@mashwekyawt2: အဲ့ဒီနေ့ကပေါ့အမေ့သမီးသိပ်ဖြစ်ချင်တဲ့ဒီဇိုင်ဆရာမကြီးဖြစ်နေပီ ပရဟိတထွက်ပီးကလေးတေဆံပင်လိုက်ညှပ်ပေးနေတဲ့ချိန် phတေဆက်တိုက်ဝင်လို့ဘာများလည်းဘာဖြစ်လို့လည်းဆိုတဲ့စိတ်နဲ့phကိုင်လိုက်တော့အငယ်မကငိုရင်းမမတို့အိမ်ပေါ်လက်နက်ကြီးကျတယ်တဲ့အဲ့အချိန်ထိဘာမှမဖြစ်သေးဘူးအိမ်ဆိုတာပြန်ဆောက်လို့ရတယ်ဆိုတဲ့အသိ ဒါမဲ့မမနင်ခံနိုင်ရည်ရှိမှဖြစ်မှာမမအဖေရောအမေရောလက်နက်ကြီးထိသတဲ့အဆိုးဆုံးထိတွေးတာတောင်အမေ့သမီးကဒဏ်ရာရရံုလောက်ပေါ့ ခုရောအဖေတို့အမေတို့ဘယ်မှာတဲ့လည်း​အသဲသန်phတေဆက်phလိုင်းတေကဖျက်ထားတာ အဖေနဲ့အမေကဘယ်မှာလည်းမေးဘယ်သူမှမဖြေ သတင်းကအမှားကြီးနေမှာပါဆိုပီးအရူးမကြီးတယောက်လိုပြေးသွားလို့မရ ငါ့အဖေနဲ့အမေပံုလေးရိုက်ပို့ကြပါဆိုပီးသွေးရူးသွေးတန်းတေပြော နောက်ဆံုးအတိအကျသိရတာကညနေ3နာရီအဲ့အချိန်မဟုတ်ပါစေနဲ့လို့ရှိတဲ့ဘုရားတေဆီဆုတောင်းရတာ ရသမျှဘုရားစာတေရွတ်ရတာသမီးဆုတောင်းမပြည့်ခဲ့ဘူးအဖေနဲ့အမေတခါတည်းတန်းမြေမြုပ်လိုက်သတဲ့ရင်တေနာလိုက်တာ နောက်ဆုံးချိန်ထိများကြောက်နေမလားသူ့သမီးကိုယ်ဘဲတွေးနေမလား အမျိုးတေတယောက်မှမပါဘဲတွေ့ခွင့်မရှိဘဲ မြေမြုပ်လိုက်ကြသတဲ့အမေဘာတေများပြောချင်နေမလည်း တွေးလိုက်တိုင်းနာကျင်တယ် အရမ်းလွမ်းတယ် အဖေနဲအမေအသံလေးတခါလောက်ကြားချင်တယ် သရဲကြောက်တဲ့အမေ့သမီးကအဲ့တုန်းကသမီးဆီလာပါဆိုပီးငိုတဲ့ထိလူတေကအချိန်တန်ရင်သေခွဲခွဲရမှာဆိုပေမဲ့ ခုကမတရားဘူးမလား တစ်ယောက်တည်းဆိုတဲ့ခံစားချက် ဘယ်သူမှမရှိတော့ဘူးဆိုတဲ့ခံစားချက် ရူးမတတ်ဘဲညဘက်တေ အိပ်မပျော်တဲ့ရက်တေများလာတယ် မျက်လံုးမှိတ်ပေမဲ့မြင်ယောင်နေတုန်းလေ ဒီသမီးကအများကြီးလုပ်ပေးချင်သေးတာ လွမ်းတယ် အရမ်းလွမ်းတယ် ညအိပ်တိုင်းအိပ်မက်ဖြစ်ပါစေလို့ဆုတောင်ရတာအမော@Kyawt Kyawt V47(HairDesigner)

Shwe Kyawt 🐷💦
Shwe Kyawt 🐷💦
Open In TikTok:
Region: MM
Tuesday 08 September 2026 13:33:29 GMT
1323911
114114
3351
2389

Music

Download

Comments

bmsmmh
Hsu :
လက်နက်ကြီးကျတော့ တရွာလူံးမာ တို့အဖေနဲ့အမေပဲထိပီး ရွာမာအမကအဖေ့ကိုသဂြိုလ်နေချိန် ညီမဖစ်တဲ့ကိုယ်က အမေ့ကို မြို့ဆေးရုံခေါ်ပီး အရေးပေါ်အခန်းထဲပို့နေရတာရင်ထဲအနာဆုံး😔 အဖေဘလိုဖစ်သွားလဲကြည့်ချိန်မရှိ ညီမနှစ်ယောက် တယောက်ကိုတာဝန်တခုဆီနဲ့ အသက်ရှင်ဖို့ရုန်းကန်နေရတဲ့အမေ့ကိုပဲဆေးရုံပို့ခဲ့ရတဲ့အခါ အဖေ့ကိုတောင် လူနာတင်ကားဘေးကနေ ထိုင်ကန်တော့ခဲ့ရတဲ့အခိုက်အတန့်တွေ..
