချင်နေတယ်၊ သောက်ချင်တော့ ပတ်၀န်းကျင် ကြည့်လိုက်တယ်တဲ့ ၊ ကြည့်လိုက်တော့ အုတ်ခုံလေးတစ်ခုပေါ်မှာ ဆေးပြင်းလိပ် အတိုလေး ချထားတာ တွေ့ရတယ်။ သူက အဲဒီဆေးပြင်းလိပ် အတိုလေးကို ယူသောက်ချင်တာ၊ ဒါပေမဲ့ ပရိသတ်အလယ်ဆိုတော့ သူများမြင်သွား ရင်လဲ ရှက်စရာကောင်းတယ်၊ ဒီတော့ သူက ပရိသတ်အငိုက်ကို စောင့်ကြည့် နေတယ်ဆိုပါစို့။ ကြည့်ပြီးတော့ ပရိသတ်အကုန်လုံးက သူ့ဘက်အာရုံမပြုဘူးလို့ ယူဆရတဲ့အတွက် အဲဒီ ဆေးပြင်းလိပ်အတိုလေးကို သူက သွားယူပြီးတော့ သောက်တယ်၊ အဲဒါကို နိုင်ငံခြားသံတမန်တစ်ယောက် လှမ်းမြင်တော့ သူ့ကို ပြုံးတယ်တဲ့ ၊ အဲဒီလို ပြုံးတော့ကို ဦးမောင်ကြီးက ငါ ဆေးလိပ်ကြောင့် အရှက်ကွဲရတယ်၊ ဒီဆေးလိပ်ကို ဘယ်တော့မှ မသောက်တော့ဘူး-ဆိုပြီး အဲဒီအချိန်က စပြီးတော့ ဆရာဦးမောင်ကြီးဟာ ဆေးလိပ် မသောက်တော့ဘဲ ဆေးလိပ်ဖြတ်လိုက်တယ်တဲ့။ အဲဒါ ဆရာဦးမောင်ကြီးက ကိုယ့်ကိုယ်ကိုယ် အရေးယူတာ ခေါ်တယ်။ အေး သူကတော့ ရှက်တတ်တဲ့ ပုဂ္ဂိုလ်ကိုးကွ ၊ ရှက်တတ်တဲ့ ပုဂ္ဂိုလ်ဆိုတော့ ကိုယ့်ကိုကိုယ် အရေးယူလိုက်တယ်။ ဆေးလိပ်ကြောင့် ငါ့မှာ အရှက်တကွဲဖြစ်ရတယ် ၊ နိုင်ငံခြားသံတမန်က ငါ့ကို အထင်သေးသွားပြီ ဆိုပြီးတော့ သူ့ကိုယ်သူ အရေးယူတဲ့အနေနဲ့ အဲဒီအချိန်ကစပြီး ဆေးလိပ်ဖြတ်လိုက်တယ်။ တကယ်လဲ ဆေးလိပ်ပြတ် သွားသတဲ့။ အဲဒါ မှတ်ထား၊ အရေးယူတယ်ဆိုတာ မင်းတို့ကိုယ့်ကိုကိုယ် အရေးယူတာ အကောင်းဆုံး။ အခုလဲဘဲ နာယကအဖွဲ့က စည်းကမ်းဖေါက်ဖျက်ရင် အရေးယူမယ်လို့ ကြေငြာထားတယ်၊ ဒီတော့ သူတို့အရေးယူတာ မခံရအောင် မင်းတို့စာသင်သားအားလုံး (ရှက်တတ်ရင်ပေါ့) ဒီနေ့ကစပြီးတော့ ကိုယ့်ကိုကိုယ် အရေးယူကြ။ မစိုးရိမ်တိုက်သစ် မဟာနာယကချုပ် ဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ
သမ္မာပညာ
Region: MM
Monday 07 September 2026 03:00:45 GMT
Music
Download
Comments
Uoo :
ဦးသုမဂ်လ မနောမယ အစရှိသော ပရိယတ် မပြည့်ဆုံသော အင်း ယ္ခုခေတ် ဝိနည်းထို ဓူတင်ဆောင်ဟု စာ ရှည်တော့မယ် တက္ကသိုလ် စာတမ်းအမေးဖြေ ပုဂ္ဂိုတွေအပါဝင် သဗ္ဗညုတဉာဏ်တော်ကြီးအာ လေးစားကြပါ ရာဇဓမ္မာဘိဝံသ သံဃံပူဇေးမိပါဘုရား
2026-09-08 15:26:25
0
David King :
မြတ်ဆရာရရင်ဘက်ထဲ့အမြဲဘဲ
2026-09-08 13:44:49
0
K mw :
ရှိခိုး ဦးခိုက် ကန်တော့ပါ၏ အရှင်ဘုရား
2026-09-07 12:45:13
0
Ko Aung Win :
🙏
2026-09-08 14:15:47
0
koZaw :
သာဓု သာဓု သာဓု
2026-09-07 11:31:07
0
ba nyan :
🥰🥰🥰🙏🙏🙏🙏🙏🙏🙏👌👌👌
2026-09-07 15:34:59
0
U Aye :
သာဓုသာဓုသာဓု
2026-09-07 08:50:10
0
Ko Thu Gyi :
🙏🙏🙏🙏
2026-09-07 14:19:20
1
ko ko :
🙏🙏🙏
2026-09-08 06:29:40
0
Aunt :
🙏🙏🙏
2026-09-08 04:28:41
0
U Aye Min Kyaw :
🙏🙏🙏
2026-09-08 04:22:56
0
Daw Aye Aye :
🙏🙏🙏🙏🙏
2026-09-08 01:58:02
0
Ma San :
🙏🙏🙏
2026-09-08 01:22:05
0
ဦးဇင်း :
🙏🙏🙏
2026-09-08 00:59:38
0
ဦးဝေ :
👏👏👏
2026-09-07 20:47:38
0
🍉 :
🙏🙏🙏
2026-09-07 16:02:12
0
Dhamma Theingi :
🌹🌼🌸🏵️🌹🙏🙏🌹🏵️🌸🌼🌹
2026-09-07 16:02:02
0
မောင်တော် :
🙏🙏🙏
2026-09-07 14:18:48
0
Linn HtetOo :
🙏🙏🙏
2026-09-07 13:14:19
0
Aung Soe Lwin :
👍👍👍
2026-09-07 12:58:21
0
Linn Linn :
🙏🙏🙏🙏🙏
2026-09-07 03:44:37
0
To see more videos from user @ashinbuddha32, please go to the Tikwm
homepage.