@dorae1111: ၂၀၂၂–၂၀၂၆ ဆိုတဲ့ လေးနှစ်တာကာလကြီးက မနေ့တစ်နေ့ကလိုပါပဲလား။ ရက်ပိုင်းလေးကြာရင် ငါတို့ရဲ့ အမိ တက္ကသိုလ်ကြီးနဲ့ ခွဲခွာရတော့မယ်။ ပြန်တွေးကြည့်တိုင်း လွတ်လပ်ပေါ့ပါးစွာ ပျော်ခဲ့ကြတဲ့ အချိန်လေးတွေကို လွမ်းနေရတော့မယ်ထင်တယ်။ ကန်တင်းမှာ ထိုင်ခုံလုခဲ့ကြတဲ့ အချိန်တွေ၊ ခုံမရလို့ ရပ်စောင့်ခဲ့ရတဲ့ နေ့တွေ၊ ညနေကျောင်းဆင်းတိုင်း စက်မှုဇုန်ဘက်က ဆိုင်တွေမှာ အတူတူထိုင်ခဲ့ကြတာတွေ၊ တစ်ခါတစ်လေ မြို့ထဲအထိ လျှောက်သွားပြီး ရယ်မောခဲ့ကြတာတွေ… G&G မှာ သူငယ်ချင်းတွေနဲ့ စုပြီး ခေါက်ဆွဲစားရင်း အကြောင်းအရာမျိုးစုံပြောကာ ရယ်မောခဲ့ကြတဲ့ အချိန်တွေ… March လ စာမေးပွဲနီးတိုင်း ရွက်ခြောက်တွေ ကြွေနေတဲ့ ညောင်ပင်ကြီးကို ကြည့်ရင်း နွေဦးလေရူးနဲ့အတူ စိတ်ကူးတွေ ပျံ့လွင့်ပြီး စာမကျက်ချင်ခဲ့တဲ့ အချိန်တွေ… Supervisor စီလက်မှတ်ထိုးဖို့ဖို့ ဌာနကို အပတ်တိုင်း သွားခဲ့ရတဲ့ နေ့ရက်တွေ၊ ကျောင်းသားရေးရာမှာ အမြဲစောင့်ဆိုင်းခဲ့ရတဲ့ အချိန်တွေ… အဆောင်ထမင်းမကောင်းလို့ စိတ်ညစ်ခဲ့ရတာတွေ၊ အခက်အခဲလေးတွေကြားထဲမှာလည်း အတူတူရင်ဆိုင်ခဲ့ကြတာတွေ… ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်နဲ့ မခွဲနိုင်ခဲ့တဲ့ သူငယ်ချင်းတွေနဲ့အတူ ဖြတ်သန်းခဲ့တဲ့ နေ့ရက်တွေ၊ လမ်းပြသင်ကြားပေးခဲ့တဲ့ ဆရာ၊ ဆရာမတွေရဲ့ မေတ္တာတွေ… အဲ့ဒီအချိန်တုန်းကတော့ သာမန် နေ့ရက်လေးတွေလို့ ထင်ခဲ့ပေမယ့် အခု ပြန်တွေးကြည့်တော့ အားလုံးက တန်ဖိုး မဖြတ်နိုင်တဲ့ အမှတ်တရတွေ ဖြစ်နေခဲ့ပြီ။ ပျော်ရွှင်မှုတွေ၊ ပင်ပန်းမှုတွေ၊ စိတ်ညစ် စရာလေးတွေကို အားလုံးနဲ့အတူ ဖြတ်သန်းခဲ့တဲ့ ဒီလေးနှစ်တာ ကျောင်းသားဘဝကိုတော့ ဘယ်တော့မှ မမေ့နိုင်ပါဘူး။ ထည်ဝါလှတဲ့ မိန်းဆောင်ကြီး… ခမ်းနားနေတဲ့ စာကြည့်တိုက်ကြီးရော… ညနေတိုင်း လမ်းလျှောက်ထွက်ခဲ့တဲ့ ကျောင်းတွင်းကဖြောင့်ဖြူးနေတဲ့ လမ်းတွေ အပါအဝင်….. ကျောင်းကန်တင်းနဲ့ လေးနှစ်တာခိုလှုံခွင့်ပေးခဲ့တဲ့ ကျောင်းဆောင်ကြီးကိုရော….. နှုတ်ဆက်ခဲ့ပါတယ်နော်။ နောက်လာမယ့် ကလေးတွေကို… ever smile ကဦးလေးကြီးလည်း ပိုက်ဆံရှင်းတိုင်း သုည တစ်တစ်လုံးပိုပြောနေမှာပေါ့… ပတ္တမြားက သဘောကောင်းတဲ့ ဦးလေး လည်း တပြုံးပြုံးနဲ့ ပိုက်ဆံ မပါလည်း ထားလိုက်လို့ပြောနေဦးမှာလား….. ရှမ်းလုံမေက အကိုကြီးလည်း နေ့လယ် တိုင် ပိုက်ဆံခြင်း လေးတကိုင်ကိုင်နဲ့ အလုပ်ရှုပ်နေဦးမှာပဲလား….. ရွှေယမင်းက ဦးလေးလည်း သူ့အမျိုးသမီးနဲ့ ဆိုင်က ကလေးတွေကို တတွတ်တွတ် စည်းကမ်း ရှိဖို့ အမြဲ မှာနေဆဲ ပဲပေါ့နော်….. ဟူးးး လွမ်းနေရမှာတွေက အတော်များ သား.. ဒီနေရာ… ဒီအရပ်လေးကိုတော့ အမြဲသတိရနေမှာပါ။ တစ်နေ့နေ့မှာ တိုက်ဆိုင်မှုတစ်ခုကြောင့် ဒီအရပ်လေးကို ပြန်ရောက်ခဲ့ရင်တောင်… တစ်ချိန်က ရင်ခုန်ခဲ့ရတဲ့ ခံစားချက်တွေ၊ ရယ်မောခဲ့ရတဲ့ အမှတ်တရတွေက အရင်လိုပဲ လတ်ဆတ်နေဦးမလား… ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာလေးကတော့ ငါတို့ရဲ့ အလှဆုံး ကျောင်းသားဘဝ တစ်ပိုင်းကို သိမ်းဆည်းထားတဲ့ နေရာလေးအဖြစ် အမြဲရှိနေမှာပါ။ 🤍 #fyp #မိတ္ထီလာစီးပွားရေးတက္ကသိုလ်💕💕 #views
Pyae Sone
Region: MM
Tuesday 08 September 2026 11:53:40 GMT
Music
Download
Comments
Chi Chi :
ကျောင်းfirst yr စတက်တော့ ဒီလိုအချိန်ကိုရောက်ချင်ခဲ့တယ် paper တွေ၊ Presentation တွေ စာမေးပွဲတွေနဲ့ ပင်ပန်းတဲ့နေ့ တွေမှာ မြန်" ကျောင်းပြီးချင်ပြီ လို့ တွေးခဲ့ဖူးတယ်။ အခု တကယ်သူငယ်ချင်းတွေနဲ့ ခွဲရတော့မယ်ဆိုတော့ အဲ့ဒီနေ့တွေကိုတောင် ပြန်သွားချင်မိတယ်
၄နှစ်တာဟာ ခနတာလေးပါပဲ
2026-09-08 12:06:54
4
ever smile 😊 :
ကျောင်းပြီးသွားလဲဦးလေးကြီးတို့ကတော့ever welcome ပါပဲ
2026-09-09 14:13:46
5
Aung Myint Myat :
ဖတ်ရင်းငိုနေလို့ အခန်းကိုတစ်ရှူးလာပေးဦး
2026-09-08 11:59:29
3
@Kham😶🌫️ :
တူတူပါဘဲကွားအချန်တေကုန်မြန်တယ်☺️
2026-09-11 06:54:32
1
Hein HZ :
ထိတယ်ကွာ
2026-09-08 12:03:42
2
Zin Min Paing :
လာတော့မယ်ဟေ့ မကြာတော့ဘူး🥰🥰
2026-09-10 13:34:47
1
Thin🌸 :
၄နှစ်တာအချိန်ကမြန်လိုက်တာ တစ်နေ့တစ်နေ့နင်တို့နဲ့ရန်ဖြစ်လိုက် မြို့ထဲသွားလိုက် မုန့်ထွက်စားလိုက်နဲ့အချိန်ကုန်လာခဲ့တာ အခုဆိုရင်ခွဲရမဲ့အချိန်တောင်ရောက်လာတော့မယ် Uni lifeရဲ့အကောင်းဆုံးအမှတ်တရတွေကုပိုင်ဆိုင်ခွင့်ရခဲ့တဲအတွက် အမြဲတမ်းနင်တို့ကိုသတိရနေမှာပါ🫶🏻
2026-09-08 14:50:49
2
Liezel :
ဘဝရဲ့အကောင်းဆုံးအမှတ်တရတွေဖန်တီးလို့ရတဲ့Uni life မှာနင်တို့တွေနဲ့ခင်မင်ခွင့်ရပြီးအတူတူအမှတ်တရတွေဖန်တီးခွင့်ရလို့အရမ်းပျော်တယ် အိမ်ပြန်ရောက်ရင်လဲအကုန်လုံးကိုလွမ်းနေရတော့မယ်ကွယ်
2026-09-08 12:08:01
1
သိန်းသန်းကမ္ဘာ ချည်ထည်ပင်ရင်း :
🥰🥰🥰
2026-09-09 07:54:36
1
To see more videos from user @dorae1111, please go to the Tikwm
homepage.
© 2021-2026 TikWM. All rights reserved.