2026-09-09 07:00:55
2924
thoon.yati.khit4
NyiNyi Htwe :
ဒါတွေကိုရိူးပွဲဇာတ်ပွဲတွေဖုံးထာတာငိုသံတွေမကြားကြတာလားမကြားချင်ယောင်ဆောင်နေကြတာလား
2026-09-09 04:16:30
1386
zin.lay59881
Zin Lay🍓🇲🇲🇸🇬🍓 :
ဖုန်းဖွင့်ဖွင့်ချင်း မြင်လိုက် ဖတ်လိုက်ရတာ ရင်ထဲကို စို့နင့်သွားတာပဲ ညီမလေးရယ် အားတင်းထားပါနော်🥹🥹🥹🥹🥹
2026-09-08 23:41:54
883
yinyinthantzin832021
🐘🍀yin1225🍀🐘 :
ညီမလေးရေ ညီမလေးနဲ့ဘဝတူအမရှိပါတယ် ပီးခဲ့ဝါဆိုလဆန်း၈ရက်နေ့ကပဲ အမရဲ့မိဘနှစ်ပါးလုံးအက်ဒီလက်နက်ကြီးအိမ်ပေါ်ကျပီးဆုံးသွားခဲ့ပီ ကိုယ်ချင်းစာတယ် ဘယ်လောက်တောင်အရူးတပိုင်းဖြစ်နေမလဲလို့ ကိုယ့်တုန်းကလည်းဆောက်တည်ရာမရခဲ့ဘူး ပြန်လို့မရပြေးတွေ့လို့မရ အနီးနားရှိတဲ့အဒေါ်တို့တောင်သွားမတွေ့ရဘူးအခြေနေကအက်လောက်ဆောင်ဆိုးသွားခဲ့တာပါ ခုချိန်ထိတနေ့မှမမေ့ခဲ့ဘူး အဖေနဲ့အမေဘယ်လောက်များကြောက်နေမလဲလို့တွေးမိတိုင်းရင်နင့်တယ် မေတ္တာပို့အမျှဝေတိုင်းရင်နင့်တယ်
2026-09-08 23:11:32
305
user39379044302364
စု :
ကိုယ့်မိဘဆိုဆိုရင်ဆိုတဲ့စိတ်နဲ့တောင်ဘလိုမှမခံစားနိုင်ဘူးအမရယ်၊အားတင်းထားပါနော်
2026-09-08 15:37:44
647
chithninwai6741
September :
တို့ရန်ကုန်လာကြည့်ကြပါဦး ပျော်ပွဲရွှင်ပွဲတွေနဲ့ အရမ်းနေနိုင်စိမ့်ကြတယ် အင်းးးး😭မတရားဘူး
2026-09-09 16:02:34
62
hwdm94
ကောက်စိန် 🙂‍↔️😣 :
ရင်ထဲနင့်နေတာပဲ အမရယ် အားတင်းထားပါ 😔😔
2026-09-08 15:54:56
39
sunflower67197
ဒေါ်အေး🐷 :
ကျမတူလေးတေအဖေလည်း အဲ့လိုပဲဆုံးသွားတာအလှုအိမ်မှာကူလုပ်ပေးရကနေ ခု့ချိန်ထိလည်းသူ့ဖေဖေကိုမျှော်နေကြတုန်းပဲ တွေးလေရင်နာလေငိုရလေပဲ🥹🥹😭😭 သူ့သားလေးနှစ်ရောက်အရမ်းချစ်တာ သူစိတ်ကူးယဉ်ထားတာအများရီးပဲ တခု့မှဖစ်မသွားရရှာဘူး🥹😭
2026-09-09 01:52:09
55
khant.myat.htal
Khant Myat Htal :
2026-09-09 23:50:39
79
dee383934
DiDee :
