@khunmyoaung284: "" ရင့်ကျက်စွာ ချစ်ပါ "" အသက်ရွယ် ရလာတာနဲ့အမျှ လူတွေဟာ ရင့်ကျက်လာသလို အချစ်ကိစ္စမှာလည်း ရင့်ကျက်လာသင့်တယ်။ အသက်ရွယ်ငယ်တဲ့အချိန်နဲ့ စတွဲတုန်းကလို ပေါ့ပေါ့တန်တန်နေလို့ရပေမယ့် အရွယ်တစ်ခုရလာရင် တည်ငြိမ်သင့်ပြီမဟုတ်လား...။ နှစ်တွေအကြာကြီး တွဲလာခဲ့ကြတဲ့လူတွေ ၊ စချစ်ကြတုန်းကတော့ အမြဲတပူးပူး တတွဲတွဲနေချင်ကြမယ်။ ဖုန်းအမြဲပြောမယ် ၊ ပိတ်ရက်တိုင်း Date ကြမယ် ၊ စိတ်ဆိုးမယ် ၊ စကားများမယ် ပြီးရင် ပြန်ချစ်မယ်။ ဒါက ပုံမှန်ပါပဲ။ အရွယ်တစ်ခုရောက်လာရင်တော့ ကလေးဆန်နေလို့ မရတော့ပါဘူး။ တကယ်ချစ်ရင် နီးစပ်ဖို့လည်း ကြိုးစားရဦမယ်။ အမြဲတမ်း ချစ်သူရည်းစားဘဝနဲ့နေဖို့ အဆင်မပြေဘူး။ အစပိုင်းတုန်းက အချစ်ကြောင်းတွေ ပြောခဲ့ပေမယ့် နောက်ပိုင်းမှာ အလုပ်ကိစ္စတွေ တိုင်ပင်သင့် တိုင်ပင်ရမယ်။ ရှေ့ရေးအတွက် Plan တွေ ချရမယ်။ နှစ်ယောက်ခွဲရတာတွေလဲ ကြုံလာရမယ်။ ဒါတွေဟာ ပိုနီးစပ်ဖို့ဆိုတာ နားလည်ရမယ်။ မပြည့်စုံဘဲ လက်ထပ်တဲ့အခါ ရေရှည်အဆင်ပြေနိုင်မှာ မဟုတ်ဘူး။ လူတချို့က ချစ်တယ်တစ်ခုပဲ ပြောတတ်တာ... ဘယ်တော့မှ နီးစပ်အောင် မကြိုးစားဘူး။ အနာဂတ်မှာအတူရှိနိုင်ဖို့ ဘယ်တော့မှ အားမထုတ်ဘူး။ ဒီလိုလူဆီမှာ ဘယ်သူကယုံကြည်ပြီး တစ်ဘဝလုံးစာ နေထိုင်ရဲပါ့မလဲ...။ အသိတစ်ယောက်ရဲ့ Relationship တစ်ခု ၊ ၇ နှစ် တွဲကြတယ် ။ ဒါပေမယ့် ကောင်မလေးဘက်က ရုတ်တရက် အဆက်အသွယ် ဖြတ်ချလိုက်တယ်။ ကောင်လေးဘက်က ချစ်ပေးနေရက်နဲ့ သူမက သိပ်ရက်စက်တာပဲလို့ လူတိုင်း ထင်ကြမယ် ။ ဒါပေမယ့် သူ မမှားဘူး။ ကောင်လေးက အရင်တည်းက အလုပ်အတည်တကျ မရှိဘူး။ သူမဟာ ဆယ်ကျော်သက်ဘဝတည်းက သူ တစ်ယောက်တည်းကို ချစ်လာတာ ၊ သူ့ရဲ့ နုပျိုမှုတွေအားလုံးကို ဒီတစ်ယောက်တည်းနဲ့ ကုန်ဆုံးလာတာ။ နေ့တိုင်း သူပြောင်းလဲလာနိုးနဲ့ ၇ နှစ်အထိ ချစ်ခဲ့တယ်။ အနာဂတ်မှာ အာမခံချက်မရှိတဲ့ လူတစ်ယောက်ကို တစ်သက်လုံးစာ သူ မမှီခိုရဲခဲ့ဘူး။ လူ့ဘဝက ချစ်တာတစ်ခုတည်းပြောတတ်ရုံနဲ့ အဆင်မပြေနိုင်ပါဘူး ။ ယောက်ျားတစ်ယောက်အတွက် အသက်(၃၀)ဆိုတဲ့အသက်ဟာ မပြောပါးလောက်ပေမယ့် အမျိုးသမီးတစ်ယောက် အတွက်အရွယ်တစ်ခုရောက်နေပြီ။ တစ်ခါတလေမှာ အမျိုးသမီးတို့ရဲ့ အသဲနှလုံးဟာ မာသင့်သလောက်မာရမယ်။ ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ဆူးပုံထဲ ခုန်ဆင်းခဲ့တဲ့ အမျိုးသမီးတွေဟာ အများသား မဟုတ်လား။ အချစ်စစ်မှာ ပိုက်ဆံလိုလို့လားလို့ မေးကြလိမ့်မယ်။ သူ့နေရာနဲ့ သူကတော့ မဖြစ်မနေ လိုအပ်တာပါပဲ။ သိပ်ချစ်ပါတယ်ဆိုတဲ့ လူနှစ်ယောက် ၊ income အလုံအလောက်မရှိဘဲ တစ်အိုး တစ်အိမ် ထူထောင်လိုက်တဲ့အခါ သိပ်မကြာခင် ပြိုကွဲသွားကြတာပဲ မဟုတ်လား...။ 💌 ဒါကြောင့် အသက်ရလာတာနဲ့အမျှ လူတွေဟာ ရင့်ကျက်လာသလို ၊ အချစ်တွေကလည်း ရင့်ကျက်သင့်သလောက် ရင့်ကျက်ရပါလိမ့်မယ်။ ။ သားထွေး 𝙊𝙪𝙧 𝙈𝙚𝙢𝙤𝙧𝙞𝙚𝙨

