@kowayyansoe3: #သိမ်းထားပါ ဘယ်ဘက်လက် မလှုပ်နိုင်အောင် ခံစားလာရသဖြင့် ကိုယ်တစ်ခြမ်း လေဖြတ်သလိုဖြစ်လာသည့် ကိုအဏ္ဏဝါလိုင်းသည် ဆရာ၀န်နှင့်ကုသသော်လည်း မပျောက်သဖြင့် မြန်မာတိုင်းရင်းဆေးနည်းဖြင့် အနှိပ်ခံကြည့်ရာ ကျီးပေါင်းရောဂါဖြစ်နိုင်ကြောင်း၊ ဓါတ်မှန်ရိုက်ကြည့်ရန် အကြံပေးသဖြင့် ရိုက်ကြည့်ရာ လည်ဆစ်ရိုးတွင် ကျီးပေါင်းတက်နေကြောင်း တွေ့ရှိရသဖြင့် မိတ္ထီလာဆေးရုံသို့ တက်ရောက်ကုသခဲ့သည်။ အရိုးအဆစ်တို့တွင် ကျီးပေါင်းတက်လာသဖြင့် အာရုံကြောများကို ဖိထားကာ အာရုံကြောများ မလှုပ်ရှားနိုင်ပါက လေဖြတ်နိုင်သည့်အပြင် အချိန်မရွေး သေဆုံးနိုင်ကြောင်း သိရှိရသဖြင့် ဆေးရုံမှ ကုသနည်းအတိုင်း ကုသခဲ့သည်။ သက်သာ၍ ဆေးရုံကဆင်းပြီး မကြာခင်မှာပဲ ပြန်ဖြစ်လာသဖြင့် မန္တလေးဆေးရုံကြီးသို့ ကုသခဲ့ပြန်သည်။ အနည်းငယ် သက်သာလာသော်လည်း လုံးဝမပျောက်ကင်းခဲ့ပါ။ သင်္ကြန်အတွင်း ပြင်ဦးလွင် ရွှေဟင်္သာကျောင်းတွင် မိတ်ဆွေများနှင့်အတူ သင်္ကန်း၀တ်ကြရာ ကျောင်းထိုင်ဆရာတော်မှ ကျီးပေါင်းဆေးနည်းကို ညွှန်ကြားပေးသဖြင့် ကုသခဲ့ရာ အံ့သြလောက်အောင်ပင် ကျီးပေါင်းရောဂါသည် လျှင်မြန်စွာ သက်သာခဲ့ပြီး ဆက်တိုက်ပြုလုပ်ကြည့်ရာ လုံးဝပျောက်ကင်းသွားခဲ့ပါသည်။ ဆေးနည်း (၁) ၁။ ဆေးဆိုင်များမှ ဆားခါး (Epsom Salt) ကို (၂၅) ကျပ်သားခန့် ၀ယျယူပါ။ ၂။ ဆားခါးကို အ၀တ်သန့်သန့်ဖြင့် ကြပ်ထုပ် ထုပ်ထားပါ။ ၃။ ရေနွေးပူပူတည်ထား၍ ဆားခါးအထုပ်ကို ရေနွေးအိုးအဖုံးပေါ်တင်ကာ အပူပေးပြီး ကျီးပေါင်းတက်သည့်နေရာကို မိမိခံနိုင်သလောက် ကြပ်ထုပ်ထိုးပေးပါ။ ၄။ အထုပ် (၂) ထုပ် ပြုလုပ်ထားပြီး တစ်ထုပ်ထိုးနေချိန် ကျန်တစ်ထုပ်ကို အပူပေးထား၍ တစ်လှည့်စီ အသုံးပြုနိုင်ပါသည်။ ၅။ ကြပ်ထုပ်တစ်ခါထိုးလျှင် အနည်းဆုံး မိနစ် (၄၀) ခန့်ကြာအောင် ထိုးပေးပါ။ ၆။ ကြပ်ထုပ်ထိုးနေစဉ် အတက်စာများကို မစားဘဲ ရှောင်နိုင်လျှင် ပိုကောင်းပါသည်။ ဤဆေးနည်းအတိုင်း စိတ်ရှည်လက်ရှည်ဖြင့် မကြာခဏ ပြုလုပ်ပေးပါက ကျီးပေါင်းရောဂါသည် လျှင်မြန်စွာ ပျောက်ကင်းသွားပါမည်။ ဆေးနည်း (၂) (ဆရာ ကြည်လွင်မြင့် - မုဒြာ ၏ နည်းလမ်း) နှစ်ရှည်ခါးနာ၊ ဇက်ကြောတက်ဝေဒနာရှင်များနှင့် ဆောင်းရာသီတွင် အအေးပတ်လျှင် ခေါင်းမူးတတ်သူများအတွက် ရေနွေးငွေ့ဖြင့် အပူပေး၍ အချိန်မရွေး ကြပ်ထုပ်ထိုးနိုင်ပါသည်။ အထုပ်နှစ်ထုပ်ပြုလုပ်ပြီး တစ်လှည့်စီ နာရီဝက်ခန့် ထိုးပေးပါ။ မုံညှင်းဆီ (သို့မဟုတ်) နှမ်းဆီ အရင်လိမ်းပြီးမှ ထိုးလျှင် ပို၍ထိရောက်ပါသည်။ ပရဆေးဆိုင်တွင် "မိတ်သလင်ဥ" ဝယ်ယူ၍ အမှုန့်ကြိတ်ပြီး အသုံးပြုပါ။ အခိုးထွက်သည့် ပိတ်စအကြမ်းကို အသုံးပြုပေးပါ။ ဇက်ကျီးပေါင်း၊ ခါးဆစ်ကျီးပေါင်းကို မိတ်သလင် ကြပ်ထုပ်ထိုးပြီးလျှင် သင်္ဘောရွက် ကို ပျော့အောင် ရေနွေးခဏစိမ်ပြီး ကပ်ပေးပါ။ သတိပြုရန် - ဆေးပူများ၊ ပရုပ်ဆီများ အမြဲမလိမ်းပါနှင့်။ ပူလျှင် သို့မဟုတ် ယားလျှင် သနပ်ခါးမြစ်နှင့် ဆားသွေး၍ လိမ်းပေးနိုင်ပါသည်။ #လေးစားစွာဖြင့်crdပေးပါသည် #facebook #ကျန်းမာရေး #ကျီးပေါင်းရောဂါ