အဖေဆုံးပီဆိုတဲ့ သတင်း ကြားလိုက်တုန်းကလည်း လောကကြီးအမှောင်ကျသွားသလိုပဲ ဒါမဲ့ အမေရှိသေးတာပဲဆိုတဲ့ အသိလေးနဲ့ ရှင်သန်နိုင်ခဲ့ပေမယ့် အမေ့ကျရင်ကော ခံနိုင်ရည်ရှိပါ့မလား တွေးကြည့်ရင်တောင် ရူးမတတ်ခံစားရတာမို့ အဲ့အချိန်ရီးကို မရောက်ချင်ဆုံးပါပဲ🥺
2026-09-08 23:03:06
123
daw.lay.zin.zin56
🇲🇲မိဇင်🇲🇾🇲🇾 :
မနက်စောစောတွေ့တယ်မမရယ်စိတ်မကောင်းပါဘူးရှင့်🥺😢
2026-09-08 21:15:28
44
minthuhein098
Min Thu HeinV47 :
သူငယ်ချင်းလေးငါတို့ရှိတယ်နော်💪🥹အားမငယ်နဲ့
2026-09-08 17:57:39
15
ashinvijiya2
♥️𝕬𝖘𝖍𝖎𝖓 𝖁𝖎 𝕵𝖎 𝖄𝖆 ♥️ :
စာလေးဖတ်ပြီး ဦးဇင်းတောင်မျက်ရည်ကျမိတယ်။ ဖိုက်တင်းပါ။ ကောင်းရာဘုံသို့ရောက်ပါစေ။
2026-09-09 04:13:09
25
ah.nyein1999
Âħ Ñýëïń ❤️‍🔥 :
Fighting par ကောင်မလေးရယ် ပြောစရာစကားတောင် မရှိတော့ဘူးရှင်🥺
2026-09-09 00:34:28
19
piggy_dardar
May Nandar Hlaing🤎🍀 :
ဘယ်လိုစကားမျိုးနဲ့နှစ်သိပ့်ပေးရမလဲတောင်မသိတော့ဘူးအမရေ ကိုယ်တိုင်လဲစစ်ဖြစ်တဲ့နေရာကနေဒုက္ခပေါင်းစုံနဲ့အသက်လွတ်အောင်ပြေလာခဲ့ရတဲ့အတွက် ဒီလိုမျိုးအဖြစ်မျိုးတွေကိုလက်မခံနိုင်ဘူး ဦးလေးနဲ့အန်တီကောင်းမွန်တဲ့ဘဝကိုရောက်ရှိပါစေနောင်ဘဝတွေလူလာဖြစ်ရင်အခုလိုအဖြစ်ဆိုးမျိုးနဲ့မကြုံရပါစေနဲ့လို့စိတ်ရင်းနဲ့ဆုတောင်းပေးပါတယ်🙏😭
2026-09-08 16:20:26
49
ayenandaroo451
Aye Nandar Oo :
ရင်ထဲဆို့သွားတာပဲ မျက်ရည်ပါကျမိတယ် ဖိုက်တင်းပါကောင်မလေးရေ💪
2026-09-09 11:42:11
13
cmw11526
𝗠 👻❤️‍🔥 :
ရှိနေတုန်းမာ တန်ဖိုးထားကြပါ မိဘမေတ္တာမစော်ကားမိကြပါစေနဲ့ လူရယ်လို့ဖစ်လာရင်ခနတာအတွင်းချစ်ချင်ခင်ခင်နေကြပါ ရည်းစားတေထားပိးမိဘတေကိုပုန်ကန်နေကြတဲ့သားသမိးတေ တွေ့ရင်တကယ်ကိုစိတ်မကောင်းရတယ် 💔
2026-09-09 02:25:26
7
ayepwintthu2
Aye Pwint Thu :
စိတ်မ ကောင်းလိုက်တာ အမတို့ဒီနိုင်ငံမှာ ဒီလိုမိသားစု မစုံမလင် တွေတအားများ နေကြပြီ ကြုံဖူးသူ တွေပဲကိုယ်ချင်းစာနိုင်ကြတာ တွေ..စစ် ရှောင်ရတဲ့ဒုက္ခ တွေ ကော..
