@sitisuhaibah287: #Khit Thit သတင်းဌာန၏ စက်တင်ဘာ ၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ NLD အစိုးရလက်ထက်က ကာ/လုံမခေါ်ဘဲ နိုင်ငံတော်ကို တစ်ဦးတည်း ဆုံးဖြတ် အုပ်ချုပ်နေမှုဟာ အန္တရာယ်ကြီးတယ်ဆိုပြီး ပြောဆိုခဲ့တဲ့ မင်းအောင်လှိုင်က သူကိုယ်တိုင် သမ္မတရာထူး အတင်းအကျပ် လုယူပြီးနောက် ၅ လအတွင်း ကာ/လုံအစည်းအဝေး ထပ်မံ ခေါ်ယူဖို့ လေသံတောင် မဟတော့ဘူးလို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောလာပါတယ်။ ကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီရဲ့ တနင်္သာရီတိုင်း လွှတ်တော်အမတ် ၂ ဦးကို စစ်တပ် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က အမတ်ရာထူးကနေ ဖယ်ရှားလိုက်ပြီး ကြံ့ဖွတ်ပါတီ အမတ် ၂ ဦးနဲ့ အစားထိုးလိုက်တယ်လို့ စစ်တပ်လက်အောက်ခံ ရွေကောက်ပွဲကော်မရှင်က ကြေညာလာပါတယ်။ -နေပြည်တော်က ကားအငှား ဝန်ဆောင်မှုပေးတဲ့ ကိုဝင်းကို ဆိုသူကို ပစ်သတ်သွားသူဟာ စစ်တပ်ရဲ့ နေပြည်တော်လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့က ဒုရဲအုပ် ရဲရင့်အောင်ဖြစ်နေပြီး ခြောက်လုံးပြူး သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်တယ်လို့ ရဲသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောလာပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက အီရန်နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကို ဘေးဖယ်ထားပြီး စီးပွားရေးဖိအား၊ ပိတ်ဆို့အရေးယူမှုနဲ့ ပင်လယ်ရေကြောင်းပိတ်ဆို့မှုတွေကို တိုးမြှင့်လုပ်ဆောင်လာ တာကြောင့် အီရန်ဘက်ကလည်း စစ်ရေးအရ တုံ့ပြန်ဖို့ အကြီးအကျယ် ပြင်ဆင်လာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။ @💕ကိုကိုရဲ့ညီမလေး💕👬

💕ကိုကိုရဲ့ညီမလေး💕👬
💕ကိုကိုရဲ့ညီမလေး💕👬
Open In TikTok:
Region: MY
Tuesday 08 September 2026 11:55:47 GMT
43749
1708
15
58

Music

Download

Comments

blank.and.white3
blank and white :
2026-09-08 12:28:39
1
sohile665
Sohile :
2026-09-08 12:47:26
0
jsjsjsj1253
ko ko chit :
သမတ. ရပြီလေ ကာလုံဘာလို့ခေါ်မှာလဲ ပေးရမှာ စိုလို့လေ
2026-09-08 13:11:46
0
utinssyxlwj
utinssyxlwj :
အာဏာ ရှင်လေ
2026-09-08 13:42:04
0
ko.lwin849
ko lwin :
ရေနံချောင်အတွေးတွေးအုန်ကြီးတွေကိုလားပီးလုပ်းပေးကြာလိုတောင်စိုချင်ပါးတယ်
2026-09-08 13:56:30
0
ko.lwin849
ko lwin :
အဲပိုတွေလုပ်းမပြောကြာဘားနက်နော်
2026-09-08 13:55:25
0
user6261114727686
ဝေဠု :
သေနပ်ပေါတဲ့မြန်မာနိုင်ငံ
2026-09-08 14:46:12
0
phyo.mg6272
Phyo Mg :
😳😳😳
2026-09-08 14:00:20
0
ukalyana
Bhone Bhone :
🥰🥰🥰
2026-09-08 14:48:41
0
u.aye.win996
U Aye Win :
😳😳😳
2026-09-08 14:52:36
0
user8400990177618
user8400990177618 :
🥰🥰🥰
2026-09-08 13:35:42
0
user1637361268082
naymyo :
😂🤣🤣
2026-09-08 15:38:11
0
umyintwai138
umyintwai138 :
[Innocent][Innocent][Innocent]
2026-09-08 14:02:34
0
aung08371
Aung :
🥰🥰🥰
2026-09-08 12:36:14
0
To see more videos from user @sitisuhaibah287, please go to the Tikwm homepage.

Other Videos


About