@the.irrawaddy1: ရေထိန်းတာဘောင်တွေပြိုကျလို့ တာချီလိတ်မှာရေကြီး (ရုပ်/သံ) ဧရာဝတီ၊ စက်တင်ဘာ ၇၊ ၂၀၂၆ ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်ချောင်း ရေရုတ်တရက် မြင့်တက်ခဲ့ပြီး မြန်မာဘက် ခြမ်းမှာရှိတဲ့ ရေထိန်းနံရံ၊ရေကာတာဘောင်တွေပြိုကျပျက်စီးခဲ့တဲ့အတွက် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက ဧရာဝတီကိုပြောပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းမှာ အထက်ပိုင်းက တောင်ကျချောင်းရေတွေ စီဆင်းလာတာကြောင့် မယ်ဆိုင်ချောင်းရေ ရုတ်တရက်မြင့်တက်ပြီး တာချီလိတ်မြို့မှာ အခုလို ရေကြီးရေလျှံမှုတွေဖြစ်လာတာလို့ ဒေသခံတွေက ဆိုကြပါတယ်။ လက်ရှိမှာတော့ ချောင်းရေအရှိန်လျော့သွားတာကြောင့် ရေပြန်ကျသွားပေမယ့် မြေနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ လွယ်တော်ခန်း ၊ ပုန်းထွန်၊ တာလော့၊ မကာဟိုခမ်း၊ ဆန်ဆိုင်း၊ မယ်ခေါင် နဲ့ ရန်အောင်မြေရပ်ကွက်လမ်းတွေပေါ်မှာတော့ ရေလျှံမှုတွေဆက်ဖြစ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။ မယ်ဆိုင်ချောင်း ရေလျှံမှုကြောင့် တာချီလိတ်မြို့ရေကြီးရေလျှံဖြစ်ပွားမှုဟာ ပုံမှန်လိုဖြစ်ပေမယ့် ရေထိန်းဖို့ကာထားတဲ့ နံရံတွေအခိုင်အမာမရှိတာကြောင့် တဖက်ထိုင်းနိုင်ငံထက်စာရင် ပိုပြီးတော့ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့တာလို့ ဒေသခံတွေကဆိုကြပါတယ်။ #မြန်မာ #ဧရာဝတီ #တာချီလိတ် #ရေကြီး #Environments #ClimateDesk #WhatsHappensInMyanmar ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join buttom ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။ စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://www.irrawaddy.com/donation
The Irrawaddy
Region: TH
Monday 07 September 2026 12:18:02 GMT
Music
Download
Comments
Y2K ahsan :
ရေဘေးမှ ကင်းဝေးနိုင်ကြပါစေ
2026-09-07 15:06:19
1
Kyawzawhein♍️ :
မပြိုလဲရေကကြီးပါတယ် 🤪
2026-09-07 13:22:56
1
utinssyxlwj :
စစ်ချီ နေရတာဒါတွေမလုပ်အားဘူး
2026-09-09 03:00:03
0
Queen 👑👑👑 :
လူညစ်ပတ်လူရုပ်မာတွေအုပ်ချုပ်နေသမျှကာလပတ်လုံးမြန်မာတနိုင်ငံလုံးဘယ်နေရာမှဘေးမလွတ်ဘူး🥺🥺🥺🥺
2026-09-07 23:04:52
3
Win tun tun :
😱😱😱
2026-09-07 13:44:23
1
မင်းရင်ခွင် အေးမြစေ :
🥺🥺🥺
2026-09-07 12:25:19
1
yekyi :
😳😳😳
2026-09-07 12:36:58
1
khinekhine7820 :
🥺🥺🥺
2026-09-08 04:10:00
1
Cho wut hmone🤑🤑 :
😏😏😏
2026-09-07 12:44:07
0
Shine Thank Mg :
😳😳😳
2026-09-08 00:51:27
1
To see more videos from user @the.irrawaddy1, please go to the Tikwm
homepage.