2026-09-11 13:51:11
7
thwe.thwe4724
THWE THWE :
မိဘနဲ့ပတ်သတ်လာရင် ဘယ်လိုမှ ခံစားလို့မနိုင်တာပါ မိဘတွေမပျော်နေကြဘူးလို့ခံစားရရင်တောင်မျက်ရည်ကျရတယ် ထပ်တူမဟုတ်တောင် နားလည်ပေးပြီးကိုယ်ချင်းစာပေးနိုင်ပါတယ် အားတင်းပြီးရှေ့ဆက်ပါနော် ရှေ့လျှောက်လဲ မေတ္တာအစစ်အမှန်ပေးမဲ့သူတွေနဲ့ပဲ ဆုံပါစေ 🙏🙏🙏
2026-09-08 16:26:18
26
cxaw.su7
cxaw su💜 :
ကို့ဘက်နယ်ကို့ရွာလဲ လိုင်းကမရစစ်ကအမြဲဖစ်နေရတာပြေးရပြန်ကပ်ရကိုယ်မှအိမ်နေရင်လဲငတ်မှာမို့နိုင်ငံခြားထွက်အလုပ်လုပ်ပီးလုပ်စားမရတဲ့ချိန်စားဖို့ရအောင်ရှာနေရ အငယ်ဒေကျောင်းစရိတ်နဲ့အေးချမ်းတဲ့နေရာမှာထားချင်ပေမဲ့အလုံအလောက်မရှာနိုင်သေးတော့ မငြိမ်းချမ်းတဲ့နေရာမှာပဲမိဘဒေရှိတော့အဆက်သွယ်မရတာကြာရင်ဘာဖစ်နေပီလဲစစ်ဖစ်နေပီးကို့မိဘဒေပါထိခိုက်မိမှာအကြောက်ဆုံးပဲ ဒီအစ်မကလက်တွေ့ဖစ်သွားတော့ဘယ်လိုတောင်သောကမီးဝေနေမလဲ😥
2026-09-09 06:57:01
18
maphyokaykhaing
kay kay :
မျက်ရည်ကျမိတယ်မမရယ်
2026-09-08 15:51:57
10
theint.theint0893
Theint Theint🇯🇵🇯🇵🇯🇵 :
အဲ့ခံစားချက်ကိုအရမ်းမုန်းတာပဲ🥺🥺🥺
2026-09-09 02:40:41
13
zawy59
CMyae :
ဖိုက်တင်းပါကွယ် ကိုဆိုလည်း 7တန်းနှစ်က မနဘနှစ်ပါးလုံး ရေမျှောပီးဆုံးသွားခဲ့တာ ကိုကလည်းငယ်သေး ရေတွေကမကျသေးတော့ မိဘတွေရဲ့အလောင်းကိုလည်းမမြင်ခဲ့ရဖူးမြှုပ်ထားတဲ့သင်္ချိုင်းတောင် ခုထိတိကျမသိရဘူး မှန်းခြေလောက်ပဲသူများပြောလို့သိခဲ့ရတာ သားသမီးတွေကိုသိပ်ချစ်တဲ့အဖေနဲ့အမေ နှစ်ရက်သုံးရက်လောက်မတွေ့ရရင် လွမ်းပါတယ်ဆိုပီး ခနခနအိမ်ပြန်လာကြတဲ့အဖေနဲ့အမေ မချမ်းသာပေမဲ့ ချစ်ခြင်းမေတ္တာတွေချမ်းသာမှုအပြည့်နဲ့ပျိုးထောင်ခဲ့တဲ့အဖေနဲ့အမေ တွေးမိတိုင်းမျက်ရည်ကျရ ငိုမိတုန်း သူ့သမီးလေး ပထမဆုရတာမြင်ဖူးချင်လိုက်တာတဲ့လေ သူတို့ဆုံးပါးသွားတဲ့နှစ်မှာ ကိုယ်ကပထမရလေတယ် မိဘမရှိပေမဲ့ အဖေနဲ့အမေအတွက်ဆိုပီးး ပိုကြိုးစားဖြစ်ခဲ့တယ် မရှိတော့ပေမဲ့ အဖေနဲ့အမေ့ရဲ့ဂုဏ်ကိုရစေချင်လို့ အဖေနဲ့အမေလို့ပတ်ဝန်းကျင်ကပြောလိုက်ရင်ကောင်းသတင်းတွေကြီးပဲမို့ သမီးလည်း ဘယ်သူ့သမီးဆိုပီး ဂုဏ်ယူနိုင်အောင် ကြိုးစားဆဲကြိုးစားနေတဲ့သမီးပါ အဖေနဲ့အမေရေ များကြီးလွမ်းတယ် သတိမရတဲ့ရက်ဆိုတာမရိခဲ့ဘူး အဖေ့သမီးအကြီးမနဲ့အဖေ့သားကြီးဆိုအိမ်ထောင်ကျပီး အဖေ့သမီးကြီးမှာ သားလေးတစ်ယောက်ရလို့ အဘိုးနဲ့အဘွားတောင်ဖြစ်နေပီ အဖေနဲ့အမေရေ အဖေနဲ့အမေထားခဲ့တုန်းက အမေ့သားငယ်နို့စို့ကလေးက အခု လူပျိုကြီးဖြစ်နေလေပီ အဖေနဲ့အမေသားရှိနေသေးရင် ပြောမဆုံးမှာမဟုတ်ဘူး အဖေနဲ့အမေ့ရဲ့သားသမီးတွေလိမ်မာကြတယ်ဆိုတာသိစေချင်လိုက်တာ နောက်တစ်ကြိမ်လူဖြစ်ခွင့်ရမယ်ဆို အဖေနဲ့အမေရဲ့ ကလေးအဖြစ်ကြန်မွေးဖွားလာချင်တယ် ရောက်ရာအရပ်ကနေ သာဓုခေါ်ဆိုနိုင်ပါစေ အဖေနဲ့မေရေ သမီးတို့ကိုထားခဲ့တာအခုဆို 10နှစ်ပြည့်ဖို့လပိုင်းပဲလိုတော့တယ် အရမ်းပင်ပန်းတယ်အဖေနဲ့အမေရယ် နေ့တိုင်းသတိရတယ် တွေးမိတိုင်းငိုရတယ် အိပ်မက်ထဲ အဖေနဲ့အမေကိုမြင် ေနတုန်းလိုက်ရှာနေတုန်း အပြင်မှာတွေ့ခွင့်မရှိတော့ အိပ်မက်ထဲကျ အဖေနဲ့အမေဆိုပီး အော်ခေါ်မိတယ် သူများတွေလို ကို့အဖေအမေဆိုပီးခေါ်ခွင့်အများကြီးမရခဲ့တော့ သူငယ်ချင်းမိဘတွေကို အဖေနဲ့အမေလို့ ခေါ်မိတယ်
2026-09-22 16:20:06
1
py192018
🍇 မီးမီး 🍇 :
ကိုယ့်မိဘတွေသာဆိုရင်ဆိုတဲ့ အတွေးလေးနဲ့တင်ဘငါတော့ရှူးတော့မယ်🥺🥺🥺🥺
2026-10-01 18:17:37
1
setnaing26996
🔹🔸Myo Sett Naing🔸🔹 :
ကောင်းရာဘုံဘဝရောက်ကြပါစေဗျာ ကျတော့်အဖေနဲ့အမေလည်း မတရားဖမ်းဆီးပြီးထောင်ထဲထည့်ထားကြတယ် 😥
2026-09-13 01:24:23
1
To see more videos from user @mashwekyawt2, please go to the Tikwm homepage.

Other Videos


About