@eihtun23: အသိတစ်ယောက်က မေးဖူးတယ်... ချစ်နေတဲ့သူကို စွန့်လွှတ်လိုက်ရတာတောင် ဘာမှမဖြစ်သလို ဘယ်လိုနေနိုင်ရတာလဲ... တဲ့။ ကျွန်တော် ခဏငြိမ်သွားပြီး "ငါ.. တကယ်ချစ်တတ်လာလို့ပါ" လို့ပဲ ပြန်ဖြေဖြစ်ခဲ့တယ်။ သူက နားမလည်နိုင်တဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေခဲ့တယ်။ တကယ်တော့ လူတစ်ယောက်ကို ချစ်တယ်ဆိုတာ အပိုင်သိမ်းချင်တာ မဟုတ်ဘူး။ ကိုယ့်နားမှာ မဖြစ်မနေရှိနေရမယ်ဆိုတဲ့ အတ္တတွေ လျော့နည်းလာတဲ့အခါ ချစ်ခြင်းက ပိုပြီး အေးချမ်းလာတတ်တယ်။ ချစ်ပေမဲ့ မပူလောင်တော့ဘူး။ တွယ်တာပေမဲ့ မဖမ်းဆုပ်တော့ဘူး။ ကိုယ့်အတွက်ဆိုတာထက် သူပျော်ဖို့၊ သူအဆင်ပြေဖို့ကိုပဲ ပိုတွေးတတ်လာတယ်။ ဒါကြောင့် စွန့်လွှတ်ရတဲ့အချိန်မှာတောင် မုန်းတီးခြင်းတွေ မရှိတော့ဘူး။ ကိုယ့်အနားမှာရှိနေခဲ့တုန်းက အတတ်နိုင်ဆုံး တန်ဖိုးထားခဲ့တယ်၊ ကောင်းပေးနိုင်ခဲ့တယ်ဆိုတဲ့ အသိကြောင့် နောင်တတွေလည်း မကျန်တော့ဘူး။ တဖြည်းဖြည်းနဲ့ ဒီလူက ငါ့အပိုင် ဒီအရာက ငါ့ဟာ ဆိုတဲ့ အတ္တတွေ နည်းလာတဲ့အခါ... ဆုံးရှုံးမှုဆိုတာထက် ခဏတာ လာပြီး ခဏတာ နေသွားခဲ့တဲ့ အဖိုးတန်အမှတ်တရ လို့ပဲ မြင်တတ်လာတယ်။ အဲ့ဒီနေ့ကစပြီး ဘဝဟာ အရင်ကထက် ပိုပေါ့ပါးလာခဲ့တယ်။ #စာသားcrd #fyp #viralvideo #views #tiktok
𝗘
Region: MM
Monday 07 September 2026 05:32:34 GMT
Music
Download
Comments
护士😉 :
ဒီလိုပဲအသဲမာချင်ယောင်ဆောင်ရတာပေါ့🥺
2026-09-07 06:31:47
5
💕Yoon💕 :
copyယူသုံးပါရစေရှင့်😍
2026-09-07 09:39:32
1
LEON :
သူမကိုအရမ်းလွမ်းတယ်
2026-09-07 08:06:38
1
Rain :
copy ယူသွားပြီနော်။ ကျေးဇူး
2026-09-07 09:05:54
1
💕𝒩𝒶𝓃ℳ𝓎𝓊𝒲𝒶𝒾ℋ𝓃𝒾𝓃🌸💕 :
🥺ပြန်တင်ခွင့်ပြုပါ🥺
2026-09-07 09:00:17
1
Arrthit :
အသဲမာ သလိုဟန်ဆောင်ရတာပေါ့ဟာ့
2026-09-07 08:11:15
1
Zin Ko Ko Kyaw :
ကျွန်တော်ကတော့ချစ်သူဘဝမှာသူ့ကိုချစ်ခြင်းမေတ္တာတွေးပေးတယ်သူ့ကိုပျော်အောင်ထားတယ်နောက်တော့သူဖြစ်ချင်လိုစေတနာနဲ့လုပ်ပေးလိုက်တာ😅😁မခံစားရဘူးပေါ့😅
2026-09-07 10:00:31
1
Potato💛 :
စာသား လေးသ ဘောကျလို့ ချ ပေးလို့ရလားရှင့်😍😍😍
2026-09-07 07:19:49
2
Naw Phaw..♋ :
#ချစ်ခြင်းမေတ္တာဟာ ရိုးရှင်းပါတယ်။
ရရှိတယ် မရရှိဘူးဆိုတာ မေ့ထားတယ်
ခနလေးရပ်ကြည့်တာကအစ
ဘ၀ကလေးကို လက်လွှတ်ပေးလိုက်တာအဆုံး
ကိုယ်ရှုံးမိသမျှ ကိုယ့်စေတနာပါပဲ..#
2026-09-07 07:17:31
2
Ei ShweZinOo🤍(သဲလေး)🌻💝 :
မဖြစ်နိုင်တော့ရင်မသိသလိုလေနေရမာပေါ့
2026-09-07 11:19:52
0
Theingi Myo :
စာသားလေးယူသုံးဦးမယ်နော💓
2026-09-07 11:08:26
0
🦋Thet Ei🌻(bioကြည့်ဆက်သွယ်ပါ) :
ကို့ကိုကိုပဲချစ်တော့တယ်
2026-09-07 10:53:45
0
💃🧵🦋Ÿü Ÿü Lwïñ 🦋🪡🧵💃🫅 :
@👑 Moe Thet Thet Tun 👑 ပိုင်ဆိုင်ရမှ အချစ်လို့ မခံယူထားလို့ပါ😊
2026-09-07 07:59:59
0
Ei Ei Lwin :
😘😘😘
2026-09-07 09:35:11
1
To see more videos from user @eihtun23, please go to the Tikwm
homepage.