@cuckoo2114: #တဒါသိ ယံ ဘိံသနကံ တဒါသိ လောမဟံသနံ၊ သဗ္ဗာကာရဝရူပေတေ သမ္ဗုဒ္ဓေ ပရိနိဗ္ဗုတေ ___________________________________ ညီတော် အာနန္ဒာ ရင်ထဲမှာ စို့နင့်ကြေကွဲစွာနဲ့ ရွတ်ဆိုတာက _____________________________ သဗ္ဗာကာရဝရူပေတေ — အလုံးစုံ မြင့်မြတ်ကြီးမားအပ်သည့် ကောင်းရာအဖိုးမို ကျေးဇူးဂုဏ်တွေနဲ့ပြည့်စုံကျော်ကြားတော် မူပါပေထသော။ သမ္ဗုဒ္ဓေ — ငြိမ်းအတ်တဲ အပိုင်ခြား သိမြင် နောင်တော် ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်။ ကုသိနာရံပိ — ကုသိနာရုံ ယဂုံသာမော အင်းကြင်းတောကြီးထဲမှာ။ ပရိနိဗ္ဗုတေ — ပရိနိဗ္ဗာန်ဝင်စံ ချုပ်ငြိမ်း ရုပ်သိမ်းတော်မူသွားသည် ရှိသော်။ တဒါ — ထိုအခါကာလမှာ။ ဘိံသနကံ— ကြောက်ဖွယ်ထန်ပြင်း တုန်လှုပ်ခြင်းသည်။ အာသိ — ဖြစ်ခဲ့ရပါပြီတဲ့။ လောမဟံသနံ — ကြက်သီးမွေးညှင်း ထခြင်းသည်လည်းပဲ။ အာသိ — ဖြစ်ခဲ့ရပါပြီ။ သဗ္ဗာ — အလုံးစုံကုန်သော။ ဒိသာ — အရပ်မျက်နှာတွေဟာ။ မုယှန္တိ — ဝေဝါး ကုန်ကြပါပြီ။ တဒါ — ထိုမြတ်စွာဘုရားရှင် ကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံရာ မလ္လမင်းတို့၏ အင်းကြင်းတောကြီးထဲမှာ။ အပ္ပေကစ္စေ — အချို့ကုန်သော။ ယေ ဘိက္ခု — အကြင် ရဟန်းတို့သည်။ အဝီတရာဂါ — ရာဂမကင်းကြကုန်သေး။ တေ ဘိက္ခု — ထို ရာဂမကင်းကြသေးတဲ့။ _____________________________________ ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ် ရဟန်းတို့သည်။ ______________________________________ ဗာဟာ — လက်မောင်းတို့ကို။ ပဂ္ဂယှ — မြှောက်ကြ မြှောက်ကြကုန်သည်ဖြစ်၍။ ကန္ဒန္တိ — ငိုကြွေးနေကြတယ်။ ဆိန္နပပါတံ — ကမ်းပါးပြတ်က ကျသကဲ့သို့။ ပပတန္တိ — မြေကြီးမှာ လဲကျပြီးတော့ ငိုပွဲဆင်ကြကုန်ပြီ။ အာဝဋ္ဋန္တိ — ရှေ့သို့ လှိမ့်၍ လှိမ့်၍ ငိုကြွေးကြတယ်တဲ့။ ဝိဝဋ္ဋန္တိ — နောက်ပြန် လှိမ့်လှိမ့်ပြီးမှ မြေကြီးလူးပြီးတော့ ငိုကြတာ၊ နှမြောလွန်းလို့။ #ဖိုးလမင်းဆရာတော်အရှင်စန္ဒောဘာသ
ကြယ်ကလေး (အိုင်ကြီး) စာရေးဆရာ
Region: MM
Tuesday 08 September 2026 13:04:49 GMT
Music
Download
Comments
Ashin :
🙏🙏🙏
2026-09-09 00:20:56
0
To see more videos from user @cuckoo2114, please go to the Tikwm
homepage.