@wetletmyo: ဘဝမှာ မမေ့သင့်တဲ့ အချက် (၉) ချက် ဘဝမှာ အတွေ့အကြုံတွေ များလာလေလေ ရိုးရိုးရှင်းရှင်း စကားလေးတွေထဲမှာ တန်ဖိုးရှိတဲ့ သင်ခန်းစာတွေ ရှိနေတတ်တာကို ပိုနားလည်လာရပါတယ်။ (၁) စိတ်ကောင်းထားပါ☘️🍀🌿 ဘယ်သူကောင်းကောင်း၊ မကောင်းကောင်း ကိုယ့်စိတ်ကိုတော့ ကောင်းအောင်ထားပါ။ စိတ်ကောင်း၊ စေတနာကောင်းရှိမှ ကိုယ့်ဘဝမှာလည်း ကောင်းခြင်းတွေ ပြန်ရလာမှာပါ။ (၂) လူပေါင်းမမှားပါနဲ့☘️🍀🌿 လူထဲကလူဖြစ်တဲ့အတွက် လူတွေနဲ့ ပေါင်းသင်းဆက်ဆံရမှာပါ။ ဒါပေမယ့် ဘယ်သူနဲ့ ပေါင်းသင်းမလဲဆိုတာက အရေးကြီးပါတယ်။ အပေါင်းအသင်းကောင်းရင် ဘဝလမ်းကြောင်းကောင်းလာနိုင်သလို အပေါင်းအသင်းမကောင်းရင် ကိုယ့်ဘဝကိုပါ ထိခိုက်စေနိုင်ပါတယ်။ အဇာတသတ်မင်းသားဟာ အရှင်ဒေဝဒတ်ကို ဆရာတင်ပြီး ပေါင်းသင်းမိခဲ့တာကြောင့် ဖခင်ကိုပင် သတ်မိတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် လူပေါင်းမမှားဖို့ အလွန်အရေးကြီးပါတယ်။ (၃) အရိပ်ကောင်း နားပါ☘️🍀🌿 သစ်ပင်အရိပ်က ခန္ဓာကိုယ်ကို အေးမြစေသလို ဘုရား၊ တရား၊ သံဃာရဲ့ အရိပ်အာဝါသက စိတ်နှလုံးကို အေးချမ်းစေပါတယ်။ သံသရာခရီးမှာ အေးချမ်းဖို့အတွက် ရတနာသုံးပါးရဲ့ အရိပ်အောက်မှာ ခိုလှုံနေထိုင်ကြပါ။ (၄) နွယ်ပင် မဖြစ်စေနဲ့☘️🍀🕊️ သူများကို အားကိုးတာ ခဏတာအတွက် ကောင်းပါတယ်။ ဒါပေမယ့် အမြဲတမ်း မှီခိုဖို့တော့ မကြိုးစားပါနဲ့။ နွယ်ပင်ဆိုတာ အမှီမရှိရင် အပေါ်ကို မတက်နိုင်သလို အမှီလဲသွားရင်လည်း ကိုယ်ပါ ပြုတ်ကျရပါတယ်။ ဒါကြောင့် ကိုယ့်လမ်းကိုယ်ဖောက်၊ ကိုယ့်အိမ်ကိုယ်ဆောက်ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင် ကြိုးစားပါ။ (၅) ထမင်းပူ မစားပါနဲ့☘️🍀🌿 သူများကို ဒုက္ခပေးပြီး ကိုယ့်နေရာရဖို့ ကြိုးစားတာဟာ ထမင်းပူကို စားရသလိုပါပဲ။ မတရားတဲ့နည်းလမ်းနဲ့ ရလာတဲ့အရာဟာ ဘယ်လောက်ပဲ အဆင်ပြေနေပါစေ တစ်နေ့မှာ ကိုယ့်အတွက် အပူပြန်ဖြစ်လာနိုင်ပါတယ်။ (၆) ရောက်ရာဒေသ ခြေရာချခဲ့ပါ☘️🍀🌿 ဖြစ်တည်မှုနောက်မှာ ပျောက်ကွယ်မှုဆိုတာ ရှိပါတယ်။ တစ်နေ့နေ့မှာ ကိုယ်လည်း ဒီလောကကြီးကနေ ထွက်ခွာရမှာပါ။ မပျောက်ကွယ်ခင် အချိန်လေးမှာ ကောင်းမှုတစ်ခုခုတော့ လုပ်ခဲ့သင့်ပါတယ်။ ကောင်းမှုလုပ်ခြင်းဆိုတာ ကိုယ်ရောက်ခဲ့တဲ့နေရာမှာ ကောင်းတဲ့ခြေရာတစ်ခု ချန်ထားခဲ့ခြင်းပါပဲ။ (၇) မြစ်ကြီးလည်း မခန်းပါစေနဲ့☘️🍀🌿 အေးမြတဲ့စမ်းရည်လို ကြည်လင်ပြီး တသွင်သွင် စီးဆင်းနေတဲ့ မေတ္တာမြစ်ကြီး မခန်းပါစေနဲ့။ လူအချင်းချင်း မေတ္တာထားကြပါ။ အချင်းချင်း နားလည်ပေးကြပါ။ မေတ္တာတရားတွေ ပွားများပြီး မေတ္တာမြစ်ကြီး မခန်းပါစေနဲ့။ (၈) သစ်ပင်ကြီးလည်း မလဲပါစေနဲ့ သစ်ပင်ကြီးတစ်ပင်ဟာ အခက်အလက်၊ အရွက်အဝန်းတွေနဲ့ အရိပ်အာဝါသ ပေးနိုင်ပါတယ်။ အလားတူပဲ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးရဲ့ အရိပ်အာဝါသကောင်းအောက်မှာ ခိုလှုံရခြင်းဟာ ဘဝအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အကျိုးကျေးဇူးပါ။ ဒါကြောင့် ကိုယ့်ကို အရိပ်ပေးခဲ့သူတွေ၊ ကျေးဇူးပြုခဲ့သူတွေအပေါ် ကျေးဇူးမကန်းမိဖို့ အမြဲသတိထားပါ။ (၉) ထုံးအိုးကြီးလည်း မကွဲပါစေနဲ့ မိဘဘိုးဘွားတွေလက်ထက်ကတည်းက ထိန်းသိမ်းလာခဲ့တဲ့ ကောင်းမွန်တဲ့ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေ မပျောက်ပျက်အောင် ထိန်းသိမ်းကြပါ။ ဗုဒ္ဓဘာသာရဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ ဓလေ့ထုံးတမ်းတွေကို တန်ဖိုးထားပြီး ယဉ်ယဉ်ကျေးကျေး၊ သိမ်သိမ်မွေ့မွေ့ နေထိုင်ကြပါ။ ဘဝဆိုတာ ရှည်လျားတယ်လို့ ထင်ရပေမယ့် တကယ်တော့ ခဏတာလေးပါ။ ဒါကြောင့် စိတ်ကောင်းထားပါ။ လူပေါင်းမမှားပါနဲ့။ အရိပ်ကောင်းနားပါ။ သူများကို အလွန်အမင်း မမှီခိုပါနဲ့။ မတရားတာကို မလုပ်ပါနဲ့။ ကောင်းတဲ့ခြေရာ ချန်ခဲ့ပါ။ မေတ္တာမခန်းပါစေနဲ့။ ကျေးဇူးမကန်းပါနဲ့။ ကောင်းမွန်တဲ့ ရိုးရာဓလေ့တွေကို ထိန်းသိမ်းပါ။ ကောင်းမှုတစ်ခုချင်းစီဟာ ကိုယ့်ဘဝမှာ ချန်ထားခဲ့မယ့် တန်ဖိုးရှိတဲ့ ခြေရာတစ်ခုပါပဲ။ Credit:ဘုန်းဉာဏ်

