@kun.sai92: အူထိုင်မြို့နယ်တွင် မြန်မာအလုပ်သမား ၇၉ ဦး ဖမ်းဆီးခံရ အလုပ်သမားဟစ်တိုင်၊ စက်တင်ဘာ ၈ ထိုင်းနိုင်ငံ အယုဒ္ဓယာခရိုင်၊ အူထိုင်မြို့နယ်ရှိ ဝပ်ခနွန်ဘုရားကျောင်းအနီး ဆောက်လုပ်ရေးအလုပ်သမားများ ယာယီနေထိုင်ရာတန်းလျားကို ယနေ့ စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် နယ်မြေခံအာဏာပိုင်များက ဝင်ရောက်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသားအလုပ်သမား ၇၉ ဦးကို ဖမ်းဆီးခဲ့ကြောင်း အူထိုင်ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ အူထိုင်ခရိုင်အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ နံနက် ၆ နာရီတွင် အထူးစစ်ဆေးရေးအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဒေသခံလုံခြုံရေးအဖွဲ့များ ပူးပေါင်းကာ နောင်နမ်ဆွမ်ကျေးရွာအုပ်စု၊ ဝပ်ခနွန်ဘုရားကျောင်းအနီးရှိ ယာယီ အလုပ်သမားနေထိုင်ရာနေရာကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။ စစ်ဆေးမှုအတွင်း မြန်မာနိုင်ငံသားအလုပ်သမား စုစုပေါင်း ၃၂၀ ဦးတို့ကို တွေ့ရှိကြောင်းနှင့် ယင်းတို့အနက် မြန်မာအလုပ်သမား ၇၉ ဦးတို့တွင် မည်သည်အထောက်ထားမှမရှိသဖြင့် ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အူထိုင်ခရိုင်အုပ်ချုပ်ရေးအဖွဲ့က အဆိုပါစစ်ဆေးမှုသည် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနနှင့် အယုဒ္ဓယာခရိုင်အစိုးရ၏ မူဝါဒများအရ နိုင်ငံခြားသားအလုပ်သမားများ၏ တရားဝင်နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် အခြေအနေများကို စစ်ဆေးရန်နှင့် ဒေသတွင်း လုံခြုံရေးကို မြှင့်တင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားထားသည်။ #ထိုင်းရောက်📌မြန်မာများအတွက် #creatorsearchinsights #ထိုင်းရောက်ရွှေမြန်မာ🇲🇲🇲🇲🇲🇲 #foryou #ထိုင်းအလုပ်ရှာဖွေရေး

Kun Sai
Kun Sai
Open In TikTok:
Region: TH
Tuesday 08 September 2026 11:01:03 GMT
878072
12514
138
2050

