@oneformyanmar: Fully credited to the original creator: @Mg Nay Wun မင်းတရားရွှေထီးဟာ — မုတ္တမစား စောဗညားရဲ့ လက်နက်ချအညံ့ခံပွဲမှာ သူ့ရဲ့စစ်အင်အားကို အကြီးအကျယ် တခမ်းတနားပြခဲ့ပါတယ်။ သူအားကိုးရတဲ့ နိုင်ငံခြားသား တပ်မှူးကြီးတွေအကုန်လုံးနဲ့ ဆိုင်ရာတပ်သင်းတွေကို လက်နက်အပြည့်စုံနဲ့ အကောင်းဆုံးပွဲတက်ဝတ်စုံတွေ ဆင်ယင်စေပြီး စောဗညားဖြတ်လာမဲ့ လမ်းတဖက်တချက်စီတွင် စီတန်းနေစေခဲ့ပါတယ်။ ဒီအထူးဖွဲ့ထားတဲ့ နိုင်ငံခြားသားတပ်မှာ ကြေးစားစစ်သည်ပေါင်း ၃၆,၀၀၀ ပါဝင်ပြီး အားလုံးဟာ မတူညီတဲ့ နိုင်ငံ ၄၂ နိုင်ငံကနေ လာကြတာပါ။ သူရေးထားတာက ရှေးအမည်တွေနဲ့ ရှုပ်နေတာမို့ ဒေသအလိုက် ပိုင်းခြားပြပါမယ်။ ▫️ဥရောပ၊ မြေထဲပင်လယ်နှင့် အရှေ့အလယ်ပိုင်းအုပ်စု ​ပေါ်တူဂီ၊ ဂရိနဲ့ ဗင်းနစ်(အီတလီ) ကြေးစားစစ်သည်တွေ၊ အော်တိုမန်အင်ပါယာရဲ့ အထူးတပ်သား ဂျန်နီဆာရီတွေ၊ တူရကီတွေအပြင် ဂျူးနဲ့ ကော့ကေးဆပ်က အာမေးနီးယန်းတွေ ၊ ယီမင်ဘက်က တာနိုကိုတွေ နဲ့ မက်ဆိုပိုတေးမီးယားက ဂီဇာရီစစ်သည်တွေ ပါဝင်ပါတယ်။ ▫️​အာဖရိကနှင့် အာရှအလယ်ပိုင်းအုပ်စု ပါရှန်းအင်ပါယာနဲ့ သမိုင်းဝင် ခိုရာဆန်ဒေသက ရောက်လာတဲ့ အီရန်စစ်သည်တွေဟာ ၊ ယူရေးရှားလွင်ပြင်က တာတာတွေနဲ့ မဂိုလ်စစ်သည်တွေ ၊ အာဖရိကတိုက်ကနေ လာတဲ့ အီသီယိုးပီးယားက အဘီဆီးနီးယန်းတွေနဲ့ ဆူဒန်က နိုဘင်တပ်သားတွေပါဝင်ပါတယ်။ ​ ▫️​အိန္ဒိယတိုက်နှင့်ကကမ်းရိုးတန်းဒေသပိုင်းအုပ်စု ရာဂျပ်စတန်က ရာ့ဂျ်ပွတ်စစ်သည်တွေ ၊ မာလာဘာရီ ၊ ဂူဂျာရတ်နဲ့ ဘင်္ဂလီတို့လို ကမ်းရိုးတန်းသားတွေအပြင် အရှေ့မြောက်ပိုင်းက တူပါရာ ၊ မဟာရဋ္ဌဘက်က ချာလူးနဲ့ ကပ္ပလီကျွန်းသားတွေအထိ အိန္ဒိယသမုဒ္ဒရာတစ်ခွင်က ကြေးစားတွေအစုံ ပါဝင်ပါတယ်။ ဒါတင်မကသေးဘဲ သမိုင်းမှာ အတိအကျခြေရာခံဖို့ခက်တဲ့ ချာကိုးမား၊ ချာလို၊ ဂျက်ကွီဆာလိုစတဲ့ အမည်မသိလူမျိုးစုတွေလည်း ဒီအစုအဖွဲ့ထဲမှာ အခိုင်အမာ နေရာယူထားကြတာပါ။ ▫️​အရှေ့တောင်အာရှ ရေကြောင်းကျွန်းစုဒေသအုပ်စု ​ရေကြောင်းကုန်သွယ်ရေးလမ်းကနေ ရောက်လာကြတဲ့ အင်ဒိုနီးရှား ကျွန်းသားတွေဖြစ်တဲ့ ဂျာဗား၊ အာချေး၊ အင်ဒရာဂီရီ၊ မီနန်ကာဘောင်းနဲ့ ဆယ်လီဘီတပ်သားတွေ၊ ဖိလစ်ပိုင်ကျွန်းစုက လူဇွန်နဲ့ မင်ဒါနာအိုတွေ၊ ပါပူအာဒေသက ပါပူအန်တွေ၊ ပရီဒင်တွေ ပါဝင်ပါတယ်။ ▫️ကျန်တာကဝော့ မွန်၊ ရခိုင်၊ ပဲခူး၊ တောင်ငူ၊ မြန်မာ၊ ယိုးဒယား၊ ဆာဗာဒီ၊ ကာလာမင်ဟာစတဲ့ ​ပြည်တွင်းနှင့် ကုန်းတွင်းပိုင်း အိမ်နီးချင်းအင်အားစုတွေ ဖြစ်ပါတယ်။ ဒါက Fernaó Mendez Pinto ရေးသားဖော်ပြထားတဲ့အတိုင်းပါ။ သူရေးထားတာကို ဖတ်ရင်း တော်တော်လေးအံ့ဩမင်သက်မိပါတယ်။ မြန်မာမှာ ကြေးစားစစ်သည်တွေ ကောင်းကောင်းသုံးခဲ့တယ်ဆိုတာကို အရင်က အကြမ်းဖျင်းသိထားပေမဲ့ ဂျန်နစ်ဆာရီတွေပါလောက်တဲ့အထိ လူမျိုးစုံမယ်လို့ မတွေးခဲ့မိပါဘူး။ သူ့အပြောအရဆို မြန်မာပြည်ဟာ တချိန်က ရွှေရွက်ဝေလို့ ရွှေသီးသီးတဲ့ ပဒေသာပင်လိုဖြစ်ခဲ့တာပါ။ နောက်အံ့ဩမိတဲ့တချက်က - မြန်မာဘုရင်က ကောင်းတဲ့လက်နက်ဆို ဈေးမဆစ်သလို မငြင်းလည်းမငြင်းဘူးဆိုတာပဲ။ "ကောင်းရင် ငါ့အခန်းထဲအကုန်ထည့်" ဆိုတာမျိုးပေါ့။ ဒီမှတ်တမ်းကို ဖတ်ရင်း တချိန်က ရွှေပြည်ကြီးကို အောက်မေ့တမ်းတမိသလို သံဝေဂလည်းရမိပါတယ်။ ဒီခေတ်လို ကာလကြီးမှာတောင် ဆုံးဖြတ်ချက်မှားတာနဲ့ နိုင်ငံတနိုငိငံ နစ်နာဖို့လွယ်နေတာဗျာ။ "ဖအေတော်သလို သားမတော် - သားကောင်းပေမဲ့ ဖအေမကောင်း"တဲ့ ပဒေသရာဇ်ခေတ်မျိုးမှာ စနစ်လည်းမတော် - အမျှော်အမြင်လည်း မရှိရင်တော့ ရက်တိုတိုနဲ့ တိုင်းပြည်ရော လူမျိုးပါ နတ်ရွာစံကိန်းဆိုက်မှာပါ။ ကျနော့်အသိမိတ်ဆွေတစ်ယောက် ပြောဖူးတာတောင် သတိရပါတယ်။ "ကိုထက်နိုင်လင်း - အချိုးအကွေ့က အဆုံးအဖြတ်ပဲ။ ရှေ့ရေးဆိုတာ ဆယ်နှစ်လောက်ကြိုမြင်ထားမှဗျ"တဲ့။ ဂျပန်ပြည် Sengoku Period မှာ - တိုကူဂါဝါ အီအဲယဆုရဲ့ လိမ္မာပါးနပ်မှုနဲ့ အမျှော်မြင်ကြီးမှုကြောင့် နှစ် ၂၆၀ ကျော် စစ်မီးငြိမ်းပြီး တပေါင်းတစည်းဖြစ်ခဲ့ပါတယ်။ ဒီတော့ ဒီလိုသင်္ခါရလောကကြီးထဲမှာ အမျှော်အမြင်ကောင်းပြီးရင်တောင် ရေရှည်စနစ်တခု အုတ်မြစ်ချနိုင်မှပဲ အခြေတည်မယ်ဆိုတဲ့ အသိဝင်မိပါတယ်။ မောင်နေဝန်း (မြန်မာ့ချပ်ဝတ်ယဉ်ကျေးမှု - စစ်သမိုင်းသုတေသန) #foryoupage #myanmar #History #education #burma

One for All
One for All
Open In TikTok:
Region: MM
Monday 07 September 2026 07:18:26 GMT
18924
1798
28
90

Music

Download

Comments

oneformyanmar
One for All :
ခိုင်မာတဲ့ အထောက်အထား
2026-09-07 08:02:32
36
naywunburma
Mg Nay Wun :
အခုလို ကျနော်ရေးတဲ့ ဆောင်းပါးလေးကို ခုလို ပြန်လည်ကူးယူဖော်ပြပေးရာမှာ ရေးသူအမည်ရင်းနဲ့တကွ ဖော်ပြပေးတဲ့အတွက် ကျေးဇူးပါ🥰
2026-09-08 01:25:40
20
zunk468
Viin :
founderအသစ်လိုတာမြန်မာနိုင်ငံအသစ်အတွက်သေချာအုတ်မြစ်ပြန်ချပေးမဲ့founderအသစ်လိုအပ်တယ်
2026-09-07 13:01:37
11
kaungkhantsithu6
🏂 :
အရက်သာမစွဲခဲ့ရင် အရမ်းကြမ်းတဲ့ သူကြီး ဖြစ်ခဲ့မှာ အဲ့ခေတ်က မြေကြီးက ရွှေသီးသလားထင်ရတယ် အကြမ်းဆုံးကြေးစားတွေခေါ်သံုးနိူင်ခဲ့တယ်
2026-09-08 19:21:38
4
milo595810
T♍ :
သီဟတင်ဆိုးမှတ်နေတာအရှေ့က
2026-09-09 15:35:03
1
user1902631575542
🦚 :
ဒါမျိုးတေမြင်ရကြားရရင်ကြက်သီးထတာအရမ်းပဲ
2026-09-19 01:21:02
1
zayar3101
Zayar :
ခမ်းနားလိုက်တာ အရင်တုန်းကဆို ဘယ်လောက်တောင်ခမ်းနားလိုက်မလဲ ဗမာဖြစ်ရတာ ခေါင်းမော့ထားရသလိုပဲ🥰🥰🥰
2026-09-09 15:27:10
4
kyaw.linn553
Kyaw Thu Aung ♍ :
သိပ်လှတဲ့ပြီး အရမ်းကြည့်ကောင်းတဲ့စစ်ဝတ်စုံ
2026-09-18 04:45:35
1
kyawhtet.naing6
kyawhtet naing :
တချိန်က ဘိုးဘေးများ...🤠
2026-09-08 14:18:17
4
josephe616
Kingdom of Rama 🇹🇭 :
2026-09-10 12:52:16
2
minhtet0001589484895
🇲🇲Minn :
ပုံလေး သဘောကျ
2026-09-08 12:09:26
1
yelwinoo239
ထီးလှိုင်ရှင် :
🥰
2026-09-10 14:49:03
1
arakanes099
🦚ဗမာ့ARAKAN🐘 :
2026-09-13 11:49:31
1
aloha5739
အချစ်နတ်ဆိုးမလေး😈 :
ဟုတ်တယ်မနေ့ကငါလက်ဖက်ရည်ဆိုင်ထိုင်တော့ဘေး နားမှာအမကြီးတစ်ယောက်လာထိုင်တယ် ငါကပုံမှန်ပဲထင်တာ သူကချိုစိမ့်သောက်သွားတယ်
2026-09-09 06:22:23
1
nyeinchanaung792
Nyein Chan Aung :
ပုံလိုချင်တယ်ဗျာ
2026-09-09 00:32:42
1
zinminko2325
𓆩Maung Hti Grown𓆪 :
အဲ့မြင်ကွင်းသာခုချိန်မြင်ရရင် ရွှေရောင် အနီရောင် စစ်ဝတ်တန်ဆာ မြင်းခွာသံတွေနဲ့ ဘယ်လောက်တောင်များ ကြက်သီးထဖို့ကောင်းလိုက်မလဲ
2026-09-08 03:14:51
4
kyaw.swar.win723
☸🦚Oo Kyaw Swar🦚☸ :
ရွှေပြည်ကြီးဖြစ်ခဲ့တာကို မအံ့သြမိပါဘူး ခေတ်အဆက်ဆက်ခိုးလာတာတောင် ခုအချိန်ထိမကုန်နိုင်သေးလို့လေ
2026-09-22 01:30:30
0
To see more videos from user @oneformyanmar, please go to the Tikwm homepage.

Other Videos


About