꧁࿇♥NYA LAY KOKO♥࿇꧂
꧁࿇♥NYA LAY KOKO♥࿇꧂
Open In TikTok:
Region: MM
Tuesday 08 September 2026 09:08:01 GMT
17281
749
19
160

Music

Download

Comments

sit.sit.pwar
Sit Sit Pwar :
ကျေးဇူးတင်လိုက်တာလေတကယ်ပါနော်🥰🥰🥰
2026-10-02 08:11:30
3
shu.tine.yin02
Shu Tine Yin :
ကျမလည်း၈ လရှိပီ မပျောက်ဘူး
2026-10-26 17:23:05
0
arrow1234562
အဖြည့်ခံ :
2026-10-15 13:55:40
1
nunu71983
nunu :
ကျေးဇူးပါ
2026-10-17 14:18:40
0
nann.kay.thi63
Nann Kay Thi :
ပြောပြပေးလို့ကျေးဇူတင်ပါတယ်
2026-09-16 14:23:51
2
thithi4225
thithi4225 :
ကိုယ်တိုင်ခံစားနေရလို့ဆေးနည်းsave ယူထားပီနော် ကျေးဇူးပါဆရာ
2026-10-13 09:14:23
1
koko05876
💕❤️Daw Ei lay❤️💕 :
လုပ်ပီးပါပီး စဖြစ်တည်က 4နစ်ရှိ မပျောက်ပါဘူးနော်
2026-10-24 15:17:33
2
kaung.gyi8410
Kaung Gyi :
မိတ်သလင်ကိုဘယ်လိုလုပ်ရပါသလဲ
2026-10-15 21:04:41
1
nan.khinkhin1
Nan Khinkhin :
thank
2026-09-09 10:03:17
1
user5563872163865
Linn :
၂နှစ်လောက်ရှိပြီ ဂုတ်ကျီးပေါင်းဖြစ်တာ ဘယ်ဘက်တစ်ခြမ်းလုံးလုံးနေလို့မကောင်း ဆေးခန်းပြသော်လည်း ခဏပဲပြီးရင်ပြန်ပြီး တောင့်တင်းကိုက်ခဲနေတာ မမြဲပါ လုပ်ကြည့်ပါမယ်
2026-09-19 07:08:18
1
sukhina5
Sukhina :
ကျေးဇူးပါ
2026-09-09 13:02:40
1
honey.cho44
Honey cho :
ကျေးဇူးပါ
2026-09-09 11:30:21
1
daw.su.su.tun7
Daw Su Su Tun :
ကျေးဇူးပါ
2026-09-09 14:41:10
1
yr.k3n2136
javier :
thankyou
2026-09-10 13:49:50
0
jasmine.aye73
Jasmine Aye :
မိတ်ဿလင်အမှုန့်ပြုလုပ်ရပါတယ် အခြောက်လှန်းပြီးဆုံမှာထောင်းရင်ရပါတယ်
2026-10-16 01:56:42
1
thinthinnuok325884
༒︎🝮︎︎︎KOKO💔༒︎ :
🥰🥰🥰
2026-09-09 02:25:25
2
khin.win.kyi840
Khin Win Kyi :
🥰🥰🥰
2026-09-17 23:19:49
1
myathan563
Mya :
🥰🥰🥰🥰🥰
2026-09-09 05:43:11
1
To see more videos from user @kowayyansoe3, please go to the Tikwm homepage.

Other Videos


About