KHUN MYO AUNG
KHUN MYO AUNG
Open In TikTok:
Region: TH
Tuesday 08 September 2026 16:16:43 GMT
15488
947
12
50

Music

Download

Comments

user2444561250081
user2444561250081 :
right
2026-09-24 03:30:32
1
thawdarsoe67
thawdarsoe :
ဘယ်လိုတောင်ပြောရမလဲ လက်ရှိ ရင်ဆိုင်နေရတဲ့ အမှန်တရားတွေပါဗျာ ကျနော်အတွက်. တဖတ်သူက နားမလည်တော့လဲ ဘာမှမတက်နိင်ဖူး
2026-09-13 16:31:02
1
myint.myint.than6349
Myint Myint Than :
အမှန်ပဲ ပေါ့ ဟယ်
2026-09-10 11:51:11
1
yi.yi.nwe2
YI YI Nwe :
မှန်တယ်👍👍👍👍👍👍
2026-09-20 15:46:41
1
u.win.naing8767
U Win Naing :
ok
2026-09-11 05:16:26
1
lovemeetingzinma
zinmar :
သိပ်ကိုမှန်တဲ့စကားပါ
2026-09-11 05:07:08
1
user2444561250081
user2444561250081 :
သိပ်ကိုမှန်ပါတယ်
2026-09-19 05:44:50
1
barani9872
Maw 👸💫🍀 :
စာလေးချပေးပါလားရှင်
2026-09-18 07:55:15
1
user957934161
🇲🇲KO HTET🇲🇾 :
🥰🥰🥰
2026-09-08 18:14:26
1
khin.sung
Khin Sung :
👍👍
2026-09-09 13:26:32
1
khunmyoaung284
KHUN MYO AUNG :
✌✌
2026-09-09 14:16:09
1
thethtarnwe845
thethtarnwe845 :
💞🥰💞🥰💞🥰💞
2026-09-21 22:47:45
1
To see more videos from user @khunmyoaung284, please go to the Tikwm homepage.

Other Videos


About