✨🕊️𝓑𝓱𝓸𝓷𝓮 𝓷𝔂𝓪𝓷💫🕊️
✨🕊️𝓑𝓱𝓸𝓷𝓮 𝓷𝔂𝓪𝓷💫🕊️
Open In TikTok:
Region: MM
Tuesday 08 September 2026 10:17:20 GMT
11234
699
15
126

Music

Download

Comments

user083486428
Tik Toker :
ကေါင်ပါတယ်ဗျ🥰🥰🥰
2026-09-08 11:06:31
1
winkoko26880
ဦးဝင်းကိုကို👉🇲🇲official🆗 :
ပြန်လည်ဝေငှခွင့်ပြုပါ🙏🙏🙏
2026-09-09 14:24:59
1
waiyanhein853
Win Min Hein :
ဟုတ်တယ်ဗျာ
2026-09-09 06:25:36
0
horland01
𝒎𝒂𝒏 :
မှတ်သားစရာတွေပါအကုန်အမှန်တွေကြီးဘဲ
2026-09-08 11:43:51
1
user536941261
Yanpaing :
ကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ ရှယ်ခွင့်ပေးပါခင်ဗျာ
2026-09-08 12:10:53
1
kokhinzaw321
Ko Khin Zaw :
2026-09-09 02:41:05
0
ko.thu134
ဖိုးချမ်း :
ပို့ရှင်လေးရယ်စိတ်ထဲရှိတမျှအောင်မြင်ပါစေ။
2026-09-08 13:09:36
0
mg.myo.than33
Mg Myo Than :
မဂ်လာပါ
2026-09-08 15:15:20
0
phyo.wai.aung4661
Phyo Wai Aung :
🥰🥰🥰
2026-09-08 14:50:39
0
3d8381
🌀pizzar🍕🫀 :
🥰🥰🥰🥰
2026-09-08 14:34:48
0
okkarmaung505
Okkar Maung@678 :
🥰🥰
2026-09-08 13:39:11
0
bhone.thi3
🇲🇲 ဘုန်းသီ🇲🇲မန္တလေး။🏅 :
👌👌👌
2026-09-08 13:16:20
0
user2652324295474
အရှင်ကောဝိဒ :
❤️❤️❤️
2026-09-08 11:11:13
1
zaw13450
မေတ္တာရှင် :
😍😍😍
2026-09-09 08:49:25
0
To see more videos from user @wetletmyo, please go to the Tikwm homepage.

Other Videos


About