Music

Download

Comments

user8181706235397
ဘဲလေး :
မြန်မာနိုင်ငံအမြန်ဆုံးငြိမ်းချမ်ပါစေ🙏🙏🙏အမေ့ကိုလဲလွမ်းလှပီနိုင်ငံကိုလဲငြိမ်းချမ်းစေချင်ပီရှင့် ကိုယ့်အိမ် ကိုယ့်နိုင်ငံအမြန်ဆုံးပြန်နိုင်ပါစေ အခုလိုတေမြင်ရရင် ထပ်တူအရမ်းဝမ်းနည်းမိပါတယ်ရှင်😭😭😭
2026-09-08 12:52:40
47
may.phyo2780
꧁◊✸ Mi Wah ✸◊꧂ :
နိုင်ငံရေးမတည်ငြိမ်ချိန်စစ်မှု့ထမ်းရမှာဆိုးလို့ပြေးကြတာ နိုင်ငံခေါင်းဆောင်ချင်းတေချိတ်ဆက်ပြီးဖမ်းပြီးပြန်ပို့နေတာဖြစ်နိုင်တယ်
2026-09-09 04:42:42
4
aung01264
aung :
ဘဝတွေကွာခါးလိုက်တာ😭
2026-09-08 12:41:17
33
ming.tian.ni.hao7mg
Ming Tian Ni Hao :
သနားပါတယ်တို့မြန်မာလူဘဝကလဲခါးသီးလွန်းတယ်😭😭😭
2026-09-08 13:08:27
5
waimar5522
Wai Mar Lwin :
မနက်ကမှဝင်သွားတာငါတို့အဆောင်ကြီး
2026-09-08 16:06:03
0
war.so400
Ko Ko😝🤪😛 :
ကူညီပေးနိုင်တဲ့သူတွေနဲ့တွေ့ကျပါစေ🙏🙏🙏
2026-09-09 04:25:20
1
stz231
꧁༒☬T*h*a*n*t☬༒꧂ :
ကို့နိုင်ငံ မှာလဲ ဒုက္ခတေဖြစ် သူများနိုင်ငံမာလဲ တရားမဝင် အနှိမ်ခံရ တို့နိုင်ငံတော့ ပြန်ပီး ကောင်းဖို့ဆိုတာ မလွယ်ပါလားနော်🥺
2026-09-08 14:32:14
6
ko.paing.143
Ko paing :
ဟုတ်တယ် လူတေအပြင်ထွက်ပေးပီးတံခါးပိတ်ခဲ့တာတောင် သော့တေအကုန်ရိုက်ဖွင့် ခြုံထဲ ရေထဲတိုးပြေးလည်းမိအောင်လိုက်ထာဘဲ ကျွန်တော်တို့အလုပ်သမားတန်းလျားပါ
2026-09-08 22:41:05
2
user788764904
ခွန်ဉက္ကာ ကျောင်တလုံးကြီး :
အဲ့ဒီမှာ တကွက်
2026-09-09 04:44:33
0
preeyanuch.satham
ထာဝရအချစ် :
အထောက်ထားမရှိကြလို့လား
2026-09-08 13:55:31
1
myatswpalphyu
Myat Swpal Phyu :
အော် ဒို့မြန်မာတေဘဝ😌
2026-09-09 05:25:37
0
user7ge6n4hkgl
တာနောယက္ခ🌚🌚💥💥💥💥 :
မရှပ်နဲပြေးပြေး🥺
2026-09-09 02:47:17
0
lu.chaw142
Lu Chaw :
အားလုံးဘေးအရယ်ကင်းကြပါဆေ
2026-09-08 12:59:35
1
super.diamond50
Super Diamond :
ဆိုးလိုက်တဲ့ ဘ၀တွေ
2026-09-08 13:46:30
1
can.i.be.your.lov30
ᵖᵘᵘᵗᵘᵘ :
မြင်ရကြားရတာ စိတ်မကောင်းစရာတွေပါဘဲ😭
2026-09-09 03:36:39
0
..ak863
Äüñĝ Μÿäț Țĥü :
စိတ်ပျက်ဖို့ကောင်းတဲ့ငါတို့ဘဝပါ..ဘာပဲဖစ်ဖစ်5tin per😥
2026-09-09 02:30:31
0
valentine_softtoy
အရုပ်ဆိုင်-(3)09689727195 :
😢 ငါတို့ မြန်မာပြည်သား ဘဝကလဲဟယ်
2026-09-09 02:34:30
0
khin.mar.oo843
Khin Mar Oo :
အဲဒါတို့နေတဲ့အဆောင်ပေါ့
2026-09-08 11:47:42
0
zar.chi.lin4436
Zar chi Lin :
သူများနိုင်ငံမှာ ကြောက်စိတ်နဲနေရတယ်မလွယ်ပါလား😪
2026-09-08 13:11:03
8
canibehim52980
🤫🤫🤌🧠🧠🤏🤏👊 :
သူဋ္ဌေးပြန်မရွေးပေးဘူးလား
2026-09-09 00:16:02
0
hein.min.khant784
😣🤪ကိုကောက်စိန်😝😣 :
ငါတို့ဆိုအိတ်နေတာဘတ်ရှိတာ ေတာင်သတ်နပ်ထောက်ပီခေါ်တာကြောက်စရာ🥺🥺
2026-09-09 05:55:14
0
immai209
MzWL_ :
ဟူး စိတ်မကောင်းဘူး မျက်ရည်ဝဲမိတယ်
2026-09-09 06:41:06
0
user33814585743313
မိန်းမိန်း :
မြန် မာဆိုသူများနိုင် ငံကအရမ်းအထင် သေးခံရတယ်
2026-09-09 02:27:04
0
misoe704
Aye :
ထိုင်နိုင်ငံလဲလုပ်စားမကောင်းတော့ပါဘူး
2026-09-08 11:58:11
0
To see more videos from user @kun.sai92, please go to the Tikwm homepage.

Other Videos


About